Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, July 1, 2012

အမည်သိရုံမျှဖြင့် ကံကောင်းအောင် ဘေးလွတ်အောင် ယတြာချေခြင်း

ဒီယတြာနည်းက မွေးနေ့တွေ မွေးလတွေ မွေးသက္ကရာဇ်တွေ မွေဂဏန်းတွေ လုံးဝ သိစရာမလိုပါဘူး။ အမည်တစ်ခုကို ကြည့်လိုက်တာနဲ့ ဘယ်လို ယတြာချေလို့ ရမလဲဆိုတာကို သိတဲ့နည်း ဖြစ်ပါတယ်။ နောက်ပြီး ထာဝရယတြာလို့တောင် ခေါ်လို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီယတြာနည်း အတိုင်း ဘ၀တစ်သက်တာလုံး အမြဲတမ်း ဆောင်ရွက်သွားလို့ ရလို့ပါ။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် ဘယ်ကာလပဲ ဖြစ်ဖြစ် မကြာခနဆိုသလို ဆောင်ရွက်ပေးခြင်းအားဖြင့် မိမိတို့ရဲ့ ကံဇာတာတွေက မြင့်မားလာမယ်။ တိုးတက်လာမယ်။ အောင်မြင်လာမယ်။ အညံ့တွေ အဆိုးတွေ အခိုက်တွေက ကင်းဝေးလာမယ်။ ကင်းစင်လွင့်ပ လာမယ်။


နောက်တစ်ခု ဒီနေရာလေးကနေ ပြောပြချင်တာကတော့ ကံကောင်းတဲ့လူက ဘာပဲ လုပ်လုပ် အောင်မြင်မယ်။ ကံဇာတာ ညံ့တဲ့ လူကတော့ ဘာပဲလုပ်လုပ် အဆင်မပြေမှု့တွေနဲ့ ရင်ဆိုင်ရတတ်တယ်။ အဲဒီတော့ ဗေဒင်ကို အရမ်းကြီး မှန်နေအောင် မေးနေဖို့ထက် ကိုယ့်ရဲ့ ကံဇာတာကို ကောင်းအောင် ကြိုးစားအားထုပ်စေချင်ပါတယ်။ ကံကောင်းအောင် ဘယ်လို လုပ်မလဲဆိုတော့ ကံဆိုတာ သုံးပါးရှိတယ်။ ကာယကံ - ၀စီက - မနောကံ ရယ်ဆိုပြီး သုံးပါး ရှိတယ်။

ကိုယ်ပြုသမျှကံ ကိုယ့်ဆီပြန် ကိုယ်သာခံရမယ်။ ကောင်းတဲ့ ကံပဲဖြစ်ဖြစ် မကောင်းတဲ့ ကံပဲဖြစ်ဖြစ် ကိုယ့်ကံက ကိုယ်ဆီကို ပြန်လာမှာပါပဲ။ ဒါကို တရားတော်မှာ လှည်းဘီးနဲ့ နွားခြေရာကို ဥပမာပေးထားပါတယ်။ နွားခြေရာကို နောက်က လှည်းဘီးကြီးက စဉ်ဆက်မပြတ် လိုက်နင်းနေသလိုပဲလို့ ဆိုထားပါတယ်။ ဒါကြောင့် ကောင်းတာပဲ လုပ်လုပ် မကောင်းတာပဲ လုပ်လုပ် ကိုယ့်ဆီ ပြန်လာလိမ်မယ်။ ဒါဟာ တရားတော် ဖြစ်တယ်။

ကောင်းပြီ။ ကျွန်တော်တို့ ကံကောင်းအောင် ဘယ်လိုလုပ်မလဲဆိုရင် ကောင်းသော မြတ်သော ကာယကံမှု့ ၀စီကံမှု့ မနောကံမှု့တွေနဲ့ လောကကြီးမှာ ရှင်သန်နိုင်အောင် ကြိုးစားပေါ့။ ကောင်းတဲ့ ကိုယ်အမူအရာတွေ နှုတ်အမူအရာတွေ စိတ်ပိုင်းဆိုင်ရာတွေ ဖြစ်စေချင်တယ်။ စိတ်ကောင်းကောင်းထားပါ။ ဖြူစင်အောင် ထားပါ။ မိမိစိတ်ကို ၀ိသမာလောဘတွေ နဲ့ မညစ်နွမ်းပါစေနဲ့။ နောက် ကြမ်းတမ်းတဲ့ ကိုယ်အမူအရာတွေ မဖြစ်အောင် ဂရုစိုက်ပါ။ ကိုယ့်ရဲ့ ကြမ်းတမ်းတဲ့ ကိုယ်အမူအရာတွေကြောင့် လောကကြီးကို ဂယက်မရိုက်ပါစေနဲ့။ နောက် စိတ်ပိုင်းဆိုင်ရာမှာ မေတ္တာတရားကို အစဉ်မွေးဖွားထားပါ။ အေးချမ်းပါတယ်။

အဲဒီလို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေက ကောင်းနေရင် မိမိရဲ့ ကံဇာတာဆိုတာကလည်း တူညီစွာ ကောင်းလာမှာပါ။ တဖြည်းဖြည်းနဲ့ ဒါဟာ အထုံ(ပါရမီ)ဘက်ကို ကူးပြောင်းသွားလိမ့်မယ်။ ပို၍ ရင့်ကျက်လာလိမ့်မယ်။ တည်ငြိမ်လာလိမ့်မယ်။ အေးချမ်းလာလိမ့်မယ်။ အဲဒီလို အဆင့်ကို ရောက်ပြီးသွားရင် ကံဇာဆိုတာက ဘယ်တော့မှ ဖြစ်ကတက်ဆန်း မဆိုးနိုင်တော့ပါဘူး။ ဒါက စကားလက်ဆောင်ပါ။ ပြောပြချင်တာ က ယတြာအကြောင်းပါ။ ယတြာက နာမည်များကို အကြောင်းပြုပြီး ယတြာချေလို့ ရတဲ့နည်း ဖြစ်တယ်။

အမည်အက္ခရာ ( အ ၊ ဥ ၊ သြ ) နှင့် စသောသူများ

တနင်္ဂနွေဓာတ်ခံ အမည်ပိုင်ရှင်များ ဖြစ်သည်။ ဤအမည်ပိုင်ရှင်များသည် ကျောက်မြေ ၊ မြေပျော့ စသည့် အလှူဒါန ပြုရမည်။ ဆိုလိုသည်မှာ အုတ် သဲ ကျောက် စသည်တို့ လှူရမည်။ လေညှင်းဓာတ် အလှူပြုရမည်ဟု ဆိုလိုရာ ယပ်လှူသင့်သည်။ ရေနောက်အလှူဒါန ပြုရမည်ဖြစ်ပေရာ ဖျောရည် လှူသင့်သည်။ မီးတောက် အလှူဒါနပြုရမည် ဖြစ်ပေရာ မကြာခန ဖယောင်းတိုင် လှူသင့်ပေသည်။

အမည်အက္ခရာ(က-ခ-ဂ-ဃ-င) နှင့် စသောသူများ

အုတ် ၊ သဲ ၊ ကျောက် ၊ မကြာခဏ အလှူဒါနပြုပါ။ မီးတောက်လှူရမည်ဖြစ်သဖြင့် ဖယောင်းတိုင် ထွန်းညှိပူဇော်ပါ။ ဆီးမီးတိုင်လှူခြင်း ၊ သံဃာတော်များကျောင်းတွင် မီးဖိုအလှူဒါန ပြုခြင်း ဆောင်ရွက်ပေးပါ။ ဖျော်ရည်အလှူဒါနကိုလည်း မကြာခန ဆောင်ရွက်ပေးပါ။


အမည်အက္ခရာ ( စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည) နှင့် စသောသူများ

မီးခဲဓာတ်လှူဒါန်းရမည် ဖြစ်ရာ လောင်စာခဲများဖြစ်သော မီးသွေး ၊ မီးလုံးများ မီးချောင်းများ လှူခြင်း အမွှေးတိုင် ပူဇော်ခြင်းများ ပြုနိုင်ပါတယ်။ မြေပျော့လှူရမည် ဖြစ်ရာ လမ်းတလျှောက် မြေဖို့ခြင်း ၊ လမ်းခင်းခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ရေနောက်လှူရမည် ဖြစ်ပေရာ ဖျော်ရည် အအေး လှူဒါန်းခြင်းများ ပြုရပေမည်။ မီးတောက်ဓာတ် ဖယောင်းတိုင်မီးထွန်းညှိ ပူဇော်ခြင်းလည်း ပြုနိုင်ပါတယ်။ မုန်တိုင်းဓာတ် အလှူဒါန ပြုရမည် ဖြစ်ပေရာ ပန်ကာ လေအေးစက်များ လှူဒါန်းနိုင်သည်။

အမည်အက္ခရာ (လ ၊ ၀ ) နှင့် စသူများ

ဗုဒ္ဓဟူးအခံဓာတ် ရှိသူများ ဖြစ်သည်။ မီးခဲဓာတ်ဖြစ်သော အမွှေးတိုင်လှူဒါန်းခြင်း ၊ လောင်စာ တောင့်များ လှူဒါန်းခြင်းများ ပြုပါ။ ကျောက်မြေဓာတ်ဖြစ်သော အုတ်သဲကျောက် လှူဒါန်းခြင်း ပြုပါ။ ရေကြည်ဓာတ်ဖြစ်သော ရေသန့်စက် ရေသန့်ဗူး လှူပါ။ မြေပျော့ဓာတ်ဖြစ်သော မြေကြီး သဲ လှူခြင်းများ ဆောင်ရွက်ပါ။ ဖျော်ရည်အအေးများလည်း လှူဒါန်းနိုင်ပါသည်။

အမည်အက္ခရာ (ယ ၊ ရ ) နှင့် စသောအမည်များ

ရာဟုဓာတ် အခံရှိသူများဟု သတ်မှတ်သည်။ မီးတောက်ဓာတ်ဖြစ်သော ဖယောင်းတိုင်မီး၊ ဆီမီးအလင်းဓာတ် ၊ လှူဒါန်းပါ။ ကျောက်မြေ ၊ မြေပျော့ဖြစ်သော အုပ် ၊ သဲ ကျောက်များ လှူခြင်း ၊ လမ်းတံတားပြင်ဆင်ခြင်း၊ ဒါနပြုပါ။ ရေနောက်ဓာတ်ဖြစ်သော ဖျော်ရည်မျိုးစုံ အလှူဒါန ဆောင်ရွက်ပါ။

အမည်အက္ခရာ ( ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ) စသောအမည်များ

ကြာသပတေး အခံဓာတ်ရှိသော အမည်များဖြစ်သည်။ လေပြည်ဓာတ်ဖြစ်သော ယပ်တောင် အလှူ ၊ လေညှင်းဓာတ်ဖြစ်သော ပန်ကာအလှူဒါနများ ပြုသင့်သည်။ မီးခဲဓာတ်ဖြစ်သော အမွှေးတိုင် အမွှေးတုံးများ ပူဇော်သင့်သည်။ မြေပျော့ဓာတ်ဖြစ်သော လမ်းချိုင့်များမြေဖို့ခြင်း ၊ သဲခင်းခြင်းများ ပြုဆောင်ရွက်ပါ။ ရေနောက်ဓာတ်ဖြစ်သော ဖျော်ရည်ဒါနပြုပါ။

အမည်အက္ခရာ (သ ၊ ဟ) နှင့်စသောအမည်များ

သောကြာအခံဓာတ်ရှိသော အမည်များဖြစ်သည်။ ကျောက်မြေဓာတ်ဖြစ်သော အုတ် ၊ သဲ ၊ ကျောက်စသော အလှူဒါနများ မြေပျော့ဓာတ်ဖြစ်သော သဲခင်းခြင်း ၊ မြေဖို့ခြင်းအလှူဒါနများ ပြုရမည်။ လေပြည်ဓာတ်ဖြစ်သော ယပ်တောင်အလှူဒါန ပြုသင့်သည်။ မီးခဲဓာတ်ဖြစ်သော အမွှေးတိုင်လှူခြင်း ၊ ဘုရားစေတီတွင် ဓာတ်မီးသီး ၊ မီးလုံးထွန်းညှိ့ပူဇော်ခြင်းများ ပြုသင့်သည်။ ရေနောက်ဓာတ်ဖြစ်သော ဖျော်ရည် ၊ အအေး ၊ ကပ်လှူခြင်းများ ပြုသင့်ပါသည်။

အမည်အက္ခရာ ( တ ၊ ထ ၊ ဒ ၊ ဓ ၊ န) နှင့် စသောအမည်များ

စနေဓာတ်အခံရှိသော အမည်များဖြစ်သည်။ မီးခဲဓာတ်ဖြစ်သော အမွှေးတိုင် ၊ အမွှေးတုံးများ ၊ ပူဇော်သင့်သည်။ ရေကြည်ဓာတ်ဖြစ်သော ရေသန့်ဗူးများ ၊ ရေချမ်းစင်များ လှူသင့်သည်။ မီးတောက်ဓာတ်ဖြစ်သော ဖယောင်းတိုင်မီး ဆီးမီး ကပ်လှူပူဇော်သင့်သည်။ လေပြည်ဓာတ်ဖြစ်သော ယပ်အလှူဒါန ပန်ကာအလှူဒါန ပြုသင့်သည်။ ကျောက်မြေဓာတ်ဖြစ်သော အုပ် ၊ သဲ ၊ ကျောက်စသော အလှူဒါနမျိုး ပြုလုပ်သင့်သည်။

ယတြာချေရင် ရနိုင်သော အကျိုးများ

အထက်ပါယတြာကို ပြုလုပ်ဆောင်ရွက်ခြင်းအားဖြင့် အမည်ကြောင့်ဖြစ်ပေါ်လာသော ဆိုးခြင်းညံ့ခြင်းခိုက်ခြင်း နိမ့်ကျခြင်း အစရှိသော မကောင်းသော ဆိုးကျိုးများမှ လွတ်မြောက်စေသည်။ နာမည်ဂုဏ်သတင်း ကျော်ကြား စေသည်။ နာမည်တစ်လုံးနှင့် လုပ်စားနေသူများ အထူးအားထားသင့်သော ယတြာဖြစ်သည်။ လာဘ်လာမများ ပွင့်လန်းစေသည်။ လုပ်ငန်းဆောင် တာများ အောင်မြင်သည်ထက် အောင်မြင်စေပါသည်။ အနုပညာနှင့် ပါတ်သက်သူများ ဆောင်ရွက်အောင်မြင်နိုင်သည်။ ယခု ခေတ်ကာလတွင် ထိုအလှူဒါန ယတြာမျိုးများ လှူတန်း ဆောင်ရွက်ဖို့ လွယ်ကူပါသည်။ နိုင်ငံခြားရောက် မြန်မာလူမျိုးများလည်း မြန်မာနိုင်ငံရှိ မိဘဆွေမျိုး ညီကိုမောင်နှမများကို ငါ့အတွက် ဘာလှူပေးပါ စသည်ဖြင့် ကိုယ်စားလှူတန်းဆောင်ရွက်ခိုင်း၍ ရပါသည်။
(မှတ်ချက် - ဘလော့တန်းပလိပ်မှာ ခနခန ပြောင်းခြင်း မဟုတ်ပါ။ ပြုပြင်ရင်း ပျက်ပျက်သွား၍ အသစ်ပြန်ပြန် လုပ်နေရခြင်းသာ ဖြစ်ပါကြောင်း)

အားလုံး ကံဇာတာမြင့်မားတိုးတက်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်

ခင်မင်လေးစားစွာဖြင့်
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့)
http://www.heintinzaw.com 

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account