Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ဗေဒင်. Show all posts
Showing posts with label ဗေဒင်. Show all posts

Monday, April 8, 2013

၂၀၁၃-ခု၊ ဧပြီလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း


 တနင်္ဂနွေသားသမီးများအတွက်
ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပါတူ ရှယ်ရာ အလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရ တတ်ပါတယ်။ ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်း နေမယ့် ရက်မျိုး ဖြစ်ပါတယ်။
ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်း တချို့လည်း ကြားရတတ်ပါတယ်။ အထည် ၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ်ခေါင်းစား ရတတ်ပါတယ်။
ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။ ထီထိုးမယ်ဆိုရင်  (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။
ယတြာ....
ညံ့တာတွေပြေပျောက်၊ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သံဃာတော်များကို ဆပ်ပြာမွှေးရှစ်ခု ကပ်လှူပါ။

Wednesday, March 6, 2013

၂၀၁၃-ခု၊ မတ်လအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း


အခုတလော အလုပ်ကလည်း ရှုပ်၊ စိတ်တွေကလည်း ရှုပ်နေတာမို့ ကျွန်တော့်ရဲ့ blog လေးဘက်ကို မလှည့်ဖြစ်ပါဘူးဗျာ...
ထုံးစံအတိုင်းဘဲ လကုန်ပြီဆိုတော့ ဗေဒင်လာပြီပေါ့ဗျာ... နည်းနည်း နောက်ကျသွားတာတော့ ခွင့်လွှတ်ပါဗျာ...
ဆရာဟိန်းတင့်ဇော်ရဲ့ ဟောစာတမ်းကို ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်

အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ(နည်းပညာ)

Friday, February 1, 2013

၂၀၁၃-ခု၊ ဖေဖော်ဝါရီလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

ခရီးတိုခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူး စေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခု သင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာ သတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရ တတ်သည်။

Tuesday, January 1, 2013

၂၀၁၃-ခု၊ ဇန်န၀ါရီလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ခြင်းတွေရရှိကြပါစေ...
 
တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေများနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။

Friday, December 14, 2012

၂၀၁၃-ခုနှစ်အတွက် (၇)ရက်သားသမီး ဟောစာတမ်းစာအုပ်များ



ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - တနင်္ဂနွေသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER




ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - တနင်္လာသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - အင်္ဂါသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - ဗုဒ္ဓဟူးသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - ကြာသပတေးသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - သောကြာသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER


ဆရာအမည် - ဆရာဇင်ယော်နီ
စာအုပ်အမည် - ၀ိဇ္ဇာမျက်လုံးတားရော့ဟောကိန်းများ
နေ့သား - စနေသားသမီးများအတွက်
ဒေါင်းလော့ - MEDIAFIRE
အွန်လိုင်းတွင်ဖတ်ရန် - GOOGLE READER

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော် (ထိုင်းနိုင်ငံ၊မဟာချိုင်မြို့)

Sunday, December 2, 2012

၂၀၁၂-ခု၊ ဒီဇင်ဘာလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း



တနင်္ဂနွေသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။ မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။ ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန်လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ

Sunday, November 4, 2012

နိုဝင်ဘာလအတွက် ဟောစာတမ်း (ဆရာ အောင်ငြိမ်းမြတ်)

ဆရာကြီး မင်းသိင်္ခ-၏ တပည့်ရင်း
ဆန်းဗေဒင် အင်္ဂ၀ိဇ္ဖာ လက္ခဏာ ပညာရှင်
ဆရာ အောင်ငြိမ်းမြတ်-၏
ခုနစ်ရက် သား-သမီးများအတွက် လစဉ် ဟောစာတမ်း
( နိုဝင်ဘာလ ၂၀၁၀ )

( တနင်္လာ )
မိတ်ဆွေ ဒီလထဲမှာ လာဘ်လာဘ ရွှင်မယ်။ မျက်နှာပွင့်မယ်။ မိတ်ဆွေတို့ရဲ့ ကူညီမှု စောင့်ရှောက်မှု ခံရတတ်တယ်။ သားသမီးသော်၎င်း၊ အောက်လက်ငယ်သားသော်၎င်း သူတို့အတွက် စိတ်သောက ရောက်ရတတ်တယ်။

Tuesday, October 2, 2012

၂၀၁၂ခုနှစ် အောက်တိုဘာလအတွက် ဟောစာတမ်း


တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာငွေကံ တအားကောင်းနေမယ်။ နာမည်ဂုဏ်သတင်း တက်စရာတွေလည်း ကြုံမယ်။ နိုင်ငံခြားခရီး၊ လူမျိုးခြားနဲ့ ပတ်သက်တဲ့ အလုပ်တွေ အကျိုးပေးအောင်မြင်မယ်။ ၂၇- အတွဲလိုက်ပူးပြီးတော့ စတဲ့ ထီလက်မှတ်တွေ ထိုးသင့်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ ကား၊ ကွန်ပြူတာ၊ ကျောက်၊ ကင်မရာလုပ်ငန်းများ၊ တိုးချဲ့သင့်တဲ့ အချိန်ဖြစ်ပါတယ်။ မိသားစုထဲမှာ အလှူပွဲ မင်္ဂလာပွဲတွေ ကြုံရတတ် ပါတယ်။ အဲဒိနေ့မှာ ထီဖိထိုးသင့်ပါတယ်။ စပ်တူ စာချုပ်ကိစ္စ တွေမှာတော့ မရေမရာ ဖြစ်တတ် ပါတယ်။ မြေကိစ္စ၊ အမွေကိစ္စ၊ ဖုန်းကိစ္စများကိုတော့ ခေတ္တဆိုင်းငံ့ ထားသင့်တဲ့အချိန်ပါပဲ။ ဘာမဆို နှစ်မျိုးနှစ်ခု ကြုံနိုင်ပါတယ်။ အာရုံကြော၊ ၀မ်းဗိုက်၊ ဆီး၊ မျက်စိရောဂါများ ဂရုစိုက်ရမယ့် ကာလဖြစ်ပါတယ်။

Thursday, September 27, 2012

သင့်ဖူးစာရှင် မှန်ရဲ့လား တွက်ကြည့်ရအောင်..

ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့
ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ကဲအစမ်းလေးလုပ်ကြည့်
ရအောင်။ သင်က ၁၃.၁.၁၉၉၁ သင့်ချစ်သူက ၄.၄.၁၉၉ဝ ဆိုပါစို့။

Sunday, September 2, 2012

၂၀၁၂ - ခု စက်တင်ဘာလအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း



    ဒီလအတွက် ဟောစာတမ်းကို ဆရာဟိန်းတင့်ဇော် မဟာချိုင်မှ ဟောပြောပေးထားပါတယ်။ ကျွန်တော်ရဲ့ သူငယ်ချင်းများ အမြန် ဖတ်နိုင်အောင်လို့ ဖုန်းနဲ့ကို တင်ပေးလိုက်တာပါ...

တနင်္ဂနွေသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက် အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံ ရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော် ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေ၀င်လျှင် ကြာသပတေးနံ တစ်ခုခု ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သော ပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။

Saturday, August 4, 2012

၂၀၁၂ - ခု သြဂုတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

သြဂုတ်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်းကို တင်ပေးလိုက်ပါတယ်။ နည်းနည်းတောင် နောက်ကျနေတယ်။ အမှန်က တစ်လစာ ဟောစာတမ်းဆိုတာ လမကုန်ခင် (၅) ရက်လောက် အလိုကတည်းက တင်ထားရမှာ။ အခုတော့ လကုန်ပြီးမှ တင်ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သီးခံခွင့်လွှတ်ကြပါကုန်။  အားလုံးကို ကျေးဇူးတင်ပါတယ်။

Thursday, August 2, 2012

ရရက်သားသမီးများအတွက် ဗေဒင် (1.8.2012 - 7.8.2012)

ဒေါက်တာ ထွန်းလင်း(ဘုတလင်)
by Myit Makha Mediagroup on 2 Aug, 2012





တနင်္ဂနွေ
မမျှော်လင့်သောအရာတွေဖြစ်ပေါ်လာမည်။ အထင်လွဲမှားမှုတွေဖြစ်မည်။ အတိုက်အခံတွေကြုံမည်။ ရုတ်တရက်ခရီးများထွက်ဖြစ်မည်။ ရွှေ၊ စက်တို့ ၀င်မည်။ ထွက်မည်။ စီးပွားစပ်တူရှယ်ယာများခွဲထွက်မည်။

Sunday, July 1, 2012

၂၀၁၂ - ခု ဇူလိုင်လအတွက် တစ်လစာ ကံကြမ္မာဟောစာတမ်း

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ ထွက်နေ၊ ဆုံးရှုံးနေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အခွင့်အရေးတွေ ပြန်ရတတ်ပါတယ်။ လုပ်ငန်းဟောင်း နေရာဟောင်း၊ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့လည်း ပြန်လည် ဆုံဆည်းရတတ်ပါတယ်။ ပြဿနာဟောင်း၊ ရောဂါဟောင်းတွေ ပြန်ပေါ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။

Thursday, June 14, 2012

စားသောက်ဆိုင်တွေအတွက် ရှောင်သင့်သောအရောင်

တစ်နေ့သ၌ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်တည်းထိုင်၍ မိုးအေးအေးဖြင့်ထိုင်ကာ စာအုပ်တစ်အုပ်ကို ဇိမ်နှင့်ထိုင်ကာ ဖတ်နေမိလေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်၏ လက်ကိုင်ဖုန်းသံ မြည်လာသောကြောင့် ဖုံးကိုကိုင်၍ ကြည့်လိုက်လေရာ ကျွန်ပ်၏ မိတ်ရင်းဆွေရင်းတစ်ဦး ဖြစ်သူ ပွဲစားမင်းသူ ဖြစ်နေလေ၏။

Friday, June 1, 2012

၂၀၁၂-ခုနှစ် ဇွန်လအတွက် ကံကြမ္မာဟောဟာတမ်း

တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ အဆင်မပြေလွဲချော်မှု့တွေ များနေမယ်။ ဟိုဟာလုပ်ရတော့မလိုလို ၊ဒီဟာလုပ်ရတော့မလိုလိုနဲ့ အချိန်ကုန်နေတတ်ပါတယ်။

Tuesday, May 8, 2012

၂၀၁၂ခုနှစ် မေလ အတွက် ဗေဒင် ဟောစာတမ်း

ဒီလအတွက်ဟောစာတမ်းကတော့ ဆရာမျိုးဟန်ကို၏ ဟောပြောချက် ဖြစ်ပါတယ်.. ဆရာဟိန်းတင့်ဇော် ခရီးသွားနေသောကြောင့် တင်တာနောက်ကျသွားပါတယ်...

အားလုံးကိုခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Saturday, April 21, 2012

(၂၀၁၂)-ခု ၊ဧပြီလအတွက် - ကံကြမ္မာ ဟောစာတမ်း (၁၆-ရက်မှ လကုန်ထိ)

ဆရာဟိန်းတင့်ဇော် ခရီးသွားနေပါသဖြင့် ပို့စ်နောက်ကျသွားပါတယ်ဗျာ....
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

၁၃၇၄-ခုနှစ် ကံပွင့် လာဘ်ပွင့်စေရန် အဓိဋ္ဌာန်လမ်းညွန်

အခုဆိုရင် ၁၃၇၃ ဆိုသော နှစ်ဟောင်းတစ်နှစ်ကုန်ဆုံး၍ ၁၃၇၄ ခုနှစ်ဟု ဆိုအပ်သော နှစ်သစ်တစ်ခုကို မကြာခင် ကူးပြောင်းတော့မည် ဖြစ်ပါတယ်။ ခေတ္တခနတာမျှ နားထားခဲ့ရသော စီးပွားရေးကိစ္စ လူမှု့ရေးကိစ္စ ၊ အစရှိသော နေတဓူဝ ကိစ္စများကလည်း ပြန်လည်အသက်ဝင် လှုပ်ရှားလာတော့မှာ ဖြစ်ပါတယ်။ ဘယ်တော့ အနားရမှာလဲ ဆိုတော့ သေတော့မှပဲ နားရတော့မယ့် တာဝန်တွေ ၀တ္တရားတွေ မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် နှစ်ဟောင်းတစ်နှစ်ဟာ နှုတ်ဆက်လက်ပြပြီး ကျန်နေခဲ့ပါပြီ။

မြို့ဝင်ဆိုင်းဘုတ်လေးတစ်ခုလို တစ်ဘက်က နှုတ်ခွန်းဆက်သပါ၏။ ကျန်တစ်ဖက်ကတော့ လှိုက်လှဲပြူငှာစွာ ကြိုဆိုပါ၏ ဆိုသလိုပါပဲ။ နှစ်ဟောင်းတစ်နှစ်ကတော့ မိမိတို့ အားလုံးကို နှုတ်ခွန်းဆက်သလိုက်ပါပြီ။ လာမည့် နှစ်သစ်တစ်ခုက လှိုက်လှဲပြုငှာစွာ ကြိုဆိုနေါပြီ။ ထားခဲ့တဲ့ နှစ်ဟောင်းအတွင်းမှာ ထင်သလောက် ခရီးပေါက်ခဲ့ သူများလည်း ရှိပါတယ်။ ကြိုးစားသလောက် အောင်မြင်ခဲ့သူများလည်း ရှိပါတယ်။ အဲဒီလိုပါပဲ အရှုံးပေါ်ခဲ့တဲ့ သူတွေ၊ ကျရှုံးခဲ့တဲ့ သူတွေ၊ ဘာလုပ်လုပ်အဆင်မပြေခဲ့တဲ့ သူတွေ လည်း ရှိခဲ့ကြပါတယ်။

ပြောချင်တာက ထားခဲ့လိုက်ပါ။ ပြန်ယူခဲ့လို့လည်း ရေခဲတုန်းကို အရုပ်ထုနေသလိုပါပဲ။ ရှေ့ကနေထုနေရင်းနဲ့ နောက်ကနေ အလိုလိုနေရင်း ပြိုကျလိုက်နေမှာပဲ မဟုတ်လား။ ဒါကြောင့် အားလုံးကို အကြံပြုချင်တာက နှစ်ဟောင်းနဲ့ အတူ ထားခဲ့လိုက်ပါ။ အခုလို နှစ်သစ်ကူး အခါသမယမှာ လာမည့်နှစ်သစ်အတွက် ဒီနေရာလေးကနေ အဓိဋ္ဌာန်တစ်ခု လက်ဆောင်ပေးလိုက်ပါတယ်။ ပွင့်လန်းခြင်း၊ အောင်မြင်ခြင်းကို အလိုရှိကြကုန်သော (၇) ရက်သားသမီးများအားလုံး အတွက် ဖြစ်ပါတယ်။

န မော တ ဿ ဘ ဂ ၀ တော အ ရ ဟ တော သ မ္မာ သ မ္ဗု ဒ္ဓ ဿ

အထက်ပါ နမောတဿ ဘုရားရှိခိုးဂါထာတော်ကို ပုတီးစိပ်ပါ။(န) ဆိုပြီး တစ်လုံးချ။ (မော) တစ်လုံးချ။ စသည်ဖြင့် အက္ခရာတစ်လုံးကို ပုတီးတစ်လုံးချပြီး စိပ်သွားရပါ့မယ်။ စုစုပေါင်း အားလုံး(၁၈)လုံး ရှိပါတယ်။ (၁၀၈) လုံး ပုတီးနဲ့ စိပ်ပါ။ နောက်ဆုံး ပုတီးလုံးအပိုအလို မရှိ ပြီးရပါ့မယ်။ ပုတီးပတ်ရေကတော့ မိမိတို့ အဆင်ပြေသလို စိပ်ပါ။

ဒါကြောင့် နောက်ဆုံးအနေနဲ့ စကားလေးတစ်ခွန်း လက်ဆောင်ပေးလိုက်ပါတယ်။
ဘာမှ စိတ်ပူမနေကြပါနဲ့။ နောက်ဆုံးတော့လည်း တစ်နည်းမဟုတ် တစ်နည်းနဲ့ အဆင်ပြေသွားမှာပါလို့...

ဆရာဟိန်းတင့်ဇော် မဟာချိုင်

Monday, April 2, 2012

အမျိုးသမီးများတွင် ထင်ရှားသောမှဲ့ (၇)မျိုး

တစ်နေ့သ၌ ကျွန်ုပ်သည် တစ်စုံတစ်ခုသော ကိုယ်ရေးကိုယ်တာ ပြဿနာအနည်းငယ်ကြောင့် မဟာချိုင်နေ၀စ်ရှိ ကျွန်ုပ်၏အခန်းနှင့် မနီးမဝေးတွင်ရှိသော ၀ပ်ခုပ်ဟုမည်တွင်သော ဘုရားသို့ ထွက်လာခဲ့၏။ ၀ပ်ခုပ်ဘုန်းကြီး ကျောင်းသည် ချောင်းကမ်းပါးဘေးတွင် ရှိလေ၏။ ထိုချောင်းကမ်းဘေးနားတွင် ထိုင်ခုံကလေးများလည်း ချထားလေ၏။ လှမ်းကြည့်လိုက်သောအခါတွင် ချောင်းလေးထဲတွင် ဗေဒင်ပန်းများသည် ဦးတည်ရာမဲ့ မျောပါနေလေ၏။ ကျွန်ုပ်၏ စိတ်အစဉ်သည်လည်း ဥိးတည်ရာမဲ့ မျှောပါနေသော ဗေဒါပန်းများကဲ့သို့ ဟိုမှဒီမှ လွင့်မျောနေလေတော့၏။

ကျွန်ုပ်သည် ချောင်းကမ်းလေးဘေးနားတွင် ထိုင်နေရင်းနှင့် ပါးစပ်ထဲတွင် ခံတွင်းချဉ်လာသောကြောင့် အသင့်ပါလာသော KRONG THIP ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုပ်ယူ၍ အားရပါးရ မီးညှိရှိုက်ဖွာ လိုက်၏။ ထို့နောက် ပါးစပ်ထဲမှ ထွက်လာသော မီးခိုးများကို ကောင်းကင်ပေါ်သို့ မှုတ်ထုပ်လိုက်ရင်း ကောင်းကင်ကို အမှတ်မထင် မော့ကြည့်လိုက်မိလေ၏။ ကမ်းနဘေး ဓာတ်တိုင်ပေါ်တွင် ငှက်ကလေးနှစ်ကောင်သည် တစ်ကောင်နှင့် တစ်ကောင် ကြည်စယ်နေကြလေ၏။ ကမ်းနဘေး ပန်းပင်လေးများပေါ်တွင်လည်း လိပ်ပြာလေးများသည် ဟိုမှဒီမှ ပြန်ဝဲနေလေ၏။ လောကကြီးသည် ပကတိ တိပ်ဆိတ်နေ၏။

ကျွန်ုပ်သည် ဆေးလိပ်များကို တစ်လိပ်ပြီးတစ်လိပ် မီးညှိရိုက်ဖွာနေမိ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ နောက်ကွယ်မှ ဆရာ တစ်ယောက်တည်းလားဟူသော အသံကို ကြားသဖြင့် လှည့်ကြည့်လိုက်ရာ ကျွန်ုပ်ထံတွင် ဗေဒင်မေးဘူးသော မှဲ့ကြီးနှင့် အမျိုးသမီးကို တွေ့လိုက်ရလေ၏။ သူမ၏ အမည်ရင်းမှာ မ၀ါဝါဟူ၍ ဖြစ်လေ၏။ သို့သော် သူမ၏ ညာဘက်အောက်မျက်ခမ်းတွင် လက်သဲခွံခန့် မှဲ့နက်ကြီးတစ်လုံး ထင်းထင်းကြီး ရှိနေသောကြောင့် ကျွန်ုပ်သည် ထိုမှဲ့နက်ကြီးကို မှတ်ထားခြင်းဖြစ်လေ၏။

ဆရာ ကမ်းနဖူးမှာ တစ်ယောက်တည်း ဘာတွေလာဆွေးနေတာလဲ။ ဧကန္တ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးကို လွမ်းနေတာမဟုတ်လားဟု မေးရင်း ကျွန်ုပ်နှင့် မလှမ်းမကမ်းတွင် ထိုင်လေတော့၏။ ထိုအခါ ကျွန်ုပ်က မ၀ါရယ် ခင်ဗျား ထိုင်ချင်ရင် ဟိုးခပ်ဝေးဝေးမှာ သွားထိုင်ပါ။ တော်ကြာ ခင်ဗျားနဲ့ ပါတ်သက်တဲ့ တစ်ယောက်ယောက်က မြင်သွားရင် အထင်လွဲနေပါ့ဦးမယ်ဟု ကျွန်ုပ်က ပြန်ပြောလိုက်လေရာ မ၀ါက ဆရာရယ် အခု ပါတ်သက်တဲ့လူလည်း မရှိတော့ပါဘူး။ ဟိုတလောကမှ သူ အိမ်ပေါ်က ဆင်းသွားတာလေ။ ကျွန်မလည်း ယောက်ျားတွေကို စိတ်နာလို့ ပြန်မရှာတော့ဘူး။ အခုလောလောဆယ်တော့ ကျွန်မ တစ်ယာက်တည်းပဲ နေတယ်။ အဲဒီတော့ ကျွန်မကလည်း တစ်ယောက်တည်းသမား ဆရာကလည်း တစ်ယောက်တည်းသမားဆိုတော့ နှစ်ယောက်ပေါင်း ဘ၀တစ်ခု တည်ဆောက်လိုက်ရရင် မကောင်းဘူးလား ဟု ပြန်၍ နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က...

မ၀ါရယ် ခင်ဗျားမလည်း ယောက်ျားတွေကို စိတ်နာတယ် စိတ်နာတယ်နဲ့ အခု လင်ယူတာ ဘယ်နှစ်ယောက် တောင်၇ှိပြီလဲဟု မေးလိုက်လေရာ မ၀ါက အာ...ဆရာကလည်း အခုမှ လေးယောက်ပဲ ရှိပါသေးတယ်ဟု ပြန်ပြောလေ၏။ ကျွန်ုသည် ယောက်ျားတစ်ယောက်ပြီး တစ်ယောက် အပစ်ခံရသော ထိုမိန်းကလေးအား အပစ်မမြင်ရက်ပေ။ မကောင်းသော မိန်းကလေးဟုလည်း မထင်ရက်ပေ။ ဘ၀ကို ပေါ့ပေါ့တန်တန် ထားသော ပေါ့ပျက်ပျက် မိန်းကလေးတစ်ဦးဟုလည်း မသတ်မှတ်ပေ။ အဘယ်ကြောင့်ဆိုသော ထိုမ၀ါဆိုသော မိန်းကလေးသည် ဘာသာတရားအင်မတန် ကိုင်းရိုင်းပြီး မိဘဆရာသမား လူကြီးသူမများကို အလွန်းရိုသေ တတ်သူဖြစ်ကြောင်းကို ကျွန်ုပ် ကောင်းစွာ သိထားသောကြောင့်ပင် ဖြစ်၏။

သူမသည် မကြာခဏဆိုသလို ကျွန်ုပ်ထံတွင် အဓိဋ္ဌာန်များကို လာလာတောင်းဘူး၏။ ကျွန်ုပ်ကလည်း အဓိဋ္ဌာန်များကို မကြာခနဆိုသလို လမ်းညွန်ဘူး၏။ သူမသည် အင်မတန် ခက်ခက်ခဲခဲ ၀င်ရသော (၄၉) ရက် အဓိဋ္ဌာန်များကိုပင် အလုပ်တစ်ဖက်နှင့် မပျက်အောင် ကြိုးစားဝင်သူဖြစ်လေ၏။ တရားပွဲတိုင်းတွင်လည်း သဒ္ဓါတရား ရက်ရက်ရောရောဖြင့် အလှူဒါနကို ပြုသူဖြစ်၏။ သာရေးနာရေး များတွင်လည်း တစ်ညလုံး အိပ်ရေးပျက်ခံ၍ ကူညီလုပ်ကိုင်ပေးတတ်သူလည်း ဖြစ်လေ၏။ ထိုမျှလောက် သဘောမနောကောင်းသော မ၀ါဆိုသော အမျိုးသမီးတွင် အပြစ်ပြောစရာဟူ၍ ညာဘက်မျက်လုံးအောက်ရှိ မှဲ့နက်ကြီးတစ်လုံးနှင့် ယူသမျှ ယောက်ျားများက ပစ်သွား၍ တစ်ခုလပ်မက လေးခုလပ် ဖြစ်နေသော အချက်သာ ရှိလေ၏။

ထို့နောက် မ၀ါက ဒီမှာဆရာရဲ့။ ကျွန်မကလည်း ယောက်ျားတွေ တစ်ယောက်ပြီးတစ်ယောက် ယူချင်လို့ ယူနေတယ် ထင်လို့လား။ နောက်ပြီး ကျွန်မကလည်း လင်တစ်ယောက်ပြီးတစ်ယောက် ကွချင်လို့ ကွဲနေတယ် ထင်လို့လားဆရာ။ အမှန်အတိုင်း ပြောရရင် ကျွန်မလည်း သူများမိသားစုတွေလို စည်းစည်းလုံးလုံး အေးအေးချမ်းချမ်း နေချင်တာပေါ့။ ဒါပေမယ့်ဆရာရယ် ။ကျွန်မကံကိုက လင်ပစ်မယ့် ကံဇာတာပါလာသလား မှ မသိတာ။ နောက်ပြီး ကျွန်မစိတ်ထင် ကျွန်မရဲ့ မျက်ရည်ခံမှဲ့ကြောင့် ဖြစ်တယ်ထင်တယ်ဟု ပြောလေ၏။

ကျွန်ုပ်လည်း ဆေးလိပ်တစ်လိပ်ကို ထုပ်ယူမီးညှိ့ ရှိုက်ဖွာလို်က်ရင်း ဒီလို မ၀ါရဲ့။ မိန်းကလေးတွေမှာ ထင်ရှားတဲ့ မှဲ့(၇)မျိုးရှိတယ်လို့ မှဲ့နဲ့ပါတ်သက်တဲ့ ကျမ်းတွေမှာဆိုတယ်။ အဓိက မှဲ့တွေပေါ့ဟာ။ အဲဒီ မှဲ့ (၇)မျိုးက ဘာတွေလည်းဆိုတော့ ....

  • ရတနာဆံကျစ်လို့ ခေါ်တဲ့မှဲ့ရယ်။
  • ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။
  • မျက်ရည်ခံမှဲ့ရယ် (ဘယ်ဘက်)
  • မျက်ရည်ခံမှဲ့ (ညာရယ်)
  • နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။
  • ရွှေပိတုန်းစုပ်ဆိုတဲ့ မှဲ့ရယ်။
  • စံပယ်တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက် အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။

အဲဒီမှာ ရင်ဘတ်အလယ်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို ၇တနာရွှေအိုးလို့ ခေါ်တယ်။ အဲဒီမှဲ့ ရှိတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် ကြွယ်ဝချမ်းသာလေ့ ရှိတယ်။ နာမည်ဂုဏ်သတင်း ကျော်ကြားတတ်တယ်။ နောက်ပြီး သူတို့တွေဟာ အလုပ်ဌာနတွေမှာ အကြီးအကဲ ခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။ သူတို့တွေဟာ ဆင်းရဲရင်လဲ ခနပဲ။ ဆင်းရဲတွင်းတဲ ကျနေရင်လည်း ခနပဲ။ မုချ ကြီးပွားချမ်းသာမယ့်သူတွေ ဖြစ်တယ်။ အဲဒီလို ၇တနာရွှေအိုး မှဲ့ပါနေတဲ့ အမျိုးသမီးတွေဟာ ကျော်နီ ၊ ပတ္တမြား၊ စိန် ၊ နှစ်သက်ရာ တစ်ခုခုကို လက်သူကြွယ်မှာ ၀တ်ဆင်ထားရင် ထူးထူးခြားခြား ကံမြင့်မားမယ်။

နောက်တစ်ခုက နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကိုကျတော့ ရတနာဆီမီးထွန်းလို့ခေါ်တယ်။ အဲဒီလို မှဲ့ရှိတဲ့ အမျိုးသမီးတွေကြတော့ ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာကြတယ်။ အိမ်ထောင်ဘက်ကောင်းနဲ့ ဆုံတွေ့နိုင်ကြတယ်။ နောက်ပြီး သားကောင်း သမီးကောင်တွေ ထွန်းကားကြတယ်။ ပြောရရင်တော့ မိဘထက်မြတ်တဲ့ သားသမီးတွေ နောက် ထင်ပေါ်ကျော်ကြားတဲ့ သားသမီးရတနာတွေကို ဖွားမြင်နိုင်ကြတယ်။ ဘာသာရေးဆိုရင်လည်း အရမ်း စိတ်ဝင်စားလေ့ရှိတယ်။ တစိုက်မတ်မတ် လုပ်လေ့ရှိတယ်။ ဒီဘ၀တွင် ဘာသာတရားလိုက်စားမယ်ဆိုရင် တရားထူးတရားမြတ် တောင်ရနိုင်တယ်လို့ ဆိုတယ်။

နောက်တစ်မျိုးက ဘယ်ဘက်မျက်ခန်းနဲ့ အထက်နှုတ်ခမ်းကြား ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို မျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ ဘယ်လောက်ပဲ ငွေကြေးတွေ စီးစိမ်ဥစ္စာတွေ ပြည့်စုံနေပေမယ့် စိတ်ဆင်းရဲရတတ်တယ်။ သောကများမယ်။ ငယ်စဉ်ကလေးဘ၀ ကတည်းက ကြမန်းတမ်းတဲ့ ဘ၀ခရီးကို အကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။ နောက်ပြီး အိမ်ထောင်ဆက်လဲ များတတ်တယ်။ သူတို့တွေဟာ အနက်ရောင်ဆိုရင် လုံးဝမ၀တ်သင့်ဘူး။ ရှောင်သင့်တယ်။ ကျောက်စိမ်းကိုလည်း မ၀တ်သင့်ဘူး။ စိန်၊ ဥဿဖယား ၊ ပုလဲစတဲ့ ရတနာတစ်ခုခုကို ကိုယ်နဲ့မကွာ ၀တ်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ ညာဘက်အောက်မျက်ခမ်းနဲ့ အထက်နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် မျက်ရည်ခံကြီး လို့ ခေါ်တယ်။ သူတို့ရဲ့ ဘ၀တစ်လျှောက် ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီး အသက်ကြီးတဲ့အချိန်မှာ ဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမဖြစ်တတ်တယ်။ အဲဒီမျက်ရည်ခံမှဲ့ကြီး ရှိတဲ့ အမျိုးသမီးတွေဟာ ဘာသာတရားကို အထူဒလိုက်စားပြီး ကိုယ်ကျင့်တရား အထူးကောင်းမွန်အောင် နေထိုင်ရမယ်။ ကုသိုလ်ကောင်းမှု့ တရစပ်ပြုလုပ် ဆောင်ရွက်ရမယ်။ အကျင့်သီလကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ရမယ်။ မွေးနေ့တိုင်း ပန်းဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။ စိန်၊ ဥဿဖယား လက်ဝတ်ရတနာတို့ကို ၀တ်ဆင်ဆောင်ထားသင့်တယ်။

နောက်မှဲ့တစ်မျိုးကိုကြတော့ နှုတ်တဆိတ် လို့ ခေါ်တယ်။ ဘယ်ဘက်ပါးပြင် ပါးစပ်နားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတယ်ဆိုရင် အဲဒီမှဲ့ကို နှုတ်တဆိတ် လို့ခေါ်တယ်။ အဲဒီမှဲ့ ပိုင်ရှင်တွေဟာ စကားပြောအတော် ပြေပြစ်တယ်ကြတယ်။ ချိုသာကြတယ်။ စကားပြောပရိယာယ် ကြွယ်ဝတယ်။ မူယာမာယာ များတတ်ကြတယ်။ အသိသာဆုံးက ယောက်ျားများ၏ ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။ အဲဒီမှဲ့ ပိုင်းရှင်များဟာ စိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ၀တ်ဆင်သင့်တယ်။ အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလို ဘုရားကို ကပ်လှူပေးရင် ကံဇာတာပိုပြီး မြင့်မားစေတယ်။

နောက်မှဲ့တစ်မျိုးက ရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ပေါ့။ ချစ်ခင်နှစ်သက်သူများ ၀န်းရံနေတယ်။ မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင် အားကြီးများတယ်။ စန်းပွင့်တယ်။ အိမ်ထောင်ဘက် အမျိုးသား၏ အကျိုးကျေးဇူးကို ခံစားရတယ်။ အဖြူရောင် အစိမ်းရောင် ရတနာမှန်သမျှ ၀တ်ဆင်သင့်တယ်။ ပုလဲတစ်မျိုးကို တော့ လုံးဝ ရှောင်ထားသင့်တယ်။

နောက်ဆုံးတစ်မျိုးကတော့ စံပယ်တင်မှဲ့လို့ ခေါ်တယ်။ ဘယ်ဘက် ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း ထင်းထင်းကြီး ရှိနေတဲ့ မှဲ့ကို ခေါ်တယ်။ သူတို့တွေဟာ နာမည်ကျော်ကြားထင်ရှားမယ်။ လူတစ်ဦးကို အလွယ်တကူ နှစ်သက်တတ်တယ်။ ကိုယ့်အပေါ်ကို အိမ်ထောင်ဘက်က ချစ်ခင်အောင် စွဲလန်းအောင် အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။ သူတို့တွေရဲ့ အချစ်ရေးတွေမှာတော့ အမြဲတမ်းဆိုသလို နှစ်မျိုးနှစ်ခွ ကြုံရလေ့ရှိတယ်။ သူတို့တွေအတွက် အကောင်းဆုံး အဆောင်ကတော့ ပန်းပွင့်ပုံလည်ဆွဲတန်ဆာ ကို ရွှေနဲ့ လုပ်ပြီး ဆောင်ထားသင့်တယ်။ အဖြူရောင် ကျောက်မျက်ရတနာ မျိုးစုံနဲ့ သင့်မြတ်တယ်။

ကျွန်ုပ်သည် အထက်ပါအတိုင်း မ၀ါအား အမျိုးသမီးများတွင် ထင်ရှားသော မှဲ့(၇)မျိုး အကြောင်းကို ပြောပြလိုက်ပြီးလျှင် ဆေးလိပ်တစ်လိပ်ကို မီးညှိရှိုက်ဖွာလိုက်၏။ ထို့နောက် မီးခိုးများကို ကောင်းကင်သို့ မှုတ်ထုတ်လိုက်၏။ ထိုအခါ မ၀ါက ဒါဆိုရင် ကျွန်မယောက်ျားတွေက တစ်ယောက်ပြီးတစ်ယောက် ကျွန်မကို ပစ်ထားခဲ့တာ ဒီမျက်ရည်ခံ မှဲ့ကြီးကြောင့် ဖြစ်မယ်ဟု သူမ၏အထင်ကို ပြန်ပြောပြလေ၏။ ထိုအခါ ကျွန်ုပ်က ဒါဆိုရင် မ၀ါရယ် အဲဒီမှဲ့ကြီးကို ကိုးရီးဟားနည်းပညာနဲ့ သွားပြီး ရှင်းပစ်လိုက်ပါလားဟု ကျွန်ုပ်က ပြောလိုက်လေရာ မ၀ါက...

မလုပ်ပါနဲ့ ဆရာရယ်။ သဘာဝဟာသဘာဝပဲ ကောင်းပါတယ်။ သဘာဝကို ပြန်လည်ပြင်ဆင်တာ မကောင်းဘူးထင်ပါတယ်။ အဲဒီတော့ဆရာရယ် အခုလည်း ကျွန်မနဲ့ ဆရာလည်း သဘာဝအတိုင်း လူလွတ်ချင်း တစ်အိုးတစ်အိမ် ထူထောင်လိုက်ရင် မကောင်းပေဘူးလားဟု ပြန်နောက်လေတော့၏။ ထိုအခါ ကျွန်ုပ်က သဘာဝတရားကြီးကို ဒီအတိုင်းထားတာ ကောင်းပေမယ့် နင်နဲ့ငါနဲ့ တစ်အိုးတစ်အိမ် ထူထောင်တာတော့ မပါဘူးဟာ။ အဲဒီတော့ သဘာဝအတိုင်း အချိန်တန်အိမ်ပြန်ကြစို့ဟု နှုတ်ဆက်ရင်း မဟာချိုင်နေ၀စ်ရှိ ၀ပ်ခုပ်ဘုရားမှ လမ်းခွဲ၍ ပြန်လာလေတော့သတည်း။

Sunday, April 1, 2012

ဧပြီလ (၇)ရက်သားသမီး ဗေဒင်ဟောစာတမ်း


.
တနင်္ဂနွေသားသမီးများ
တနင်္ဂနွေ သားသမီးများအတွက် ယခုလမှာ ကံဇာတာ အကောင်းအဆိုး ရောနှောနေတာကို တွေ့ရပါတယ်။ အိုးအိမ် ခြံမြေ ကိစ္စ ၊ အလုပ်အကိုင် တိုးတက်ရေး အခွင့်အလမ်း ကိစ္စတွေမှာတော့ ကံကောင်းမှုများကို ရရှိနိုင်ပါတယ်။ အိုးအိမ် ခြံမြေ အသစ် ၀င်ရောက်ကိန်း (သို့) ၀ယ်ယူပြီး အိုးအိမ်ခြံမြေမှ အကျိုးအမြတ်ရကိန်းများ ရှိတယ်။
ပညာရေးကံကောင်းနေတာမို့ စာမေးပွဲ ဖြေဆိုထားသူများ ၊ ဖြေဆိုမည့်သူများ အဆင်ပြေချောမွေ့နိုင်တယ်။ တနင်္ဂနွေ ၊ အင်္ဂါ နဲ့ ကြာသပတေး သက္ခတ်များအတွင်း ရောက်နေသူများ လုပ်ငန်းများ တိုးတက်ခြင်း ၊ တိုးချဲ့ရခြင်းများ ကြုံရနိုင်တယ်။
ဒါပေမယ့် ဒီလမှာ တနင်္ဂနွေသားသမီးများအတွက် လက်အောက်ငယ်သားများရဲ့ မရိုးသားမှုများကြောင့်၎င်း ၊ သစ္စာမရှိမှုများကြောင့်၎င်း ၊ ကိုယ်ပါ ရောပြီး နာမည်ပျက်ကိန်းရှိတယ်။ ဒီလမှာ လက်အောက်လူ ၊ လူမျိုးခြား ၊ ဘာသာခြားတွေ ဒုက္ခပေးနိုင်တယ်။ ကိုယ့်ရဲ့ နာမည်သတင်းနဲ့ ဂုဏ်သိက္ခာများ ကျဆင်းနိုင်တဲ့ ကံကြမ္မာမျိုး ရှိနေတယ်။
ငွေကြေးကတော့ အ၀င်များရင်လည်း များမယ်။ ဒါပေမယ့် အဖတ်မတင်တတ်ဘူး။ အိတ်ပေါက်နဲ့ ဖားကောက်ရသလို ဖြစ်တတ်တယ်။ မကောင်းတဲ့ သက္ခတ်များအတွင်း ရောက်နေသူများ ငွေကြေး အဆုံးအရှုံး များတတ်ပါတယ်။ ဒီလမှာ တနင်္လာနံတွေဖြစ်တဲ့ ငွေ ၊ မိခင် ၊ ကား နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ကံမကောင်းဘဲ ဖြစ်နေတတ်တယ်။
နဂိုကတည်းက ကိုယ့်မိသားစု နဲ့ အေးအေးချမ်းချမ်း နေလိုသူများ ၊ တင်းတိမ်ရောင့်ရဲ လွယ်သူများအတွက်တော့ ဒီလဟာ မိသားစုနဲ့အတူ အေးချမ်းသာယာစွာဖြင့် အနားယူနိုင်ပြီး စိတ်ချမ်းသာရမယ့် လ, တစ်လဖြစ်လိမ့်မယ်။ သူတို့အတွက်တော့ အကောင်းဟောရမယ်။
နဂိုကတည်းက အလုပ်ကြီးအကိုင်ကြီးတွေနဲ့ မနိုင်ဝန် ထမ်းနေကြသူတွေ ၊ လောဘသက္ကာယ ကြီးမားတတ်ကြတဲ့ တနင်္ဂနွေသားသမီးများအတွက်တော့ ဒီလဟာ ဖင်မနိုင် ခေါင်းမနိုင်ဖြစ်ပြီး စိတ်ပင်ပန်းရမယ့် လ,ဖြစ်တယ်။ အလုပ်ကြီးအကိုင်ကြီး လုပ်သူများ ဒီလထဲမှာ လူယုံ သစ္စာဖောက်တတ်လို့ သတိအထူးပြုရမယ်။
.
ယခုလအတွက်- နာမည်မှာ

- တနင်္ဂနွေ စ,ပြီး တနင်္ဂနွေ ၊ ကြာသပတေး နဲ့ ဆုံးထားသူများ ကံဇာတာကောင်းမွန်မှုများကို အထူးရရှိခံစားရပါလိမ့်မယ်။
- တနင်္ဂနွေ စ,ပြီး အင်္ဂါ နံနဲ့ ဆုံးထားသူများ လူပင်ပန်း ၊ စိတ်ပင်ပန်းမှု များလိမ့်မယ်။
- တနင်္ဂနွေ စ,ပြီ ဗုဒ္ဓဟူး(ရာဟု)ဆုံးထားသူများ အိမ်ထောင်ရေးပြဿနာ ၊ အိမ်ရှင်အိမ်ငှားပြဿနာ ၊ အိုးအိမ်နဲ့ ပတ်သက်တဲ့ အမှုအခင်းများ ကြုံရဖွယ် ရှိတယ်။ “ရေ” နဲ့ ပတ်သက်ပြီး ဥပဒ်ပေးနိုင်လို့ သင်္ကြန်တွင်း ရေကစားလျှင် သတိပြုပါ။
- တနင်္ဂနွေ စ,ပြီး တနင်္လာ (သို့) သောကြာနံများနှင့် ဆုံးထားသူများ ဂုဏ်သိက္ခာကျဆင်းခြင်း ၊ အလုပ်နေရာ အပြောင်းအလဲ ဖြစ်ခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်းများ အထူးကြုံတွေ့နိုင်တယ်။
- တနင်္ဂနွေ စ,ပြီး စနေနံ ဆုံးသူများ လက်အောက်လူ ၊ လူမျိုးခြား ဘာသာခြား နဲ့ ပတ်သက်ပြီး ထိခိုက်နစ်နာစရာ ကိစ္စတွေ ကြုံရနိုင်တယ်။ နာမည်ပျက်ကိန်း ရှိတတ်တယ်။
.
ယတြာပြုလုပ်လိုပါက - မိမိနေအိမ်ဘုရားမှာဖြစ်ဖြစ် ၊ တန်ခိုးကြီးဘုရားမှာဖြစ်ဖြစ် - တနင်္ဂနွေနေ့ နံနက်စောစောမှာ “ပြောင်းဖူးပေါက်ပေါက်ပွင့်” ကို ဆီဆမ်းပြီး ကပ်လှူပူဇော်လိုက်ပါ။
.

တနင်္လာ သားသမီးများ

ယခုလအတွက် တနင်္လာသားသမီးများ ကံဇာတာ သိပ်ကောင်းလှတယ် မဆိုနိုင်ပါ။ သက္ခတ်အညံ့များအတွင်း ရောက်နေသူများ အလုပ်နေရာ အပြောင်းအလဲဖြစ်နိုင်တယ်။ အကြီးအကဲ ဖြစ်စေ ၊ ဖခင် မှာဖြစ်စေ ဘေးဒုက္ခတွေ့ရဖွယ် ရှိတယ်။

မိမိရဲ့ လုပ်ကိုင် ဆောင်ရွက်မှုများ မအောင်မမြင်ဖြစ်တတ်တယ်။ ဂုဏ်သိက္ခာကျဆင်းရဖွယ် ရှိတယ်။ မိမိရဲ့ လျှို့ဝှက်ချက်များ ပေါ်ပေါက်တတ်တယ်။ လူလည်းပင်ပန်း ၊ စိတ်လည်း ပင်ပန်းဖြစ်မယ်။ စိတ်နှစ်ခွဖြစ်မယ်။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်များကို မချနိုင်ဘဲ ရှိနေတတ်တယ်။
လက်အောက်လူများနဲ့ မသင့်မတင့်ဖြစ်မယ်။ လူမျိုးခြား ဘာသာခြားများနဲ့ မသင့်မမြတ်ဖြစ်မယ်။ လူမှုဆက်ဆံရေးပိုင်းတွေမှာ မပြေမလည်ဖြစ်နိုင်တယ်။ သားသမီးရှိသူများ သားသမီးအတွက် စိတ်သောကရောက်စရာ ကိစ္စများ ကြုံရဖွယ် ရှိတယ်။
ငွေကြေးကြေးရေးပိုင်းမှာတော့ ပြဿနာ သိပ်မရှိနိုင်ဘူး။ ပုံမှန်ဝင်ငွေ (သို့) ပုံမှန်ဝင်ငွေထက် ပိုပြီး ၀င်နိုင်ချေရှိတယ်။ စစ်မှုလက်မှု လုပ်ငန်း ၊ ဆေးဝါးပစ္စည်းလုပ်ငန်း များ ထုတ်လုပ် ရောင်းဝယ်သူများ အကျိုးများနိုင်တယ်။ ဒါပေမယ့် အိုးအိမ်ခြံမြေလုပ်ငန်း ၊ ယာဉ်ကားလုပ်ငန်း လုပ်ကိုင်သူများ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဘဲ ရှိနေလိမ့်မယ်။
နိုင်ငံခြား ခရီး ၊ ပြည်တွင်းခရီးများ သွားလာရဖွယ်ရှိပြီး ခရီးနဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာတော့ ကံဇာတာ တိုးတက်ကောင်းမွန်ဖို့ များပါတယ်။ တနင်္လာသားသမီးများအတွက် ယခုလမှာ အိမ်မှာ သိပ်မနေဘဲ ခရီးများများထွက်ပေးခြင်းဖြင့် အဆိုး ၊ အညံ့များ အတော်အတန်ပြေပျောက်ဖွယ် ရှိပါတယ်။
.
ယခုလအတွက်- နာမည်မှာ
- တနင်္လာစ,ပြီး အင်္ဂါ နဲ့ သောကြာ ဆုံးသူများသာ ကံဇာတာ အကောင်းပိုများနိုင်ပြီး ကျန်နေ့နံများဖြင့် ပိတ်သူများ ကံဇာတာ ညံ့ဖျင်းဖွယ်ရှိတယ်။
- တနင်္လာစ,ပြီး ကြာသပတေးနံဖြင့် ဆုံးသူများ လူပင်ပန်း ၊ စိတ်ပင်ပန်းမှုများပြီး အခက်အခဲများပေမယ့် ကံဇာတာ သင့်မြတ်ပါတယ်။
- တနင်္လာစ,ပြီး တနင်္ဂနွေ ဆုံးထားသူများ ကံမကောင်းလှပါ။ အလုပ်နေရာ အပြောင်းအလဲ ၊ အိုးအိမ်ကိစ္စ ၊ လက်အောက်လူ ကိစ္စ များနဲ့ ပတ်သက်ပြီး ခေါင်းခဲရမယ်။
- တနင်္လာစ,ပြီး ဗုဒ္ဓဟူး(ရာဟု) နံများဖြင့် ဆုံးထားသူများ ဒီလမှာ ကံဇာတာ မကောင်းလှလို့ သတိထားပါ။ ကျန်းမာရေး နှင့် မတော်တဆ ထိခိုက်မှုများ သတိထားပါ။
- တနင်္လာစ,ပြီး စနေနံ ဆုံးသူများ ယခုလမှာ Accident တစ်ခုခု ကြုံနိုင်တယ်။ မိမိဂုဏ်သိက္ခာကျဆင်းအောင် လုပ်ကြံဖန်တီးခံရတတ်တယ်။ စနေသက္ခတ်ထဲဆိုရင် ယတြာကို များများလုပ် ၊ ကုသိုလ်ကောင်းမှု များများလုပ်ပါ။
ယတြာပြုလုပ်လိုပါက- အုန်းသီးတစ်လုံးကို တနင်္ဂနွေနေ့ညတွင် မိမိခြေရင်းတွင် ထားအိပ်ပြီး နောက်နေ့နံနက်စောစောတွင် နေအိမ်၏ တောင်အရပ်သို့ စွန့်ပစ်လိုက်ပါ။ ယခုလတစ်လလုံး ၊ အုန်းသီး ၊ ၀က်သား အထူးရှောင်ပါ။ ခိုက်စာများဖြစ်နေသည်။
.
အင်္ဂါ သားသမီးများ

ယခုလမှာ အင်္ဂါသားသမီးများအတွက် - ကံကောင်း ကံညံ့ ရောထွေးနေဖွယ်ရာ ရှိပါတယ်။ အပြောင်းအလဲ တစ်ခုခုဖြစ်ဖွယ် (သို့) အပြောင်းအလဲတစ်ခုခုတွင် ပါဝင်ပတ်သက်ရဖွယ် ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှု များနိုင်တယ်။ စိတ်ဓာတ်တက်ကြွမှု ရော ၊ စိတ်ဓာတ်ကျဆင်းမှုများကိုပါ ရောနှောခံစားရဖွယ် ရှိပါတယ်။
ငွေကြေးကံ ကောင်းတတ်သလို ငွေဆုံးရှုံးမှုကံလည်း များနိုင်တယ်။ “ကုလားခပ်တဲ့ရေ ကုလားဖင်ဆေးတာနဲ့ကုန်” ဆိုတာလို ဖြစ်နိုင်တယ်။ ဘ၀အောင်မြင်ရေးအတွက် အကြိတ်အနယ် ကြိုးစားပြီးမှ အောင်မြင်နိုင်မယ်။ လက်အောက်ငယ်သား ၊ တပည့်တပန်းများရဲ့ ၀ိုင်းဝန်းကူညီမှုကြောင့် အောင်မြင်မှုများ ရရှိမယ်။
အိမ်ထောင်ပြုရန် ကြံရွယ်ထားသူများ အိမ်ထောင်ကျကိန်း ရှိတယ်။ ပညာရေးကံ တိုးတက်ကောင်းမွန်နိုင်တယ်။ ၀န်ထမ်းဖြစ်ပြီး သက္ခတ်ကောင်းများတွင် ရောက်နေသူများ ရာထူးတိုးတက်ကိန်း ရှိတယ်။ အထူးသဖြင့် အစိုးရ၀န်ထမ်းဆိုရင် ပိုပြီး အခွင့်အလမ်းများနိုင်တယ်။ ယာဉ်ကား ၀င်ကိန်းသော်၎င်း ၊ ယာဉ်ကားနဲ့ ပတ်သက်ပြီး အကျိုးခံစားခွင့်သော်၎င်း ရှိလိမ့်မယ်။ အိုးအိမ်ခြံမြေနှင့် ပတ်သက်ပြီး ကံကောင်းမှုကို ရရှိနိုင်တယ်။
ခရီးသွားလာမှုနှင့် ပတ်သက်ပြီး ကံဇာတာ သိပ်မကောင်းနိုင်သေးပါ။ ခရီးစဉ်များ ပျက်ပြားခြင်း ၊ ခရီးသွားလာမှု အဆင်မပြေခြင်း၊ ထိခိုက်မှုများဖြစ်ခြင်းများ ဖြစ်နိုင်ပါတယ်။
မိမိဟာ အရေးပါ အရာရောက်တဲ့ ပုဂ္ဂိုလ်ြဖစ်ရင် ဒီလ, ထဲမှာ “စကား” နဲ့ ပတ်သက်ပြီး သတိထားပါ။ “စကားများ ၊ အမှားပါ” ဆိုတာလို မိမိအနေနဲ့ မရည်ရွယ်ဘဲ မှားယွင်းတဲ့စကား ၊ မပြောသင့်တဲ့ စကားပြောမိပြီး မိမိအဖွဲ့အစည်းအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်တတ်ပါတယ်။ မိမိအပေါ် ယုံကြည်မှု ပျက်ပြားနိုင်ပါတယ်။ ပြောသင့်သလောက်သာ ထိန်းထိန်းသိမ်းသိမ်းပြောပါလို့ အကြံပြုလိုပါတယ်။ (စကားတစ်ခွန်းကြောင့် ဒုက္ခရောက်တတ်တဲ့ လ, ဖြစ်ပါတယ်)
ယခုလအတွက်- နာမည်မှာ
- အင်္ဂါ စ,ပြီး တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေးနံများနဲ့ ဆုံးထားသူများ ကံကောင်းမှု ၊ တိုးတက်အောင်မြင်မှုများကို ရရှိနိုင်မယ်။ အထူးသဖြင့် တနင်္လာနဲ့ နာမည်ကို အဆုံးသတ်ထားသူများ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုမျိုး ရရှိနိုင်မယ်။
- အင်္ဂါ စ,ပြီး စနေနံနဲ့ ဆုံးထားသူများ အခက်အခဲ၊ အတိုက်အခံများပေမယ့် နောက်ဆုံးမှာ အောင်မြင်မှု ရရှိနိုင်ပါတယ်။ လူပန်း စိတ်ပန်းမှု များရတတ်တဲ့ လ, မျိုးဖြစ်ပါတယ်။
- အင်္ဂါ စ,ပြီး အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ သောကြာ နေ့နံ တစ်လုံးလုံးနဲ့ ဆုံးထားသူများ ယခုလ ကံဇာတာ နိမ့်ဖွယ်ရှိပါတယ်။ ကျန်းမာရေး ၊ မတော်တဆ ထိခိုက်မှု ၊ ဂုဏ်သိက္ခာကျဆင်းမှုများကို ကြုံဆုံရဖွယ်ရှိပါတယ်။
ယတြာပြုလုပ်လိုပါက - သံဃာတော်(အရေအတွက် မိမိတတ်နိုင်သလောက်) ဆွမ်းဆန်စိမ်း လောင်းလှူလိုက်ပြီး မိမိနေအိမ် ဘုရားတွင် ကံ့ကော်ပန်း မပြတ်ကပ်လှူပေးပါ။
.
ဗုဒ္ဓဟူး သားသမီးများ
ယခုလမှာ ဗုဒ္ဓဟူးသားသမီးများအတွက် - ကံကောင်းမှုတွေ အလွန်များပြားနိုင်တဲ့ လ, တစ်လဖြစ်နိုင်တယ်။ အောင်မြင်ခြင်း သရဖူကို ရယူပိုင်ဆိုင်နိုင်တယ်။ လုပ်သမျှ ကိုင်သမျှ အောင်မြင်တတ်ပြီး “ဆေးစက်ကျရာ အရုပ်ထင်” နေတတ်တဲ့ လ, မျိုး ဖြစ်နိုင်တယ်။
အလွန် ညံ့သော သက္ခတ်များအတွင်း ကျရောက်နေများသူပင် ယခုလမှာ သင့်တင့်တဲ့ ကံကောင်းမှုကို ခံစားရနိုင်တယ်။ နာမည်နှင့် အသက်မွေးဝမ်းကျောင်းပြုသူများ နာမည်အလွန်ကြီးနိုင်တယ်။ ကောင်းသော ဂုဏ်သတင်းကျော်ကြားမှုများကို ရနိုင်ပါတယ်။
ငွေကြေးနဲ့ ပတ်သက်ပြီးရင်တော့ ငွေစုငွေပုံ ထွက်ကိန်း ရှိတာကြောင့် “တစ်ချက်ခုတ် နှစ်ချက်ပြတ်” ဆိုတာလိုဖြစ်အောင် ဒီလထဲမှာ အလှူဒါန ကြီးကြီးမားမားပြုလုပ်လိုက်ခြင်းဖြင့် ငွေထွက်ကိန်းလည်း ကျိန်းကျေပြီး တစ်ဖက်က ကောင်းမှုကုသိုလ်လည်း ပြုလုပ်ရာကျသွားနိုင်ပါတယ်။
ခရီးသွားလာမှု ကိစ္စများနှင့် ပတ်သက်ပြီး “သောင်မတင်၊ ရေမကျ” ဖြစ်ပြီးမှ သွားဖြစ်တတ်တယ်။ ခရီးသွားလာမှုနှင့် ပတ်သက်ပြီး စိတ်ရှုပ်ထွေးစရာများ ကြုံရတတ်တယ်။
ဝန်ထမ်းများ ၊ ရာထူးတက်ဖို့ နှောင့်နှေးကြန့်ကြာနေသူများ ယခုလမှာ ရာထူးတက်ဖို့ ကံအလွန်များပါတယ်။ အဆင့်မြင့် ရာထူးဖြစ်လျှင် ပိုပြီး ရာထူးတက်ဖို့ အခွင့်အလမ်းများပါတယ်။
အိုးအိမ် ၊ တိုက်ခန်း၊ အဆောက်အဦး ၀င်ကိန်းသော်၎င်း ၊ အိုးအိမ် ၊ တိုက်ခန်း နဲ့ ပတ်သက်ပြီးသော်၎င်း အကျိုးခံစားရဖို့အလွန်များပါတယ်။
လက်အောက်ငယ်သား ၊ ဆွေမျိုးသားခြင်းများနှင့် ပတ်သက်ရင်တော့ ကံမကောင်းလှဘူး။ စိတ်မချမ်းသာ စရာ ကိစ္စတွေ ကြုံနိုင်တယ်။ ခြုံပြောရင် ဒီလထဲမှာ ဗုဒ္ဓဟူးသားသမီးများအတွက် ကံကောင်းမှုတွေ သိသိသာသာ များနိုင်တဲ့ လ,ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
.
ယခုလအတွက်- နာမည်မှာ
- ဗုဒ္ဓဟူး စ,ပြီး တနင်္ဂနွေနံ (သို့) ဗုဒ္ဓဟူး(ရာဟု) နံများနဲ့ ပြန်ပိတ်သူများ ကံကောင်းမှု ၊ တိုးတက်အောင်မြင်မှုများကို သိသာစွာ ခံစား ရရှိနိုင်ပါတယ်။
- ဗုဒ္ဓဟူး စ,ပြီး သောကြာနံ နဲ့ ပိတ်ထားသူများလည်း အခက်အခဲ များပြားတတ်ပေမယ့် ကံကောင်းတိုးတက်နိုင်ပါတယ်။
- ဗုဒ္ဓဟူး စ,ပြီး စနေနံ နဲ့ ပိတ်ထားသူများ လက်အောက်လူ ၊ ဆွေမျိုးသားခြင်း ၊ လူမျိုးဘာသာခြားများ နဲ့ ပတ်သက်ပြီး ကံမကောင်းဖြစ်တတ်ပါတယ်။
- ဗုဒ္ဓဟူး စ,ပြီး တနင်္လာ (သို့) အင်္ဂါ (သို့) ကြာသပတးနဲ့ ပိတ်ထားသူများ ကျန်းမာရေး အနည်းငယ် ဂရုစိုက်ရပါမယ်။ ငွေကြေး အဆုံးအရှုံး သတိပြုရပါမယ်။ ဒီနေ့နံ ()ခုပိတ်ကတော့ နည်းနည်း ညံ့လိမ့်မယ်။
ယတြာပြုလုပ်လိုပါက - ရွှေချထားသော (သို့) ရွှေမှင် သုတ်ထားသော “အုန်းသီး” တစ်လုံးကို ရခိုင်ငှက်ပျော ()ဖီး နှင့်အတူ ပွဲတစ်ပွဲ ထိုးပြီး မိမိနေအိမ် ဘုရားခန်းတွင် မွေးနေ့ နံနက် (၁၀)နာရီတွင် (သိကြားမင်း နှင့် သာသနာစောင့် နတ်မင်းကြီး ၄ပါးအား ရည်စူး၍) သာသနာပွဲထိုးလိုက်ပါ။ ကွမ်းယာ ()ယာ ၊ အမွှေးတိုင် ()တိုင် ၊ ဖယောင်းတိုင် ()တိုင်ပါ ထည့်ရမည်။ ငှက်ပျောသီး အားလုံး မှည့်ပြီး နွမ်းသွားလျှင် စွန့်ပစ်ရမည်။ (ယခုလ တစ်လထဲအတွက်သာ)
.
ကြာသပတေး သားသမီးများ

ကြာသပတေးသားသမီးများအတွက် - ကံဇာတာ အကောင်းအဆိုး ရောနှောနေမည့် လ, တစ်လဖြစ်နိုင်ပါတယ်။ ကောင်းသတင်းဖြစ်စေ မကောင်းသတင်းဖြစ်စေ ကျော်စောနိုင်တဲ့ လ, ဖြစ်နိုင်တယ်။ မိမိ၏ လုပ်ရပ် အပေါ်တွင် မူလည် လိမ့်မယ်။ ဒီလတစ်လလုံး ကိုယ်ပင်ပန်း စိတ်ပင်ပန်း ဖြစ်မယ်။ အလုပ်ဒဏ် ပိမယ်။ ဖခင်ဖြစ်သူ (သို့) အကြီးအကဲဖြစ်သူ နှင့်လည်း စိတ်သဘောထားခြင်း မတိုက်ဆိုင်ဘဲ ရှိတတ်တယ်။
ငွေရေး ကြေးရေးကံကတော့ သိပ်မဆိုးဘူး ပြောရမယ်။ တစ်ချို့ ငွေစုငွေပုံ ၀င်နိုင်တယ်။ ခရီးသွားလာရေးနှင့် ပတ်သက်သော လုပ်ငန်း လုပ်ကိုင်နေသူများ အားလုံး အကျိုးများနိုင်တယ်။
ကိုယ်တိုင်လည်း ခရီးထွက်ရတတ်တယ်။ ပြည်တွင်းအပန်းဖြေခရီး ၊ ဘုရားဖူးခရီး နှင့် နိုင်ငံခြား ခရီးများ သွားလာရဖွယ် ရှိပါတယ်။ နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ထွက်မည့်သူများလည်း အဆင်ပြေချောမွေ့စွာ ထွက်ရကိန်း ရှိပါတယ်။
ဒီလထဲမှာ - စက်ပစ္စည်း ၊ ချွန်ထက်သောပစ္စည်း များ ကိုင်တွယ်ရာမှာ သတိထားပါ။ သွေးထွက်သံယိုကိန်း ရှိပါတယ်။ နောက်ပြီး လျှပ်စစ် ၊ မီး များကို ကိုင်တွယ်ရာမှာလည်း သတိပြုပါ။ မတော်တဆ ထိခိုက်ဒဏ်ရာ ရမှုတွေ တနည်းနည်းနဲ့ ကြုံနိုင်လို့ (အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ စနေ) သက္ခတ်များအတွင်း ရောက်နေလျှင် သတိထားပါ။
ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကံကောင်းတယ်ဆိုပေမယ့် စိတ်သောက မအေးစရာ ကိစ္စတွေလည်း ကြုံနိုင်တယ်။ အထူးသဖြင့် လျှို့ဝှက်ငွေကြေးများနဲ့ ပတ်သက်ပြီး အရှုပ်အရှင်းပြဿနာ ဖြစ်တတ်ပါတယ်။
ဒီလထဲမှာ လက်အောက်လူ ၊ တပည့်တပန်းများ နဲ့ ပတ်သက်ပြီး အတော် ကံမကောင်းဘူး ဆိုရမယ်။ မိမိအပေါ် ကျေးဇူးကန်းသူ တွေပေါ်မယ်။ မိမိအပေါ် အကောက်ကြံသူတွေပေါ်မယ်။ နောက်ဆုံး ဘာမှ မလုပ်ရင်တောင် မိမိစကား ၊ မိမိ သြဇာ မတည်နိုင်ဘဲ ရှိနေတတ်တယ်။ ဆိုဆုံးမလို့ မရဘဲ ဖြစ်နေတတ်တယ်။
ဆွေမျိုးသားခြင်းများနဲ့ ပတ်သက်ပြီး သာရေးသော်၎င်း ၊ နာရေးသော်၎င်း ကိစ္စများပေါ်ပေါက်ခြင်းကြောင့် မိမိမှာ အလုပ်ပျက် ၊ အကိုင်ပျက် ငွေကုန် လူပန်း ဖြစ်ရဖွယ် ရှိပါတယ်။ မိမိကိုယ်တိုင် မကျန်းမာလို့သော်၎င်း ၊ ဆွေမျိုးမိတ်ဆွေများ မကျန်းမာလို့သော်၎င်း ဆေးရုံဆေးခန်း ရောက်ရဖွယ် ရှိပါတယ်။
.
ယခုလအတွက်- နာမည်မှာ

- ကြာသပတေး စ,ပြီး အင်္ဂါ (သို့) ဗုဒ္ဓဟူး (သို့) စနေ နံများနှင့် ဆုံးထားသူများ ကံဇာတာ အလွန်ညံ့ဖွယ် ရှိပါတယ်။ မကျန်းမာခြင်း ၊ မတော်တဆ ထိခိုက်ခြင်း ၊ မိမိ အလုပ်အကိုင်များ မအောင်မြင်ခြင်း ၊ နာမည်ပျက်ခြင်း ၊ အရှက်တကွဲ အကျိုးနည်းဖြစ်ခြင်းများ ဖြစ်ရဖွယ် ရှိပါတယ်။ အထူးသဖြင့် နာမည်မှာ စနေ (သို့) အင်္ဂါ ပိတ်သူများ အလွန်ညံ့လို့ ဘာသာတရားများများလုပ်ခြင်း (သို့) ယတြာချေခြင်းများ ကို ထိထိရောက်ရောက်လုပ်ပေးပါ။ ရန်သူပေါ်ပေါက်တတ်ပြီး မိမိနာမည်ကို၎င်း ၊ လူကိုသော်၎င်း ထိခိုက်အောက် လုပ်ကြံခံရတတ်ပါတယ်။ သတိပြုပါ။
- ကြာသပတေး စ,ပြီး ကြာသပတေးဘဲ ပြန်ဆုံးသူများမှာ မကောင်းသတင်း ကျော်စောတတ်ပါတယ်။ နာမည်ပျက်ကိန်းရှိပါတယ်။ မိမိဂုဏ်သိက္ခာကျဆင်းစရာ ကိစ္စတွေ ပေါ်ပေါက်တတ်ပါတယ်။
- ကြာသပတေး စ,ပြီး တနင်္ဂနွေ (သို့) တနင်္လာ (သို့) သောကြာ နံများဖြင့် ပိတ်ထားသူများ (သက္ခတ်လည်းကောင်းရင်) ကံကောင်းမှုကို ခံစားရနိုင်ပါတယ်။ ကံအညံ့ နည်းနိုင်ပါတယ်။
ယတြာပြုလုပ်လိုသူများအတွက် - ပျက်နေသော ကျောင်းကန်ဇရပ် တစ်ခုခုကို ပြုပြင်ရာတွင် အလှူငွေ ပါဝင်လှူဒါန်းလိုက်ပါ။ ထို့နောက် ခရီးသွားရန် အခက်အခဲဖြစ်နေသော သံဃာတစ်ပါးကို ဖြစ်စေ ၊ လူတစ်ဦးကို ဖြစ်စေ ခရီးစားရိတ် လှူဒါန်းလိုက်ပါ။ မိမိ အသိုင်းအ၀ိုင်းထဲမှ နာရေးကိစ္စပေါ်ပေါက်လျှင် ကိုယ်ထိလက်ရောက် အကူအညီ ပေးလိုက်ပါ။
.
သောကြာ သားသမီးများ
သောကြာသားသမီးများ ယခုလမှာ သပွတ်အူလို ရှုတ်ထွေးလှတဲ့ ပြဿနာ အရှုပ်အထွေး များနဲ့ ကြုံတွေ့ ဖြေရှင်းရဖွယ် ရှိပါတယ်။ အပြောင်းအလဲ တစ်ခုခု ကြုံရခြင်း ၊ အပြောင်းအလဲ တစ်ခုခုတွင် ပါဝင်ပတ်သက်ရခြင်းများ ဖြစ်ဖွယ်ရှိပါတယ်။ အတွင်းလူ ၊ လူယုံ သစ္စာဖောက်တာကို ခံရတတ်ပါတယ်။
အိမ်ထောင်ရေး ကိစ္စတွေမှာ အဆင်မပြေမှုတွေ ကြုံရနိုင်ပါတယ်။ များသောအားဖြင့်တော့ လိင်ကိစ္စ ဖောက်ပြန်မှုတွေကြောင့် ဖြစ်ရတဲ့ အရှုတ်အထွေးဖြစ်ဖို့များပါတယ်။ အိမ်ထောင်ရှင်များသာမက ချစ်သူရှိသူများမှာလည်း လိင်ကိစ္စအရှုတ်အထွေးတွေ ကြုံရဖွယ် ရှိပါတယ်။
နဂိုကတည်းက တစောင်းစေးနဲ့ မျက်ချေး ဖြစ်နေတဲ့ အိမ်ထောင်ရေးများမှာတော့ ဒီလ,ထဲမှာ အကွဲအပြဲဖြစ်တတ်တာကို အထူးသတိပြုပါ။
မတော်တဆ ထိခိုက်မှုများ နဲ့ သွေးထွက်သံယိုမှုများ ၊ မမျှော်လင့်ဘဲ ခွဲစိတ်ကုသခံရမှုများကိုလည်း သတိထားရပါမယ်။ အထူးသဖြင့် ယခုလမှာ စီးပွားရေး၊ အလုပ်အကိုင်တွေမှာ လျှမ်းလျှမ်းတောက် အောင်မြင်လာရင် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ အဲဒီ နောက်ကနေ ဘေးဥပဒ် တစ်ခုခု လိုက်လာတတ်ပါတယ်။
မီး နဲ့ လျှပ်စစ် ဘေးဥပဒ်များ ရှိနိုင်ပြီး မီးအန္တရာယ် အထူးသတိထားပါ။ မိမိနေအိမ်ကနေ စ,ပြီး မီးလောင်မှုများ ဖြစ်ပွားစရာ ရှိတတ်ပါတယ်။
ငွေကြေးကံကတော့ သိပ်မဆိုးပါဘူး။ ငွေစုငွေပုံ ၀င်ကိန်းလည်း ရှိနေပါတယ်။ ထီပေါက်ကိန်းလည်း ရှိနေတာကို တွေ့ရပါတယ်။ ဒါပေမယ့် ငွေဝင်တိုင်းလည်း မကောင်းပြန်ဘူး။ ငွေများများဝင်လေ ပြဿနာ များလေလေဖြစ်ရဖွယ်ရှိလို့ ဒီလ, သောကြာ သားသမီးများအတွက် ကံကောင်းတယ်ပြောရမလား ၊ ကံမကောင်းဘူးပြောရမလား ပြောမရတဲ့ “အူကြောင်ကြား” လ, တစ်လ ဖြစ်ဖို့များပါတယ်။
အဖွဲ့အစည်များ ၊ လူမှုရေးအသင်းများ ၊ အစုစပ်လုပ်ငန်းများ ၊ နိုင်ငံရေးပါတီများ စတဲ့ နေရာတွေမှာ အကြီးအကဲနေရာ ၊ အရေးပါတဲ့ နေရာများကို ရယူထားသူဖြစ်ရင်တော့ ဒီလထဲမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းရဖွယ်ရှိပြီး ပဋိပက္ခမှုများ ၊ မိမိအား ဆန့်ကျင် တိုက်ခိုက်မှုများကို တွေ့ကြုံရဖို့ သေချာသလောက် ရှိတဲ့ လ, တစ်လဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။
.
ယခုလအတွက်- နာမည်မှာ
- သောကြာစ,ပြီး အင်္ဂါနံ နှင့် ပိတ်ထားသူများ မိမိအဖွဲ့အစည်း ၊ မိသားစု ၊ အုပ်စုအတွင်း ကြီးမားသော ပဋိပက္ခကြီးများ ကြုံရဖွယ် ရှိပါတယ်။ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။
- သောကြာစ,ပြီး ကြာသပတေးနံ နှင့် ပိတ်ထားသူများ ဘေးဥပဒ် တစ်ခုခု ကြုံရဖွယ် ရှိပေမယ့် အောင်မြင်ရေးအတွက်တော့ ကောင်းတယ် ဆိုရပါတယ်။
- သောကြာစ,ပြီး သောကြာနံ (သို့) စနေနံ နဲ့ ပြန်ပိတ်ထားသူများအတွက်တော့ ဒီလထဲမှာ အကောင်းဘက်ကို ဟောရပါလိမ့်မယ်။ သူတို့ကတော့ ပြဿနာ ရှိပေမယ့် အောင်မြင်စွာ ကျော်လွှားသွားနိုင်ပါလိမ့်မယ်။
- သောကြာစ,ပြီး တနင်္ဂနွေ (သို့) တနင်္လာ (သို့) ဗုဒ္ဓဟူး(ရာဟု) နံများနဲ့ ပိတ်ထားသူများ အကျဉ်းအကျပ်မျိုးစုံကျရောက်ခြင်း၊ ကျန်းမာရေး ညံ့ခြင်း ၊ အလုပ်ရာထူး ထိခိုက်ခြင်းများ ကြုံရဖွယ် ရှိလို့ အထူးသတိပြုပါ။
ယတြာပြုလုပ်လိုသူများအတွက် - မိမိအိမ်မှာရှိတဲ့ ပျက်နေတဲ့ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ စက်ပစ္စည်း ၊ လျှပ်စစ်ပစ္စည်းအားလုံးကို စွန့်ပစ်လိုက်ပါ။ အိမ်မှ ဘုရားတွင် “နာနတ်သီး” “နာနတ်ဖျော်ရည်” ကို မပြတ်ကပ်လှူပါ။ ထို့နောက် ဘုရားတည်၊ ကျောင်းဆောက်၊ တံတိုင်းတည်ခြင်းများ၌ “အုတ်” အလှူ လှူဒါန်းပေးပါ။
.
စနေ သားသမီးများ
စနေသားသမီးများ ယခုလမှာ လူပင်ပန်း ၊ စိတ်ပင်ပန်းမှုများပြားလွန်းပြီး ဖိအားများလွန်းနိုင်တဲ့ လ, ဖြစ်ပေမယ့် ကံဇာတာအနေနဲ့ သိပ်မဆိုးဘူးလို့ ပြောနိုင်ပါပြီ။ (ပြီးခဲ့တဲ့ လတုန်းက စနေသားသမီးတွေ ကံဇာတာ အညံ့များပါတယ်)
ငွေကြေးကံကောင်းနိုင်တယ်။ အစိုးရနဲ့ ဆက်စပ်ပတ်သက်ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းများ အထူးတိုးတက်ကောင်းမွန်နိုင်တယ်။ အကျိုးကျေးဇူး ခံစားရနိုင်တယ်။
ရာထူးတက်ကိန်းရှိတာမို့ ရာထူးတက်ဖို့စောင့်နေသူများ ရာထူးတက်နိုင်တယ်။ အစိုးရ ၀န်ထမ်းဖြစ်ရင် ပိုပြီး အခွင့်အလမ်းများတယ်။
အိုးအိမ်ခြံမြေ နဲ့ ပတ်သက်ပြီး ကံကောင်းမှုများမယ်။ အိုးသစ်အိမ်သစ် ၀င်ကိန်းရှိတယ်။ ဒါမှမဟုတ် အိုးအိမ်ခြံမြေနဲ့ ပတ်သက်ပြီး အကျိုးခံစားခွင့်များမယ်။
ယာဉ်ကားနဲ့ ပတ်သက်ပြီးတော့လည်း ကံဇာတာကောင်းနေတာမို့ ယာဉ်သစ်ဝင်ကိန်း ၊ ယာဉ်ကားများမှ အကျိုးအမြတ်ရကိန်း များ ရှိနိုင်ပါတယ်။
ဒီလထဲမှာ တစ်ခုမကောင်းတာက “ခရီး ”ကိစ္စဘဲ ဖြစ်နိုင်တယ်။ ခရီးသွားလာမှုများ ပျက်ပြားခြင်း ၊ အဆင်မပြေသော ခရီးများကို သွားရခြင်း ၊ မတော်တဆ ထိခိုက်ခြင်း ၊ ယာဉ်ကားပျက်ပြီး ခရီးစဉ်နှောင့်နှေးခြင်းများ ကြုံနိုင်ပါတယ်။
မိမိပြောစကားများ မှားယွင်းတတ်ပြီး ဒီအတွက် တာဝန်ယူရတတ်ပါတယ်။ “အသွားမတော် တစ်လှမ်း ၊ အပြောမတော် တစ်ခွန်း” ဆိုတာ ဒီလမှာ စနေသားသမီးများ သတိပြုရမယ့် စကားပုံပါ။
ပညာရေးကံ ကောင်းနေပြီး ပညာရေးနဲ့ ပတ်သက်တဲ့ အခွင့်အလမ်းကောင်းတွေ ရရှိနိုင်တယ်။ ဒါပေမယ့် ဒီလထဲမှာ အချစ်ရေး နဲ့ ပညာရေး နှစ်ခုက ဒွန်တွဲပြီး ၀င်တတ်လို့ သတိထားရမယ်။ တစ်ခုဘက်ကို အလေးသာလိုက်ရင် ကျန်တစ်ခုမှာ အားနည်းသွားမယ်။
ဒီလထဲမှာ ကိုယ့်ကို ဆန့်ကျင်တာ ၊ အလိုလိုနေရင်း ရန်ရှခံရတာ ၊ လူမုန်းများခံရတာတွေ ကြုံနိုင်တယ်။ ကြံ့ကြံ့ခံလိုက်ပါ။ အောင်မြင်ဖို့ တွန်းအားပေးတဲ့ ကိစ္စတွေ ဖြစ်လာမယ်။
.
ယခုလအတွက်- နာမည်မှာ
- စနေ စ, ပြီး တနင်္လာ (သို့) ကြာသပတေး နံ ပိတ်ထားသူများ ကံကောင်းမှုတွေ များပြားစွာ ရရှိနိုင်တယ်။ ကံကောင်းတဲ့ နာမည်တွဲလုံးဖြစ်မယ်။
- စနေ စ, ပြီး စနေနံဘဲ ပြန်ဆုံးရင်တော့ ဖိအားများမယ့် လ,ဖြစ်တယ်။ လူပင်ပန်း ၊ စိတ်ပင်ပန်း ဖြစ်ရမယ်။ စိတ်နှစ်ခွဖြစ်မယ်။ ဆုံးဖြတ်ချက်ချဖို့ ခက်ခဲတဲ့ ကိစ္စတွေကြုံမယ်။
- စနေ စ, ပြီး တနင်္ဂနွေနံနဲ့ ပိတ်သူများ ဆန့်ကျင်ကန့်ကွက်မှုများကြားက အောင်မြင်မှုရလိမ့်မယ်။
- စနေ စ, ပြီး အင်္ဂါ (သို့) ဗုဒ္ဓဟူး ပိတ်သူများ ကျန်းမာရေးညံ့ခြင်း ၊ အစွပ်အစွဲခံရခြင်း ၊ မကောင်းသတင်းဖြစ်ခြင်းများ ကြုံနိုင်တယ်။
- စနေ စ, ပြီး သောကြာနံ ဖြင့် ပိတ်သူများ ဒီလထဲမှာ မတော်တဆ ထိခိုက်မှု ၊ သွေးထွက်သံယိုမှု ၊ ဘေးဥပဒ်များကြုံနိုင်လို့ အထူးသတိထားစေလိုပါတယ်။
ယတြာပြုလုပ်လိုပါက - ဘုရားမှာ “မင်းဂွတ်သီး” ()လုံးကို စနေ ၊ တနင်္ဂနွေ ၊ တနင်္လာ ၊ ကြာသပတေး နေ့များမှာ ကပ်လှူပေးပါ။ ဒီလထဲ ခရီးသွားလာမှု နှင့် အပျော်အပါးများကို တတ်နိုင်သရွေ့ ရှောင်ကျဉ်ပါ။
.
ရာဟု သားသမီးများ (ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမွေးသူများ)

ယခုလမှာ ရာဟုသားသမီးများအတွက် ဗုဒ္ဓဟူးသားသမီးများနှင့် ကံဇာတာ တစ်ခြားစီ ဖြစ်သွားနိုင်တဲ့ လ, ဖြစ်သွားပါတယ်။ ဒီလဟာ ရာဟုသားသမီးများအတွက် “မကောင်းသူကို ပယ် ၊ ကောင်းသူကို ကယ်” မည့် လ, တစ်လ ဖြစ်ဖွယ်ရှိပါတယ်။
ဒီလထဲမှာ ကောင်းသော အသက်မွေးမှု ရှိသူ ၊ မိမိထက် အားနည်းသူများကို ကူညီစောင့်ရှောက်တတ်သူ ၊ ကိုယ်ခြင်းစာတရားမြင့်မားပြီး စိတ်ထားကောင်းသူ ၊ မိသားစုအပေါ် တာဝန်ကျေပြီး အိမ်ထောင်ဘက်အပေါ် သစ္စာရှိသူ . . . စသည့် “လူကောင်း” များ အတွက် ဗုဒ္ဓဟူးသားသမီးများနှင့် မခြား ကံကောင်းနိုင်ပြီး အထက်ပါ အချက်များနှင့် ဆန့်ကျင်ဘက် စရိုက်လက္ခဏာများ ရှိသူများ ဘေးဥပဒ်ကြီးများ ကြုံတတ်သော လ, ဖြစ်သည်ဟုသာ ဆိုရပါလိမ့်မယ်။
သို့သော် နာမည်၏ အကျိုးသက်ရောက်မှုလည်း ရှိနိုင်သေးသောကြောင့် နာမည်တွဲလုံးများကို ဆက်ပြီး ဖတ်ကြည့်နိုင်ပါတယ်။
.
ယခုလအတွက်- နာမည်မှာ
- ဗုဒ္ဓဟူး(ရာဟု) စပြီး အင်္ဂါ (သို့) သောကြာ (သို့) စနေ နံများဖြင့် ပိတ်ထားသူများ ကံဇာတာကောင်းမွန်မှုကို ခံစားရရှိနိုင်ပါတယ်။
- ဗုဒ္ဓဟူး(ရာဟု) စပြီး တနင်္လာ (သို့) ကြာသပတေး နံဖြင့် ပိတ်ထားသူများ ဘေးဥပဒ်ကြီးများဖြင့် ကြုံနိုင်သောကြောင့် အထူးသတိထားရမည့် နာမည်တွဲလုံး ဖြစ်ဖွယ်ရှိပါတယ်။
- ဗုဒ္ဓဟူး(ရာဟု) စပြီး တနင်္ဂနွေနံဖြင့် ပိတ်ထားသူများကတော့ “ကော်ကောင်” တွဲလုံးဟု ခေါ်ရမှာဖြစ်ပြီး အခက်အခဲပြဿနာများ နှင့် ကြုံဆုံနိုင်သော်လည်း ကြံဖန်လွတ်မြောက်ပြီး ကောင်းစားသွားနိုင်သော တွဲလုံးဖြစ်ကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။
ယတြာပြုလုပ်လိုပါက
- မိမိနေအိမ်ဘုရားမှာ “နာနတ်သီး” “ပန်းသီး” “စပျစ်သီး” ()မျိုးတွဲပြီး မကြာခဏ ကပ်လှူပေးပါ။ မိမိလည်း စားသုံးပါ။
.
(၇)ရက် သားသမီးအားလုံး ကိုယ်ကျန်းမာခြင်း ၊ စိတ်ချမ်းသာခြင်းများဖြင့် ပြည့်စုံနိုင်ကြပါစေ။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူ-ဗေဒသုခုမ)

Related Posts Plugin for WordPress, Blogger...

My Account