Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 1, 2012

ဘယ်နေ့ အိမ်အသစ် စတင်ဆောက်ရင် ကောင်းမလဲ...

မိတ်ဆွေများခင်ဗျာ...

သင်ဟာ ကိုယ်ပိုင် အိမ်တစ်လုံး ဆောက်မယ် ဆိုရင် ဘယ်နေ့ ဘယ်ရက်မှာ စတင်ပြီး အိမ်ပန္နက်ချမလဲ။ ဘယ်နေ့မှာ စတင်ပြီး ဆောက်သင့်လဲ ဆိုတာကို သိချင်တယ် ဆိုရင်တော့ အကောင်းဆုံး နီးစပ်ရာဗေဒင်ဆရာ တစ်ဦးဦးထံမှာ သွားရောက်ပြီး တိုင်ပင်ဆွေးနွေးလိုက်တာ ကောင်းပါတယ်။ အဲဒါဆိုရင် ပြည့်ပြည့်စုံစုံ ပြောပြဆိုပြပါလိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘဲ အိမ်ဆောက်တာနဲ့ ပါတ်သက်လို့ အလွယ်တကူ ရွေးချယ်ချင်တယ် ၊ ရက်ရာဇာ ပြဿဒါး ရွေးချယ်ရုံလောက်နဲ့ မလုံလောက်ဘူးဆိုရင်တော့ ဒီမြန်မာရိုးရာ ဗေဒင်ပညာ နည်းစနစ် တစ်ခုကို တင်ပြပေးလိုက်ပါတယ်။



တနင်္ဂနွေနေ့သားသမီးများအတွက်

တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက အောင်မြင်စွာပြီးဆုံးခြင်း ရှိမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက ဆင်းရဲမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အဆုံးသတ်အထိ ပြီးစီးအောင်မြင်မည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘတိုးပွားမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲ ကြုံမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက အမှုအခင်းများနှင့် ရင်ဆိုင်ရမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ချစ်ခင်ခင် နေထိုင်ရရမည်။

တနင်္လာနေ့သားသမီးများအတွက်

တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက အောင်မြင်မှု့များရှိမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲခြင်း ဘေးဒုက္ခနှင့် ကြုံတွေ့ရမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက ပြီးဆုံးခြင်းရှိမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘ တိုးပွားမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက ခက်ခဲမှု့များ ရှိမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများ ကြုံမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက ချစ်ချစ်ခင်ခင်နှင့် နေထိုင်သွားကြရမည်။

အင်္ဂါနေသားသမီးများအတွက်

အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်စွာ ပြီးဆုံးမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲခြင်း ရှိမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက ပြီးစီးအောင်မြင်မည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက အမှု့အခင်း ပြဿနာများ ဖြေရှင်းရမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက ချစ်ချစ်ခင်ခင် နေထိုင်ရမည်။

ဗုဒ္ဓဟူးနေ့သားသမီးများအတွက်

ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်စွာ ပြီးဆုံးသွားမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲခြင်းများ ကျရောက်မည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက အချောသတ်ပြီးစီးမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက အမှု့အခင်းများနှင့် ရင်ဆိုင်ရမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက စိတ်ချမ်းမြေ့မည်။ အဆင်ပြေမည်။ ချစ်ချစ်ခင်ခင်နေထိုင်ရမည်။

ကြာသပတေးနေ့ သားသမီးများအတွက်

ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်မည်။ အဆင်ပြေမည်။ စိတ်ချမ်းသာမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲ ၊ ငွေအဖတ်မတင် ၊အကုန်အကျများမည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက ပြီးစီးအောင်မြင်မည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက အခက်အခဲများနှင့် ကြုံမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများနှင့် ကြုံမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ချစ်ခင်ခင် နေထိုင်သွားရမည်။

သောကြာနေ့ သားသမီးများအတွက်

သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်မည်။ အဆင်ပြေချောမွေ့မည်။
စနေနေ့တွင် စတင်ဆောက်လုပ်ပါက ဆင်းရဲမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက ပြီးစီးအောင်မြင်မည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက လာဘ်လာဘပေါကြွယ်ဝမည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ခင်ကြင်နာစွာ နေထိုင်ရမည်။

စနေနေ့ သားသမီးများအတွက်

စနေနေ့တွင် စတင်ဆောက်လုပ်ပါက အောင်မြင်မှု့များ ရရှမည်။
တနင်္ဂနွေနေ့တွင် စတင်တည်ဆောက်ပါက ဆင်းရဲခြင်း ရှိမည်။
တနင်္လာနေ့တွင် စတင်တည်ဆောက်ပါက ပြီးစီးအောင်မြင်မည်။
အင်္ဂါနေ့တွင် စတင်ဆောက်လုပ်ပါက လာဘ်လာဘရစေမည်။
ဗုဒ္ဓဟူးနေ့တွင် စတင်ဆောက်လုပ်ပါက အခက်အခဲများနှင့် ထိပ်တိုက်ရင်ဆိုင်ရမည်။
ကြာသပတေးနေ့တွင် စတင်ဆောက်လုပ်ပါက အမှု့အခင်းများနှင့် ရင်ဆိုင်ရမည်။
သောကြာနေ့တွင် စတင်ဆောက်လုပ်ပါက ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရမည်။

2 comments:

မှတ်သားစရာတွေကိုသေချာမှတ်ခဲ့ပါတယ်
ဗဟုသုတလဲရတယ်

မျှဝေဖို့ ကူးယူသွားပါတယ် ကိုဝေယံရေ ...

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account