Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ဟာသ. Show all posts
Showing posts with label ဟာသ. Show all posts

Wednesday, March 6, 2013

မတူညီခြင်းတွေ


အမျိုးသမီး ၂ ယောက် ရုံးတွင် စကားပြောနေကြသည်။

အမျိုးသမီး-၁။ ။ ဒို့လင်မယား ၂ ယောက် မနေ့ညနေက သိပ်ပျော်စရာကောင်းတာပဲကွာ။ မင်းရော။

Sunday, February 17, 2013

သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင်ဖတ်ပါ

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။
...
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

Friday, February 15, 2013

ကြက်ပုံပြင်

 Photo: အပျိုလေး အတွေး /အပျိုကြီးအတွေး /လူပျိုလေးအတွေး /လူပျိုကြီးအတွေး

ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါဗျို့ ဒီစာတပုဒ်နဲ့ တင်

အကြည်တော်ကိုတော်တော်ကြိုက်သွားတာ ...
သူငယ်ချင်းတို့ ဆိုရင်ကော ဘယ်လိုတွေးကြမလဲဆိုတာသိချင်တယ်



( ကြက်ပုံပြင် )
========
အခန်း - ၁

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီးဖြတ်တိုက် သွားသည်။

ဒါကိုမြင်သော

အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။

အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကိုမကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင်သွားတာ။

လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံးနေရ ခက်နေတော့မှာပါ။

လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်းရှာတယ်။ ဟို စကားပုံအတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊
တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော် ချင် မယားငယ်ထား၊
တစ် သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။
အင်း ..ကြက်ဖခမျာ တစ်သက်လုံး ပျော် ချင်လို့နဲ့ တူပါတယ်။င်္

အခန်း - ၂

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။

ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။

အပျိုလေးအတွေး – အင်း- ကြက်မကိုလိုက်ဖို့ကြက်ဖတစ်ကောင် တော့ ထပ်ရှာရဦးမှာပဲ။

အပျိုကြီးအတွေး – ရှေ့မ ကြည့် နောက်မကြည့်လိုက်တာကိုး။
သေတာတောင်နည်းသေး။

လူပျိုလေးအတွေး – အချစ် အတွက် အသက်ကိုပဓာနမထားဘဲ ချစ်ရဲတဲ့ ကြက်ဖပဲ။

လူပျိုကြီးအတွေး – ဟီဟိ- ဟို ကြက်မတော့ ကြက်ဖမရှိရင် တစ် သက်လုံးနေရခက်ပြီ။င်္

အခန်း - ၃

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်မိ မမိ ရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးတာ သိပ်များမြန်နေလား။

ကံဆိုးစွာပင် ပြေးနေသောနှစ် ကောင်လုံးကို ကားဖြတ်တိုက်သွား သည်။

အပျိုလေးအတွေး – အစက တည်းက ကြက်ဖမီအောင်လိုက်သင့် တယ်။

အပျိုကြီးအတွေး – ကြက်မ အပြစ်မဟုတ်ဘူး၊ ကြက်ဖအပြစ်။

လူပျိုလေးအတွေး – အမှန်ဆို ကြက်မလေးက အရှိန်လျှော့သင့် တယ်။

လူပျိုကြီးအတွေး – ဟီဟိ.. အေးရော၊ ဟင်းစားတော့ရပြီ။င်္

အခန်း - ၎

ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။

ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူပေါ့။

ကြက်မအတွေး – ငါပြေးနေ တာ သိပ်များမြန်နေလားမသိ။

ကြက်များခေါင်းထဲတွင် ထိုမျှ သာရှိသော်လည်း

လူတွေက မျိုးစုံ တွေး မျိုးစုံပြောနေကြလေသည်။

(အကြည်တော်)

Moe Thu
Myanmar News Update
အပျိုလေး အတွေး /အပျိုကြီးအတွေး /လူပျိုလေးအတွေး /လူပျိုကြီးအတွေး

ဖတ်ဖြစ်အောင်ဖတ်ကြည့်ကြပါဗျို့ ဒီစာတပုဒ်နဲ့ တင်

အကြည်တော်ကိုတော်တော်ကြိုက်သွားတာ ...
သူငယ်ချင်းတို့ ဆိုရင်ကော ဘယ်လိုတွေးကြမလဲဆိုတာသိချင်တယ်

Thursday, February 14, 2013

ကြုံမှမကြုံဖူးပဲဟာ.....

Photo: ကြုံမှမကြုံဖူးပဲဟာ.....

ခရီးသည် တစ်ယောက်....... taxi ကားငှားစီးလာ၏။

ရုတ်တရက် တစုံတခု မေးချင်လာသဖြင့် taxi ဒရိုင်ဘာ ပုခုန်း ကိုလှမ်း ပုတ်လိုက်သည်။

" အောင်မလေးဗျ " ဟု ဒရိုင်ဘာကြောက်လန့်တကြားအော်ကာ ကားလက်ကိုင် မထိမ်းနိုင် ပဲ ဖြစ်သွား၏။

ကားသည်ရှေ့တွင်ရပ်ထားသော bus ကား ကို ၀င်တိုက်မလိုဖြစ်သွား၏။

ထိုမှတဖန် လူသွားလမ်းပေါ်တက်သွား၏။

လူသွားလမ်းမှ ကွမ်းယာဆိုင်တွင် ကွမ်းဝယ်နေသည့်လူများအားတိုက်မလိုဖြစ်ပီး...ဆက်သွား၏။

နောက်ဆုံး...ကွမ်းယာဆိုင်နောက် ရှိ စတိုးဆိုင်ကြီးတဆိုင်၏ မှန် တံခါးရှေ့တည့်တည့် ၆ လက်မ အလိုခန့်တွင် ရပ်တန့်သွား၏။

မိနစ်အနဲငယ်မျှ taxi ကားပေါ်တွင် တိတ်ဆိတ်သွား၏။

ခဏ အကြာတွင် ခြောက်ကပ်သောအသံဖြင့် ဒရိုင်ဘာကပြောသည်။

" ဟေ့လူ။နောက်ကို ဒီလိုဘယ်တော့မှမလုပ်နဲ့သိလား။ကံကောင်းလို့ ကား တိုက် မှူ မဖြစ်တယ် "

" ကျနော်တောင်းပန်ပါတယ်။ပုခုန်းကိုအသာလေးပုတ်တာနဲ့ လန့်သွားမယ်လို့ဘယ်လိုမှမထင်မိလို့ပါဗျာ "

ခရီးသည်ကအထက်ပါအတိုင်း တောင်းပန်စကားဆိုသဖြင့် ဒရိုင်ဘာပြန်ပြောလိုက်ပုံက....

" တကယ်တော့ ခင်ဗျား အပြစ်မဟုတ်ပါဖူး။

ကျနော်က ဒီနေ့မှ taxi တက်မောင်းသူလေ....၂၅ နှစ်လုံးလုံး အသုဘယာဉ် ကိုပဲ မောင်းခဲ့တာမို့ပါ...."...တဲ့

တိန်

ရီမောပျော်ရွှင်ပါစေ

ကိုလုံ
ခရီးသည် တစ်ယောက်....... taxi ကားငှားစီးလာ၏။

ရုတ်တရက် တစုံတခု မေးချင်လာသဖြင့် taxi ဒရိုင်ဘာ ပုခုန်း ကိုလှမ်း ပုတ်လိုက်သည်။

" အောင်မလေးဗျ " ဟု ဒရိုင်ဘာကြောက်လန့်တကြားအော်ကာ ကားလက်ကိုင် မထိမ်းနိုင် ပဲ ဖြစ်သွား၏။

Related Posts Plugin for WordPress, Blogger...

My Account