Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, December 28, 2011

၃ ရက်အတွင်း အပျက်အစီးများလာနိုင်တဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး နှင့် ဆူနာမီ ဖြစ်လာနိုင်တဲ့ အနေအထားများ အတွက် အထူး သတိပေးချက်..

Written by : ဇော်ဇော် 2011-12-27 08:04:29




ဒီနေ့ (27.12.2011 နေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီအချိန်) မြင်တွေ့ရတဲ့ မိုးလေ၀သ ကောင်းကင်ဓါတ်ပုံ (Google Earth)


မတ်ဖန် အနေနဲ့ ဘောလုံးသတင်းတွေ သီးသန့် တင်ဆက်တဲ့ အင်တာနက် ၀ဘ်ဆိုဒ် တစ်ခုဖြစ်ပေမယ့် ဘေးအန္တရာယ်နဲ့ ပတ်သက်လာရင် သတိပေးချက်တွေ ထုတ်ပြန်ပေးလေ့ရှိတာ နာဂစ်မုန်တိုင်းကြီး စတင် တိုက်ခတ်တော့မယ်လို့ သတိပေးချက်က စတင်ခဲ့တဲ့ အစဉ်အလာကောင်းပဲ ဖြစ်ပါတယ်။

အခုလဲ မိုးလေ၀သ သတင်းတွေကို အဆက်မပြတ် စောင့်ကြည့်နေခဲ့ရာမှာ ၂၀၁၂ နှစ်ကုန်ပိုင်းမှာ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီးတစ်ခု ဘင်္ဂလားပင်လယ်အော် အတွင်း ရှိနေတာကို မြင်တွေ့ရပါတယ်။ ဒီမုန်တိုင်းကြီးဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ မြန်မာနိုင်ငံ မိုးဇလ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။ ဆရာ့ဝဘ်ဆိုဒ်မှာ ဖေါ်ပြထားတာကို အောက်ပါအတိုင်း ဖေါ်ပြအပ်ပါတယ်...

---------
ဘင်္ဂလား ပင်လယ်အော် အနောက်တောင် ပိုင်းမှာ ဖြစ်ပေါ် နေတဲ့ 03B မုန်တိုင်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းကြီး ဖြစ်လာပြီး (၃၀-၁၂-၂၀၁၁) ရက် ညနေပိုင်းမှာ အိန္ဒိယ နိုင်ငံ တောင်ပိုင်း အရှေ့ဖက် ကမ်းခြေကို Chennai မြို့အနီးမှ ဖြတ်ကျော်ကာ ကုန်းတွင်းကို ၀င်ရောက် လိမ့်မယ်လို့ခန့်မှန်းရ ပါတယ်။ (၂၇-၁၂-၂၀၁၁ ရန်ကုန်၊ နံနက် ၀၆း၂၈ နာရီ)

ကြိုတင်ကာကွယ်မှုသာ အားနည်းခဲ့ရင် အိန္ဒိယနိုင်ငံအတွက် အသေအပျောက်အပျက်အစီး ကြီးမားနိုင်တဲ့ မုန်တိုင်းကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။




03B မုန်တိုင်းကို တဖြည်းဖြည်း ပိုမိုအားကောင်းလာကာ အားကောင်းတဲ့ဆိုင်ကလုန်းမုန
်တိုင်းကြီး တစ်ခုဖြစ်လာပြီးတဲ့နောက် (၃၀-၁၂-၂၀၁၁) နေ့ညနေပိုင်းအချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း အရှေ့ဖက်ကမ်းခြေကို Chennai မြို့အနီးက ဖြတ်ကျော်ဝင်ရောက်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။



အနေအထားကတော့ အန္တရာယ်အလွန်ကြီးမားတဲ့ အခြေအနေပါပဲ။ ဒီလိုအင်အားနဲ့သာဖြတ်ခဲ့ရင်သေချာပေါက် မုန်တိုင်းဒီရေက တက်တော့မှာပဲ။ အသေအပျောက်တွေကိုလည်း စိတ်မချမ်းမြေ့စရာ ကြားရတော့မှာပါပဲ။



ဒီနေရာမှာ တကယ်ဆိုရင် ကြိုတင်ကာကွယ်မှုပဲလိုပါတယ်.။ အချိန်(၃)ရက်အနည်းဆုံးရပါတယ်။ အိန္ဒိယပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ကြပါစေ။ ကျွန်တော်တို့အတွက်ကတော့ ဒီမုန်တိုင်းနောက်(၃)ရက်အတွင်း လမ်းကြောင်းပြောင်းကာ အရှေ့မြောက်ဖက်ကိုပြန်ကွေ့မလာပါစေနဲ့။




ဒါကိုတော့ သတိထားပြီးစောင့်ကြည့်နေဖို့လိုပါတယ်။ လို့ ဒေါက်တာ ဦးထွန်းလွင် က TunLwin.com မှာ ဖေါ်ပြထားပါတယ်။..

မြန်မာပြည်အတွက်တော့ မုန်တိုင်း ကွေ့မလာစေဖို့ ဆုတောင်းနေရသလို မုန်တိုင်းသင့်လာနိုင်မယ့် ဒေသက လူတွေ အသေအပျောက်နည်းစေဖို့ (လုံးဝမရှိစေဖို့) ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဒီသတင်းကို များများလေး Share လုပ်ပေးကြပါလို့ ကျွန်တော့် အနေနဲ့ အထူး မေတ္တာရပ်ခံ ချင်ပါတယ်...

လူသားအားလုံး ဘေးအန္တရာယ်များမှ ကွင်းကွာနိုင်ပါစေ...
ဇော်ဇော်
Mutdfan.com

မေးလ်ကနေ ပို့တင်ဖို့ စမ်းကြည့်တာပါ။

လုလင်တစ်ဦးအတွေးပုံရိပ်ဆိုက်ကနေ ကူးယူပြီး ဒီပို့လေးကိုလည်း မေးလ်ကနေ စမ်းတင်ကြည့်လိုက်တာပါ။

ဒီနည်း ကလေးကတော့ လွယ်လည်း လွယ်ပါတယ် ... blog တစ်ခုကို တည်ပြီးတော့ နောက်ထပ် blog ရေး ဖို့ အတွက် blogger ကို ပိတ်ထားတယ် ဆိုရင် တော်တော် အသုံးဝင်ပါတယ် ... ဒါမှ မဟုတ် ကိုယ် က ပိုစ့် တစ်ခုကို တင်ချင်တယ် ဒါပေမယ့် blogger မှာဝင်ပြီးတော့ တကူး မက မတင်ချင်တော့ဘူး .. တစ်ခါထဲ ကိုယ့် ရဲ့ မေးလ် ထဲကနေပြီးတော့ တင်လိုက်မယ် ဆိုရင်လည်း အဆင်ပြေသွားပါတယ် ... လုပ်ရမယ့် အချက်တွေ ကလည်း မများပါဘူး .... ကဲ စလုပ်ကြည့်လိုက်ရအောင် ....

ဂဏန်းဗေဒင်မှလာသော သင်၏ချစ်သူအကြောင်း

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. ==သင်၏ချစ်သူဟာ.. နံပါတ် (၁) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၂) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ
မွေးဖွားခဲ့မယ်ဆိုရင်.. == မင်းဟာ.. နံပါတ် (၄) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 5th, 14th, 23rd မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၅) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 6th, 15th, 24th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== မင်းဟာ.. နံပါတ် (၇ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 8th, 17th, 26th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၈ သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 9th, 18th, 27th မှာ မွေးဖွားခဲ့မယ်ဆိုရင်..
== သင်၏ချစ်သူဟာ.. နံပါတ် (၉) သမား...

ဒီနေရာမှာ သင်၏ချစ်သူကို မင်းလို့ နာမ်စားသုံးကြပါစို့.......

တကယ်ချစ်လို့လား၊ အပျော်တွဲမှာလားတဲ့...

ဒါကတော့ ကျွန်တော် ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ မောင်နှမအရင်းအချာ တစ်ယောက်လိုခင်တဲ့ ပညာတူမောင်နှမတစ်ယောက်က မေးလ်ပို့ပေးလိုက်တာပါ။ အဲဒါလေးကို ပြန်တင်ပေးလိုက်ပါတယ်။

အပျိုလေး အပျိုကြီးတွေအတွက် ဘ၀လက်တွဲဖော်

ရန်ကုန်က ပညာသင် မောင်နှမတစ်ယောက်ဖြစ်သူ ဆရာမနှင်းအိမ်ဝေက မေးလ်ပို့ပေးလိုက်တာ။ အားလုံးအတွက် ကျွန်တော်က ပြန်လည် မျှဝေပေးလိုက်ပါတယ်။


မြန်မာ့ရိုးရာလက်ဆန်း နည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာ တွေရှိပါလိမ့်မယ်... ရင်ခုန်ရတာ တဖက် ၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ် ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။ တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်.

ဓမ္မာ - သောက - အင်းဝ - ရာဇာ အိမ်ထောင်ဘက်များအတွက်


ဗေဒင်ဆရာဘ၀ အတွေ့အကြုံများထဲတွင် အိမ်ထောင်ရေးကိစ္စများ အများဆုံး ကြုံတွေ့ရတတ်၏။ ရှေ့အခါတုန်းက ဆရာသမားများက ဗေဒင်ဆရာများ ဗေဒင်ကိန်းဂဏန်းများတွင် အသုံးပြုရန်အတွက် မှတ်ရလွယ်ကူစိမ့်သောငှာ ဓမ္မာသောက အင်းဝ ရာဇာ အိမ်ထောင်ဘက် အသက်မရှည်ရာ စသည်ဖြင့် လင်္ကာများ စပ်၍သင်ပေးထားခဲ့၏။ ထိုလင်္ကာများကို ဗေဒင်ပညာနှင့် မနီးစပ်သူများကယူ၍ စနေနှင့် ကြာသပတေး ၊ သောကြာနှင့် တနင်္လာ ၊ တနင်္ဂနွေနှင့် ဗုဒ္ဓဟူး ၊ ရာဟုနှင့် အင်္ဂါ လက်မထပ်ကောင်း၊ လက်ထပ်ပါက အိမ်ထောင်သက် မရှည် စသည်ဖြင့် ကောက်ယူကြ၏။ မည်သို့ ဖြစ်သည်မသိ ထိုအယူအဆသည် လူတော်တော်များများ အထူးသတိထားကြသော အယူအဆတစ်ခုသို့ ရောက်သွား၏။

မိမိတစ်ဖက်သတ် တိတ်တခိုး ချစ်ကြိုက်နေသူမှ မိမိကို ပြန်လည် စိတ်ဝင်စားလာစေသောနည်း



ကျွန်တော့်ဆီကို အမျိုးသမီးတစ်ဦး မေးလ်ပို့လာတယ်။ ဆရာတဲ့ ကိုယ်တစ်ဖက်သတ် စွဲလန်းနေတဲ့သူ ကိုယ့်ကိုပြန်ကြိုက်လာအောင် ပြန်ချစ်လာအောင် ဘယ်လို ယတြာချေရမလဲတဲ့။ ယတြာတွေကတော့ ရှိပါတယ်။ ဒီနေရာမှာ တစ်ချို့ကြတော့ ဒီစကားကို အပြစ်တင် ချင်တင်ကြမယ်။ ဒါပေမယ့် အမျိုးသားတွေ အတွက်ကတော့ ပြဿနာမရှိဘူး။ ကိုယ်က မိန်းကလေး ဖြစ်နေတယ်ဆိုရင်တော့ အခက်အခဲ ရှိတယ်။

ကိုယ်ကြိုက်တဲ့ ယောက်ျားလေးကို ဘယ်လို လုပ်ရမလဲ။ မိန်းကလေးတန်မဲ့ ကိုယ်က ချစ်တယ်လို့ ဖွင့်ပြောလို့ကလည်း ကိုယ်က မြန်မာမိန်းကလေးဆိုတော့ မသင့်တော်ဘူးပေါ့။

Zards Software Cleanse Uninstaller Pro 8.0.0


Related Posts Plugin for WordPress, Blogger...

My Account