Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, February 15, 2013

အဖေ သို့ ငြိမ်းချမ်းရေးဖခင်

 
ဖေဖော်ဝါရီ ၁၃ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာသား။
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ဇာတိဘွား
မိခင် ဒေါ်စုသား။
လွတ်လပ်ရေးအတွက် ကြိုးပမ်းစဉ်
အသက်ပေးခဲ့ပင်။
စိတ်ဓါတ်ခိုင်တဲ့ အဖေ့အား
ကျွန်တော်တို့ မမေ့သား။
ဖေဖော်ဝါရီရောက်တိုင်းအစဉ်
သတိရမြဲပင်။
နှောင်းလူတို့အတွက် ငြိမ်းချမ်းတရား
အဖေ ပေးအပ်သွား။

လင်းယံခ (မြန်မာစာ)
13.2.13 3:43Am
(၉၈နှစ်မြောက် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကို ဂုဏ်ပြုလျက်...)

ချစ်သူများနေ့နဲ့ မင်္ဂလာဦးည အပျော်ဆုံးနေ့အကြောင်း သိကောင်းစရာများ


ဦးဇင်းမနှစ်က မြန်မာပြည်မှာ ချစ်သူများနေ့နဲ့ မင်္ဂလာဦးည အပျော်ဆုံးနေ့အကြောင်းကို တရားပွဲမှာ ဆက်စပ်မိသွားတာနဲ့ ထည့်ဟောခဲ့တာလေးကို အခုချိန်မှာ ရေးသားပေးဖို့ တောင်းဆိုလာတာနဲ့ ဖေဖ၀ါရီ(၁၄)ဟာ ဦးဇင်းမွေးနေ့လည်းဖြစ်တာကြောင့် ဦးဇင်းမွေးနေ့မှာ လူငယ်များ မမှားသင့်တာ မမှားမိအောင်၊ မိဘအုပ်ထိန်းသူများလည်း ကိုယ့်သားသမီးကို ကြိုတင်တားမြစ်နိုင်အောင် ဘ၀ပျက်ခြင်း၊ ကာမေသုမိစ္ဆာစာရကံ ကျုးလွန်ခြင်းများ မဖြစ်ရအောင် အွန်လိုင်းပေါ်မှ သတင်းများယူပြီး ထည့်သင့်တာလေးထည့်ပေးထားပါတယ်။ လက်တစ်ဖက်ကျိုးနေပေမဲ့ ရေးပေးချင်တဲ့ စေတနာက တားမရအောင်ဖြစ်နေလို့ ကျန်တစ်ဖက်နဲ့ သတိပေးစကားလေး မွေးနေ့ကုသိုလ်အဖြစ် ရေးသားပေးလိုက်ပါတယ်။

အသားကင် များတွင် အဏုဇီဝ ပိုးများ ပါဝင်

Photo: အသားကင် များတွင် အဏုဇီဝ ပိုးများ ပါဝင်
________________________________________
အကင်ဆိုင် များတွင်ရောင်းချ လျက်ရှိသော ဘာဘီကျူးများဖြစ်ကြ သည့် ကြက်ဘာဘီကျူး၊ ငါးဘာဘီ ကျူး၊ အမဲသားဘာဘီကျူးတွေမှာ E.coli အများဆုံးပါဝင်ပြီး ၀မ်းပျက် ၀မ်းလျှောရောဂါကို ဖြစ်ပွား စေသည့် Salmonella အုပ်စုများလည်း ပါဝင် နေသည် ကို တွေ့မြင်ရကြောင်း အဏုဇီဝ ပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောဆိုသည်။ “ရန်ကုန်တိုင်းအတွင်းက အကင်ဆိုင် တွေကိုလေ့လာကြည့်တဲ့အခါမှာ အကင်ဆိုင် တွေမှာရောင်းချနေကြတဲ့ ဘာဘီကျူးတွေမှာ အဏုဇီဝပိုးတွေကို တွေ့ရတယ်။

အဲဒါတွေကို စားသောက်တဲ့သူတွေမှာ အစားအစာကြောင့် ဖြစ်တဲ့ရောဂါတွေ ၀င်ရောက်လာတဲ့ အထောက် အထားတွေ တွေ့မြင်ရပါတယ်”ဟု အဆိုပါ အဏုဇီဝပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောသည်။ အဆိုပါဘာဘီကျူးများကို ကိုယ် ခံအားနည်းနေချိန်တွင် စားသုံးမိသူများအနေ ဖြင့် သက်ဆိုင်ရာရောဂါပိုးများ၏ တိုက်ခိုက်မှု ဒဏ်ကိုခံရသည့် သုတေသနပြုချက်များလည်း ရှိသည်ကို တွေ့ရကြောင်း၊ အချို့စားသုံးသူများ မှာ အစားအစာကြောင့်ဖြစ်သောရောဂါများ ဒဏ်ကိုခံစားရကြောင်း အဆိုပါပညာရှင်က ပြောသည်။

ဘာဘီကျူးအချို့တွင် ပါဝင်သော Pseudomonas ပိုးများမှာ နာတာရှည်ရော ဂါသည်တို့ အိပ်ရာထဲလဲနေစဉ်၌ ဖြစ်ပွားတတ် သည့် ကျောနှင့်တင်ပါးဆုံကဲ့သို့နေရာမျိုးများတွင် အနာများ ဖြစ်ပွားသကဲ့သို့ အဆိုပါ Pseudmonas ပိုးများကအနာဖြစ်စေနိုင်ကြောင်း သိရ သည်။ ဘာဘီကျူးများ၌ Shigella ပိုးက အများ ဆုံး ဖြစ်ပြီး ဒုတိယအများဆုံးမှာ E.coli Salmonella တတိယအများဆုံးဖြစ်ပြီးစတုတ္ထ အများဆုံးကတော့ Pseudomonas ပိုးများ ဖြစ်သည်ဟု အဆိုပါ ပညာရှင်က သူမ၏စာ တမ်းတွင်ထည့်သွင်းခဲ့ကြောင်းပြောဆိုသည်။
အကင်ဆိုင် များတွင်ရောင်းချ လျက်ရှိသော ဘာဘီကျူးများဖြစ်ကြ သည့် ကြက်ဘာဘီကျူး၊ ငါးဘာဘီ ကျူး၊ အမဲသားဘာဘီကျူးတွေမှာ E.coli အများဆုံးပါဝင်ပြီး ၀မ်းပျက် ၀မ်းလျှောရောဂါကို ဖြစ်ပွား စေသည့် Salmonella အုပ်စုများလည်း ပါဝင် နေသည် ကို တွေ့မြင်ရကြောင်း အဏုဇီဝ ပညာရှင် ဒေါက်တာစိုးစိုးထွေးက ပြောဆိုသည်။ “ရန်ကုန်တိုင်းအတွင်းက အကင်ဆိုင် တွေကိုလေ့လာကြည့်တဲ့အခါမှာ အကင်ဆိုင် တွေမှာရောင်းချနေကြတဲ့ ဘာဘီကျူးတွေမှာ အဏုဇီဝပိုးတွေကို တွေ့ရတယ်။

ရေနွေးကြမ်း သောက်ခြင်းဖြင့် လေဖြတ် ရော ဂါကို ကာကွယ် ကြစို့

ရေသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ကို ပညာရှင်များက ပြောဆို ထားသည်။

မြန်မာ့ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထားသည့် ရေနွေးကြမ်းသည် ဆေးတစ်ခွက် ဖြစ်သည်ဟု ဆိုလျှင် မှားမည် မထင်ပေ။ ယနေ့ သုတေသန ပြုလုပ်မှု အရ လေဖြတ်မှု အန္တရာယ်ကို ကာကွယ်ရန် အတွက် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့သည်။

အနိရုဒ္ဓ၏ပုဂံ

\အနိရုဒ္ဓ ၊ ဒေ၀တမန်
ငါနန်းစံသည်
ပုဂံမည်သော နေပြည်တော်။

မှတ်တိုင်

ဘဝမှာ မျှော်လင့်ချက်ဆိုတာ မလိုချင်ဘူး။
ခံစားချက်နဲ့ အသက်ဆက်မယ်။
နှလုံးသားဆိုတာ အလကားထားဖို့မှမဟုတ်ဘဲ။
တစ်ကြိမ်တစ်ခါတော့ နားခိုခွင့် ပေးရမှာပေါ့။
အညာမိသွားတဲ့ နှလုံးသားက နောက်လူလာရင် ကြောက်နေမယ်။
ဘာမှဂရုစိုက်စရာမလိုဘူး။
နောက်ကားလာနေပြီ ဆွဲတော့ ဆရာရေ...
စပါယာတစ်ယောက်ရဲ့စကား ငါ့နားထဲကြားယောင်ခဲ့။
နှလုံးသားဆိုတာ ခေတ္တရပ်နားလို့ရတဲ့ မှတ်တိုင်များလား????

လင်းယံခ မြန်မာစာ
15.2.2013 1:39Am

ခေါင်းစဉ်မတပ်နဲ့...

ဘာမှမရှိတဲ့ ငါ့ဘဝမှာ တောင့်တခွင့်တော့ ရှိပါရဲ့...
ကဗျာတစ်ပုဒ် ရေးပြီးခါမှ ပြန်ဖျက်ရအောင် ဖတ်တာက ငါတစ်ယောက်တည်း...
ငါ့နှလုံးသားကို မင်းဝင်လာမယ်ဆိုပြော
အဝမှာ ခြူချိတ်ထားပေးမယ်...
ပြန်ထွက်မယ်ဆိုရင်တော့ မပြောခဲ့ပါနဲ့
ငါ့နှလုံးသားက အိပ်နေလို့ပါ...
ကောင်းကင်က ကြယ်စုံပေမယ့်
ငါ့နှလုံးသားက မသာယာနိုင်ဘူး...
ဆင်းရဲသားတစ်ယောက်ရဲ့ မနက်ဖြန်များစွာဟာ
မွန်းကြပ်စရာတွေ အပြည့်နဲ့ပါ...
ကြိုပြောထားမယ်...
ငါ့ကဗျာကို ခေါင်းစဉ်မတပ်နဲ့...

လင်းယံခ
15.2.13 2:10Am

မင်းနဲ့ဝေးရာ

အိပ်မရတဲ့ညတွေမှာ အတွေးကများစွာ
ငါရေးလိုက်တဲ့ကဗျာတွေက အလွမ်းကဗျာ
ချစ်သူမရှိသူတစ်ယောက်မှာ 

ဘာလို့အလွမ်းဆိုတာ ရှိနေရတာလဲ
ငါ့ငါ့နှလုံးသားက မခံနိုင်ဘူး
အပေအတေတစ်ယောက်ရဲ့ဘဝမှာ
မင်းဘဝကို ဘာလို့ပုံအပ်ရတာလဲ...
ငါတာဝန်မယူနိုင်ဘူး
ရှေ့လျှောက်ရမယ့် မနက်ဖြန်များစွာအတွက် 

ငါအားမွေးရဦးမယ်...
အဆင့်အတန်း ဂုဏ်ပကာသနတွေ 

ခွဲခြားလွန်းတဲ့ ဒီလောကကြီးမှာ 
ငါနဲ့ မပတ်သက်ချင်စမ်းနဲ့ကွာ...
ငါ့ဘဝက ခါးသီးမှုများစွာ...
ဆက်လျှောက်လှမ်းမယ် မင်းနဲ့ဝေးရာ...

လင်းယံခ
15.2.13 2:22Am

ကြက်ပုံပြင်

 Photo: အပျိုလေး အတွေး /အပျိုကြီးအတွေး /လူပျိုလေးအတွေး /လူပျိုကြီးအတွေး

ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါဗျို့ ဒီစာတပုဒ်နဲ့ တင်

အကြည်တော်ကိုတော်တော်ကြိုက်သွားတာ ...
သူငယ်ချင်းတို့ ဆိုရင်ကော ဘယ်လိုတွေးကြမလဲဆိုတာသိချင်တယ်



( ကြက်ပုံပြင် )
========
အခန်း - ၁

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။

ဒါကိုမြင်သော

အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။

အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။

လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။

လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊
တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော် ချင် မယားငယ်ထား၊
တစ် သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။
အင်း ..ကြက်ဖခမျာ တစ်သက်လုံး ပျော် ချင်လို့နဲ့ တူပါတယ်။င်္

အခန်း - ၂

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။

အပျိုလေးအတွေး – အင်း- ကြက်မကိုလိုက်ဖို့ကြက်ဖတစ်ကောင် တော့ ထပ်ရှာရဦးမှာပဲ။

အပျိုကြီးအတွေး – ရှေ့မ ကြည့် နောက်မကြည့်လိုက်တာကိုး။
သေတာတောင်နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။

လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ် သက်လုံးနေရခက်ပြီ။င်္

အခန်း - ၃

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။

ကံဆိုးစွာပင် ပြေးနေသောနှစ် ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။

အပျိုလေးအတွေး – အစက တည်းက ကြက်ဖမီအောင်လိုက်သင့် တယ်။

အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။

လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့် တယ်။

လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္

အခန်း - ၎

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။

ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း

လူတွေက မျိုးစုံ တွေး မျိုးစုံပြောနေကြလေသည်။

(အကြည်တော်)

Moe Thu
Myanmar News Update
အပျိုလေး အတွေး /အပျိုကြီးအတွေး /လူပျိုလေးအတွေး /လူပျိုကြီးအတွေး

ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါဗျို့ ဒီစာတပုဒ်နဲ့ တင်

အကြည်တော်ကိုတော်တော်ကြိုက်သွားတာ ...
သူငယ်ချင်းတို့ ဆိုရင်ကော ဘယ်လိုတွေးကြမလဲဆိုတာသိချင်တယ်

ကမ္ဘာဆုံးတိုင် တည်ရှိနိုင်သော သစ်ပင်ကြီး ( ၇ ) ပင်

Photo: ကမ္ဘာဆုံးတိုင် တည်ရှိနိုင်သော သစ်ပင်ကြီး ( ၇ ) ပင်
၁။ ဤဇမ္ဗူဒိပ်ကျွန်းတွင် တည်ရှိသော ဇမ္ဗူသပြေပင်၊ 
၂။ အနောက်ကျွန်း၌ တည်ရှိသောထိန်ပင်၊
၃။ မြောက်ကျွန်း၌ တည်ရှိသော ပဒေသာပင်၊ 
၎။ အရှေ့ကျွန်း၌ တည်ရှိသော ကုက္ကိုပင်၊
၅။ အသုရာနတ်ပြည်၌ တည်ရှိသော သခွပ်ပင်၊ 
၆။ ဂဠုန်တို့နေရာ၌ တည်ရှိသော လက်ပံပင်၊ 
၇။ နတ်ပြည်၌ တည်ရှိသော ပင်လယ်ကသစ်ပင်။ 
(အံ၊ဋ္ဌ၊၁။၃၇၇။)

လိမ္မာယဉ်ကျေးပညာပေးသင်တန်းကျောင်း
၁။ ဤဇမ္ဗူဒိပ်ကျွန်းတွင် တည်ရှိသော ဇမ္ဗူသပြေပင်၊
၂။ အနောက်ကျွန်း၌ တည်ရှိသောထိန်ပင်၊
၃။ မြောက်ကျွန်း၌ တည်ရှိသော ပဒေသာပင်၊

ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt )

Photo: ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt )

ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt ) သည် Austria နိုင်ငံ Werfen မှာ
တည်ရှိပါတယ်။ ဂျာမန်တွေကတော့ ဒီနေရာကို ရေခဲဘီလူးများကမ္ဘာလို့ခေါ်ကြပါတယ်။
42 ကီလိုမီတာ ရှိပြီး Hochkogel တောင်အထဲမှာတည်ရှိတာပါ။

ဒီလှိုဏ်ဂူဟာ သဘာဝထုံးကျောက်ရေခဲလှိုဏ်ဂူ အမျိုးအစားပါ။
ဒီလှိုဏ်ဂူကို တစ်နှစ်ပတ်လုံး ဖွင့်ပေးထားပြီး တစ်နှစ်တစ်နှစ်ကို ခရီးသွား 200,000 လောက်
လာလည်တက်ပါတယ်။ဒါပေမယ့်သူငယ်ချင်းတို့သွားလည်မယ်ဆိုရင်
အ၀င်ဧရိယာ အနည်းငယ်လောက် ပဲ လည်နီုင်မှာပါ။ အေးတာကိုး...
ပြီးတော့ ရှေ့မှာရေခဲထုတွေလည်း ခံနေပါတယ်။ 
ပုံမှာပြထားတဲံအတိုင်းအဲဒီနေရာကို သွားရောက်ရမဲ့ တောင်ပေါ်လမ်းလေးပါ။

ထူးထူးဆန်းဆန်း
ကမ္ဘာ့အကြီးဆုံးရေခဲလှိုဏ်ဂူ ( Eisriesenwelt ) သည် Austria နိုင်ငံ Werfen မှာ
တည်ရှိပါတယ်။ ဂျာမန်တွေကတော့ ဒီနေရာကို ရေခဲဘီလူးများကမ္ဘာလို့ခေါ်ကြပါတယ်။
42 ကီလိုမီတာ ရှိပြီး Hochkogel တောင်အထဲမှာတည်ရှိတာပါ။

အပ္ပမာဒတရား

Photo: “အပ္ပမာဒတရား”
••••••••••••••
တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည်
မြတ်စွာဘုရားအား . .
“အရှင်င်ဘုရား - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိပါသလော” ဟု ဤစကားကို လျှောက်၏၊

မင်းကြီး - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိသည်သာလျှင်တည်း ဟု (မိန့်တော်မူ၏)။

အရှင်ဘုရား - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသော အကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် အဘယ်ပါနည်း ဟု (ဤသို့လျှောက်၏)၊

မင်းကြီး - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားဟူသည် မမေ့လျော့မှု “အပ္ပမာဒတရား” ပင်တည်း။

မင်းကြီး - ဥပမာသော်ကား . .
ကုန်းသတ္တဝါတို့၏ ခြေရာဟူသမျှ အားလုံးတို့သည် ဆင်ခြေရာ၌ ပေါင်းစုခြင်းသို့ ရောက်ကုန်၏၊
ဆင်ခြေရာကို ကြီးသည်၏အဖြစ်ကြောင့် ထိုကုန်းသတ္တဝါတို့၏ ခြေရာတို့ထက် လွန်ကဲ၏ ဟူ၍ ပြောကြားအပ်သကဲ့သို့ . .

မင်းကြီး - ဤအတူသာလျှင် မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုးဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍တည်သော တစ်ခုသော တရားဟူသည်
မမေ့မလျော့မှု “အပ္ပမာဒတရား” ပင်တည်း ဟု (မိန့်တော်မူ၏)။

မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏။

• အသက်ရှည်ခြင်းကို လည်းကောင်း၊
• ရောဂါမရှိခြင်းကို လည်းကောင်း၊
• အဆင်းလှခြင်းကို လည်းကောင်း၊
• နတ်ပြည်ကို လည်းကောင်း၊
• အမျိုးမြတ်ခြင်းကို လည်းကောင်း၊
• မွေ့လျော်ခြင်းတို့ကို လည်းကောင်း
အဆင့်ဆင့် အမြတ်တို့ကို တောင့်တသောသူသည် (မမေ့မလျော့ ပြုအပ်၏)။

ပညာရှိတို့သည် ကုသိုလ်ပြုရာ ပုညကိရိယာဝတ္ထုတို့၌ မမေ့မလျော့ခြင်းကို ချီးမွမ်းကုန်၏၊
မမေ့မလျော့သော ပညာရှိသည် အကျိုးနှစ်ပါးတို့ကို သိမ်းယူနိုင်၏၊ မျက်မှောက်ဘဝ၌ ခံစားရသော အကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးကို ရခြင်းကြောင့် ပညာရှိသော သူကို “ပဏ္ဍိတ” ဟူ၍ ဆိုအပ်၏ ဟု (မိန့်တော်မူ၏)။

( သဂါထာဝဂ္ဂသံယုတ်ပါဠိတော်၊ ဒုတိယ၀ဂ်၊ အပ္ပမာဒသုတ် )
3 Treasures: Buddha, Dhamma & Sangha
တစ်ခုသော နေရာ၌ ထိုင်ပြီးသော ပသေနဒီကောသလမင်းသည်
မြတ်စွာဘုရားအား . .
“အရှင်ဘုရား - မျက်မှောက်ဘဝ၌ ခံစားရသောအကျိုး၊ တမလွန်ဘဝ၌ ခံစားရသောအကျိုး ဟူသော အကျိုးနှစ်ပါးတို့ကို သိမ်းကျုံးယူ၍ တည်သော တစ်ခုသော တရားသည် ရှိပါသလော” ဟု ဤစကားကို လျှောက်၏၊

Related Posts Plugin for WordPress, Blogger...

My Account