Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Monday, March 11, 2013

Phone Shan - Talking Tortoise



စကားပြောသော လိပ်ကလေး
 ဘုန်းသျှံ၊ (လန်ဒန်ဝိဟာရ)၊ မတ် ၈၊ ၂၀၁၃
လိပ်ကလေးက စကားပြောတယ်လို့ဆိုလျှင် စာဖတ်သူတို့ ယုံကြည်မှု ရှိနိုင်ကြပါမလား? ယုံချင်ယုံ- မယုံချင် အင်္ဂလန်က ပုံပြင်တစ်ခုလို့သာ မှတ်ကြပါ။ တကယ်တော့ လူတွေကသာ နားမလည်ကြတာပါ၊ အဟိတ် တိရ စ္ဆာန်တွေဟာ သူတို့၏ ဘာသာဘာဝ စကားကို ပြောတတ်ကြပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် ပြောဆိုကြတာကို သူတို့က အချင်းချင်း နားလည်ကြပါတယ်။ သာယာမြည်ကျွေး တေးကလေးတွေလည်း သီဆိုတတ်ကြလို့ ကလူကြည်ဆယ် ပျော်မြူးကြလို့ ဟိုပြန် ဒီပြေး လုပ်နေတတ်တာကို တွေ့ဘူးနေကြမှာပါ။

Saturday, March 9, 2013

သင်းကွပ်ကြက်

Photo: သင်းကွပ်ကြက်
___________

တခြားတိရစ္ဆာန်တွေကို မျိုးမပွားအောင်ဆိုပြီး သင်းကွပ်ပေးတာကို ကြားဖူး၊ မြင်ဖူးကြပေမယ့် ကြက်ကိုသင်းကွပ်တာတော့ လူအနည်းငယ်လောက်သာ ကြားဖူးကြမယ်လို့ထင်ပါတယ်။ ကျွန်မတို့ အဘိုးအဘွားတွေက ကြက်ကိုသင်းကွပ်ရတယ်ဆိုတာကို ဘယ်ကနေ ဘယ်လို သိတတ်သင်ယူခဲ့မှန်း မသိပါဘူး။ ကျွန်မ မှတ်မိတတ်စ အရွယ်ကတည်းက တောင်ကြီးမြို့မှာနေတဲ့အဘွားဟာ ရွာကိုမကြာခဏ ဆင်းလာပြီး နှစ်သစ်ကူးမှာရောင်းဖို့ ကြက်တွေကိုသင်းကွပ်ပေးခဲ့ပါတယ်။ 

သင်းကွပ်ပါတယ်ဆိုမှတော့ ကြက်ဖတွေပေါ့နော်။ သင်းကွပ်ရတဲ့ကြက်အရွယ်က ကြက်သန်းအရွယ်ပါ။ ကြက်အရွယ်ရောက် မရောက်ကို ကြက်ခြေထောက်နားက ကြက်အတက်ကို ကြည့်ရပါတယ်။ အတက်အရမ်းရှည်နေတဲ့ကြက်ကို သင်းရင်သေလွယ်တာကြောင့် အတက် လက်တစ်ဆစ်ရဲ့တစ်ဝက်လောက်ရှိတဲ့ကြက် ဒါမှမဟုတ် အတက် အဖုလေးတွေ့ရတဲ့ကြက်ကိုပဲ သင်းရပါတယ်။ အဘွားက ကြက်ကို မနက်ဝေလီဝေလင်းအချိန်မှာ သင်းကွပ်ပါတယ်။ မနက်အေးတဲ့အချိန်ဆိုရင် အနာသက်သာအောင်လို့ပါ။ သင်းကွပ်ဖို့ ညကတည်းက ဖမ်းလှောင်ထားတဲ့ ကြက်သန်းပျိုတွေကို အဘွားက  ဒူးနှစ်ချောင်းကြားမှာ စောက်ထိုးညှပ်လိုက်ပြီး ကြက်ရဲ့ အမြီးအောက် စအိုနားလောက်မှာ ရေလေးနဲ့ဆွတ်၊ အမွေးများရင် အမွေးတွေကိုနုတ်ပြီး ဓားပါး(မုတ်ဆိတ်ရိတ်ဓား)နဲ့ ခွဲပါတယ်။

အဘွားကြက်သင်းကွပ်တိုင်း ကျွန်မက ကြက်မရုန်းအောင် ကြက်ခြေထောက်တွေကို ကိုင်ထားပေးရပါတယ်။ (ဒါကြောင့်လည်း ကျွန်မမြင်ခဲ့၊ မှတ်မိခဲ့တာတွေကို အခုလို ချရေးဖြစ်ပါတယ်)။ အဘွားက ကြက်ရဲ့စအိုအောက်နားလေးမှာ ဓားနဲ့တစ်လက်မလောက် (လက်နှစ်လုံးဝင်စာ)ခွဲပြီး သေချာဆေးထားတဲ့လက်နဲ့  နိုက်ပါတယ်။ ဟိုစမ်း ဒီစမ်းနဲ့ ခဏအကြာမှာ အဘွားလက်ထုတ်လာရင် လက်သန်းလောက်ရှိတဲ့ ဖြူဖြူအစေ့လေး (ပဲတောင့်ရှည်ရဲ့အစေ့သဏ္ဍာန်) ပါလာပါတယ်။ (သင်းကွပ်ပါတယ်ဆိုမှ ကျွန်မကို ဘာအစေ့လို့ခေါ်သလဲလို့တော့ မမေးနဲ့ပေါ့နော်)။

ကြက်ကြီးရင် အစေ့ကြီးပြီး ကြက်နုရင် အစေ့သေးပါတယ်။ ကြက်နုလွန်းရင် အစေ့ကို စမ်းမရဖြစ်တတ်ပါတယ်။ ဒါကြောင့် ကြက် မကြီးလွန်း၊ မသေးလွန်းတဲ့အရွယ်မှာ သင်းကွပ်တာ အကောင်းဆုံးပါ။ အစေ့က နှစ်စေ့ရှိပြီး လခြမ်းပုံသဏ္ဍာန်ရှိပါတယ်။ အစေ့နှစ်စေ့လုံး လုံးဝထွက်လာပြီဆိုရင် ခွဲထားတဲ့နေရာကို ချုပ်ရပါတယ်။ ချုပ်ပြီး ကြက်ကို ရေတိုက်၊ စောက်ထိုးကြီး ညှပ်ထားတာမို့ အထက်အောက်သမအောင်လှုပ်ပေးပြီး လွှတ်လိုက်ပါတယ်။

ကြက်သင်းတဲ့အခါမှာ အချိန်ကြာနေလို့မဖြစ်ပါဘူး။ ဒါကတော့ လူတိုင်းသိပါတယ်။ အချိန်ကြာရင် သွေးလွန်ပြီး ဒါမှမဟုတ် ဗိုက်ထဲလေတွေဝင်ပြီး သေသွားတတ်လို့ပါ။ အဘွားပြောပြတာက အစေ့က ကြက်ရဲ့နောက်ကျောနေရာမှာ ကပ်နေတယ်လို့ဆိုပါတယ်။ ကြက်သားစားတဲ့အချိန် သတိထားမိကြမှာပါ။ ကြက်ဖသားကို ဝယ်ခဲ့တယ် ဆိုရင်ပေါ့။

ကြက်(၁ဝ)ကောင်သင်းကွပ်ရင် ၁ဝကောင်လုံး မအောင်မြင်နိုင်ပါဘူး။ တချို့က သေသွားတတ်သလို တချို့က ဘယ်လိုပြောမလဲ.. အခြောက်ဖြစ်သွားတယ် ခေါ်ရမလား...? အဲတာက ဘာကြောင့်လဲဆိုရင် အချိန်လွန်သွားလို့ အစေ့နှစ်စေ့မှာ တစ်စေ့ပဲထုတ်မိတာတို့၊ အစေ့ကို လက်နဲ့ကုတ်မိပြီး တစ်ခြမ်းပဲ့ကျန်ခဲ့တာတို့ဖြစ်ရင် အဲဒီကြက်က အခြောက်ဖြစ်သွားပါတယ်။

သင်းကွပ်လုံးဝ အောင်မြင်သွားတဲ့ကြက်က ကြက်အမတွေနဲ့ အတူမနေတော့ပါဘူး။ သီးသန့်နေပါတယ်။ ဒါကြောင့် သင်းထားတဲ့ ကြက်ဖက တစ်နေ့တစ်ခြား ဝဝလာပြီး တစ်နှစ်လောက်မွေးထားရင် တစ်ကောင်ကို နှစ်ပိဿာကျော်၊ သုံးပိဿာအထိရှိနိုင်ပါတယ်။ တရုတ်တွေ တအားမျက်စိကျတဲ့ အရောင်အသွေးစုံ အတောင်ပံတွေနဲ့ ကြက်ဝတုတ်ကြီးကို တရုတ်နှစ်သစ်ကူးအချိန်မှာရောင်းရင် ဈေးပိုရပါတယ်။ တခြားရိုးရိုးကြက်တွေထက် သူက ဈေးပိုရတာကြောင့် အဘွားရှိတုန်းက တရုတ်နှစ်သစ်ကူးအတွက်ဆိုပြီး စီးပွားအဖြင့် သင်းကွပ်ကြက်တွေကို အုပ်လိုက် မွေးမြူခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက အဘွားက ရွာမှာတစ်ဦးတည်းသော သင်းကွပ်ကြက်ရောင်းသူပါ။ အဘွားမျက်စိမွဲလို့ ကြက်တွေကို မချုပ်နိုင်တော့တဲ့အခါ ကျွန်မ အဖေက အဲဒီအမွေကို ဆက်ခံပါတယ်။ အဖေကတော့ စီးပွားအဖြင့်မမွေးခဲ့ပါဘူး။ အိမ်စားဖို့အတွက်ပဲ မွေးခဲ့ပါတယ်။

သင်းကွပ်မအောင်မြင်တဲ့ ကြက်(အခြောက်)တွေက ကြက်အမတွေနဲ့ အတူနေတတ်တယ်။ သင်းကွပ်မအောင်တဲ့ ကြက်ဖနဲ့ရတဲ့ ကြက်ဥကို အကောက်ဖောက်လို့ မရပါဘူး။ အဲဒီကြက်ဥက ကြက်မဘယ်လောက်ကြာကြာ ဝပ်ဝပ် အကောင်မပေါက်တတ်သလို ဝပ်ရင်းက ကြက်ဥတွေ ပုပ်သွားတတ်ပါတယ်။ ဒါကြောင့် သင်းကွပ် မအောင်မြင်တဲ့ကြက်ကို ကြက်သတ်သူတွေဆီရောင်း ဒါမှမဟုတ် ချက်စားလိုက်တာက အကောင်းဆုံးပါ။  သင်းကွပ်အောင်မြင်တဲ့ ကြက်ဖရဲ့အမောက်က မကြီးတတ်တော့သလို အောက်အီးအီးအွတ်လဲ မအော်တတ်တော့ပါဘူး။ မအောင်မြင်တဲ့အကောင်တွေရဲ့အမောက်က မကြီးမငယ်ဖြစ်နေတတ်ပါတယ်။ မကြီးမငယ်ဆိုတာ တကယ့်ကြက်ဖလောက်လဲမကြီး ကြက်အမတွေလောက်လဲမငယ်တဲ့ အမောက်ပေါ့။ ဒါကြောင့် သင်းကွပ်ကြက်စစ်မစစ် အမောက်ကြည့်ပြီး ခွဲနိုင်ပါတယ်။ ကျွန်မအဖေမရှိတော့တဲ့နောက် ကျွန်မတို့အိမ်မှာ အဲဒီအမွေကို ဘယ်သူ့မှ ဆက်မခံခဲ့တော့ပါဘူး။ ကျွန်မလဲ တစ်ချိန်တုန်းက ဖြစ်ပျက်ခဲ့ဖူးတာကို မကြားဖူးသူများ ကြားသိရအောင် ဗဟုသုတအနေနဲ့ မှတ်မိတာကို မျှဝေလိုက်ပါတယ်။ ကျွန်မသုံးနှုန်းထားတဲ့ စကားလုံးတွေ ရိုင်းစိုင်းခဲ့ရင် ကျွန်မရဲ့ညံ့ဖျင်းမှုပဲဖြစ်ကြောင်း ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။

*** ပုံထဲမှာ ကြက်ဖစစ်စစ်နဲ့ သင်းကွပ်ခံထားရတဲ့ကြက်ဖတွေရဲ့အမောက်ကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။


နိုင်းနိုင်းစနေ (Sunday, January 27, 2008)
.
တခြားတိရစ္ဆာန်တွေကို မျိုးမပွားအောင်ဆိုပြီး သင်းကွပ်ပေးတာကို ကြားဖူး၊ မြင်ဖူးကြပေမယ့် ကြက်ကိုသင်းကွပ်တာတော့ လူအနည်းငယ်လောက်သာ ကြားဖူးကြမယ်လို့ထင်ပါတယ်။ ကျွန်မတို့ အဘိုးအဘွားတွေက ကြက်ကိုသင်းကွပ်ရတယ်ဆိုတာကို ဘယ်ကနေ ဘယ်လို သိတတ်သင်ယူခဲ့မှန်း မသိပါဘူး။ ကျွန်မ မှတ်မိတတ်စ အရွယ်ကတည်းက တောင်ကြီးမြို့မှာနေတဲ့အဘွားဟာ ရွာကိုမကြာခဏ ဆင်းလာပြီး နှစ်သစ်ကူးမှာရောင်းဖို့ ကြက်တွေကိုသင်းကွပ်ပေးခဲ့ပါတယ်။

ရေ

Photo: ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်လို့ဆိုသလို လူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၆ဝ~၇ဝ%ခန့်က ရေဖြစ်ပါတယ်။
အမေရိကန်စာရေးဆရာ ဆရာဝန် F.Batmanghelid က  "Your Body's Many Caries For Water" ရေက အကောင်းဆုံးဆေးဆိုတဲ့ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ "သင် မဖျားပါဘူး... သင် ရေဆာနေတာပါ"လို့ သူကဆိုပါတယ်။ 

ဖတ်မိတဲ့စာတစ်ပုဒ်က ဒီလိုရေးထားပါတယ်...

မျက်နှာပေါ် အစက်အပျောက်တွေများနေရင် --- မနက်စောစော ရေကျက်အေးတစ်ခွက်သောက်ပါ
နှာဆေးချောင်းဆိုးရင် ---- နေ့စဉ်သောက်နေကျရေထက် ပိုသောက်ပေးပါ
ဝမ်းပိတ်နေရင် --- ရေကို အငုံကြီး အငုံကြီး (တဂွတ်ဂွတ်နဲ့) သောက်ပါ
အော့အန်ချင်ရင် --- ဆားရေနဲ့ ပလုပ်ကျင်းပါ
အပူများရင် --- ရေကို တစ်ငုံလိုက် တစ်ငုံလိုက် ဖြေးဖြေးချင်းသောက်ပါ
ဝနေရင် --- အစာစားပြီး နာရီဝက်အကြာမှာ ရေများများသောက်ပါ
ချောင်းဆိုးရင် --- ရေပူ ရေနွေးများများသောက်ပါ
အိပ်မပျော်ရင် --- ရေနွေးနဲ့ ရေချိုးပါ၊ ခြေထောက်ကို ရေနွေးစိမ်ပါ
စိတ်ရှုပ်၊ ဦးနှောက်ခြောက်ရင် --- ရေများများသောက်ပါ
နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ချင်ရင် --- မအိပ်ခင် ရေတစ်ခွက်သောက်ပါ

အမျိုးသားများ တစ်နေ့ကိုရေ သုံးလီတာခန့်၊ အမျိုးသမီးများ ၂.၂ လီတာခန့် သောက်သုံးသင့်ပါတယ်။
ဒီလင့်ထဲမှာ http://nutrition.about.com/library/blwatercalculator.htm ကိုယ့်ရဲ့အလေးချိန်ကိုထည့်ပြီး တစ်နေ့ရေ ဘယ်လောက်သောက်ရမယ်ဆိုတာ ခန့်မှန်းတွက်ချက်နိုင်ပါတယ်။
ရေများများသောက်ရသလို သန့်ရှင်းတဲ့ရေ၊ ကျိုချက်ထားတဲ့ရေကို သောက်တတ်ဖို့လည်း လိုအပ်ပါတယ်။
.
ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်လို့ဆိုသလို လူ့ခန္ဓာကိုယ်အလေးချိန်ရဲ့ ၆ဝ~၇ဝ%ခန့်က ရေဖြစ်ပါတယ်။
အမေရိကန်စာရေးဆရာ ဆရာဝန် F.Batmanghelid က "Your Body's Many Caries For Water" ရေက အကောင်းဆုံးဆေးဆိုတဲ့ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ "သင် မဖျားပါဘူး... သင် ရေဆာနေတာပါ"လို့ သူကဆိုပါတယ်။

Thursday, March 7, 2013

ဖန်ခွက်နှင့် ပြဿနာ

 
စာသင်ခန်း တစ်ခုထဲကို ဆရာဝင်လာပါတယ်။ ယင်းနောက် ကျောင်းသား များ ရှေ့မှာ ဖန်ခွက်ထဲ ရေဖြည်လို့ ကိုင်မြောက်ပြီး ယခုလို စကားဆိုပါတယ်။ 

ဆင်များ ကြောက်သည့်အခါ

 
ဆင်များ သွားလာတဲ့အခါ တစ်ကောင်အမြီးကို တစ်ကောင်နှာမောင်းနဲ့ ချိတ်ပြီး သွားတဲ့ အကျင့်တစ်ခု ရှိပါတယ်။ 

ရောင်းမကုန်လျှင် မီးရှို့ သော LV ဖက်ရှင်


LV (Lousi Vuitton) ဆိုတာ ပြင်သစ်နိုင်ငံ အခြေဆိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ပစ္စည်းကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ အထူးဖြင့် LV အမှတ်တံဆိပ်နဲ့ ပိုက်ဆံအိပ်များက ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် သားရေသား စစ်စစ်နဲ့ ဈေးကြီးကြီးထုတ်လုပ်ရောင်းချပါတယ်။

အရှေ့ တောင်အာရှက မြွေဟောက်ဘုရင်


မြွေဟောက်ဘုရင်သာ ဆိုပါတယ်။ အမှန်တော့ သူက မြွေဟောက်မျိုးရိုး ထဲမှာမရှိပါဘူး။ King Cobra ဆိုပြီး သူ့ Gene က သက်သက်ရှိနေ ပါတယ်။ မြွေဟောက်ဘုရင်လို့ခေါ်ရတဲ့ အကြောင်းကတော့ သူဟာ မြွေကို မှ နှစ်နှစ်ခြိုက်ခြိုက်စားသုံးတတ်လို့ ဖြစ်ပါတယ်။ 

အမေရိကန်၏ ရွှေ့ လျားနေသော စစ်တပ် သို့မဟုတ် USS RONALD REAGAN


ရွှေ့ လျားနေသော စစ်တပ်ကြီးပါပြီ။ တိုက်ယာဉ် အစင်း ၉၀၊ စစ်သည်ပေါင်း ၅၀၀၀၊ တင့်ကား၊ လောင်ချာ၊ တာပီဒို ပြောမကုန်အောင်  စစ်လက်နက် စုံစုံလင်လင် ပါရှိတော့ သူ့ကိုမှ ရွှေ့ လျားနေတဲ့ စစ်တပ်လို့ မခေါ်ရင် အခြား နာမည်မရှိတော့ပါဘူး။ 

မျောက်ကြည့်မျက်မှန် (BOKITOKIJKERS)


 ၂၀၀၇ ခုနှစ်တုန်းက နယ်သာလန်နိုင်ငံ တိရစ္ဆာန် ဥယျာဉ် တစ်ခုမှာ ဂေါ်ရီ လာ (Bokito အမည်ရ) မျောက်ဝံတစ်ကောင်ရဲ့  တိုက်ခိုက်မှုကို လူသုံးလေးယောက် လောက် ခံလိုက်ရပါတယ်။ 

Wednesday, March 6, 2013

တခြားလူရဲ့အသိပညာနဲ့ ကိုယ့်ကိုယ်ကိုဖြည့်ဆည်းလို့ရတယ်
ဒါပေမယ့် တခြားလူရဲ့အသိပညာနဲ့ ကိုယ့်ကိုယ်ကိုသိမ်ငယ်အောင်မလုပ်မိပါစေနဲ့

မှတ်သားစရာ


Photo: Liu Bang အသက်(၄ဝ)အရွယ်တုန်းက တပ်သား၊ လက်နက်တွေတောင်မရှိခဲ့သေးဘူး။
Liu Bei အသက်(၅၂)နှစ်အရွယ်မှာ ခေါင်းမော့ပြီး "ငါ ဘယ်အချိန်ကျမှ အောင်မြင်မလဲ"လို့ မေးခဲ့တယ်။
Genghis Khan အသက်(၄ဝ)အရွယ်မှာ သွေးသောက်ညီအစ်ကိုရဲ့သစ္စာဖောက်မှုကြောင့် စစ်ရှုံးထွက်ပြေးခဲ့ရတယ်။

Steve Jobs အသက်(၄၂)နှစ်အရွယ်မှာ ပန်းသီးကုမ္ပဏီဆီပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန် ကုမ္ပဏီမှာသန်းတစ်ထောင်အကြွေးတင်နေတယ်။
Ren Zhengfei အသက်(၄၃)နှစ်အရွယ်မှ Huawei ကုမ္ပဏီကိုတည်ထောင်ခဲ့တယ်။
Larry Page အသက်(၂၅)နှစ်အရွယ်မှာ Google ကိုတည်ထောင်ခဲ့တယ်။
Bill Gates အသက်(၂ဝ)အရွယ်မှာ Microsoft ကိုတည်ထောင်ခဲ့တယ်။
Mark Elliot Zuckerberg အသက်(၂ဝ)အရွယ်မှာ facebook ကိုတည်ထောင်ခဲ့တယ်။
Sam Walton အသက်(၂၆)နှစ်အရွယ်မှာ Wal-Mart စတိုးကိုတည်ထောင်ခဲ့တယ်။
Lee Ang အသက်(၃၆)နှစ်အရွယ်မှ သူ့ရဲ့ပထမဆုံးရုပ်ရှင်ဖြစ်တဲ့ Pushing Hands ကိုရိုက်ကူးခဲ့တယ်။ ဘွဲ့ရပြီး (၆)နှစ်လုံးလုံး သူအလုပ်လက်မဲ့ဖြစ်ခဲ့တယ်။

အပေါ်ကလူပုဂ္ဂိုလ်တွေက ကျွန်မတို့ခေတ်နဲ့ အတော်အတန်ဝေးသွားပြီ၊ အောက်ကလူတွေက ကျွန်မတို့ခေတ်မှာရှိနေဆဲပါ။
ကြိုးစားနေသူတစ်ယောက်အတွက် အောင်မြင်မှုဆိုတာ ရောက်လာစမြဲပဲ။ အောင်မြင်ခြင်းမှာ အသက်အရွယ် အကန့်အသတ်မရှိပါဘူး။ 
နောက်ကျတယ် စောတယ်ဆိုတာမရှိပါဘူး။ နောက်ကျမှရောက်လာမှာကိုလည်း မစိုးရိမ်ပါနဲ့။
ကိုယ့်စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် ကိုယ့်ကိုယ်ကို ဖိအားနည်းနည်းပေးပါ၊ လှုံ့ဆော်ပါ၊ မျှော်လင့်ချက်ပေးပါ။
ကိုယ်ယုံကြည်တဲ့လမ်းအတိုင်း ကြံ့ကြံ့ခံဆက်လျှောက်ပါ။ တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ အောင်မြင်မှုနဲ့မလွဲမသွေဆုံပါလိမ့်မယ်။


Liu Bang = တရုတ်နိုင်ငံသမိုင်းမှာ ပထမဆုံးသော သာမန်လူတန်းစားဘဝမှ ဘုရင်ဖြစ်လာသူ၊ ဟန်မင်းဆက်ကို စတင်တည်ထောင်ခဲ့သူ
Liu Bei = Three Kingdoms period (Wei, Shu, Wu)မှာ Shu (Shu Han)ကို စတင်တည်ထောင်ခဲ့သူ
Genghis Khan = မွန်ဂိုလီးယားအင်ပါယာကို စတင်တည်ထောင်ခဲ့သူ
Liu Bang အသက်(၄ဝ)အရွယ်တုန်းက တပ်သား၊ လက်နက်တွေတောင်မရှိခဲ့သေးဘူး။
Liu Bei အသက်(၅၂)နှစ်အရွယ်မှာ ခေါင်းမော့ပြီး "ငါ ဘယ်အချိန်ကျမှ အောင်မြင်မလဲ"လို့ မေးခဲ့တယ်။
Genghis Khan အသက်(၄ဝ)အရွယ်မှာ သွေးသောက်ညီအစ်ကိုရဲ့သစ္စာဖောက်မှုကြောင့် စစ်ရှုံးထွက်ပြေးခဲ့ရတယ်။

"အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "

Photo: "အသုဘအလောင်းကိစ္စ ကျော်သူရဲ့ ရှင်းတမ်း "

******************************

ရှက်ဖို့ ကောင်းလှသည် . . . ။
ကျွန်တော်တို့ မြန်မာလူမျိုးတွေ . . . အယူသီးပုံ၊ အစွဲကြီးပုံများ တလွဲ ဆံပင်ကောင်းမှုများပင် ဖြစ်တော့ သည်။ ဘာသာခြားများ၊ တိုင်းတစ်ပါးမှ နိုင်ငံခြားသားများသိလျှင် အတော့်ကို ရယ်စရာကြီးဖြစ်နေမည်။

မြန်မာ လူမျိုးများ ကမ္ဘာတွင် ဟာသလူမျိုးဖြစ်ကုန်မည်ကို စိုးရွံ့မိသည်။ ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ အယူသီးမှု၊ အစွဲအလန်းကြီးမှုများကို ကျွန်တော်တို့ တိုက်ဖျက်လာသည်မှာ ယခုအချိန်ထိပင်။ သို့သော် ကျွန်တော်တို့နှင့် ယခုတိုင် အချို့သောသူတို့သည် ပြဒါးတစ်လမ်း . . . သံတစ်လမ်း၊ ဆန့်ကျင်ဘက် အနေအထားပင် ဖြစ်နေသေးသည်။ သူတို့ ထံမှ တီးတိုး ပြောသံများ၊ အကြံဥာဏ် ပေးသံများ၊ ဆရာကြီး လုပ်သံများ၊ အတင်းအဖျင်း ပြောသံများ၊ ရှုတ်ချသံများ၊ မချေမငံ ပြောသံများ စသည့် လူမှုရေး တိုက်ခိုက်သံ၊ အယူသီးမှု စကားလုံးများ ယနေ့တိုင် မကြာမကြာ ကြားနေရဆဲပင် ဖြစ်သည်။
ရှေးလူကြီးများ စကားမပယ်ဖျက် ကောင်းဘူးတဲ့ . . . ဒါက သူတို့ နောက်ဆုံး အနိုင်ယူတဲ့ စကားလုံး။ ဒီတော့ . . . ကျွန်တော် ရှင်းပြီ၊ ရှင်းရပြီ . . . ရှင်းပြီ ဆိုသော်ငြားလည်း ကျွန်တော် ရေးခဲ့ဘူးသော ‘ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်’ ဟူသောစာစုမှ ကျွန်တော်တို့၏ လူမှုရေးလမ်းပြ ကြယ်ဖြစ်သော ဆရာတော်ကြီးဘဒ္ဒန္တ ဦးတိက္ခ၏ ဟောကြားချက် စကားများမှ စရတော့မည်။

အမျိုး၊ ဘာသာ၊ သာသနာ အတွက် မြတ်စွာဘုရားရှင်သည် ကောင်းတာ လုပ်လျှင် ကောင်းကျိုး ပေးမည်။ မကောင်းတာ လုပ်လျှင် မကောင်းမှုများ ရမည် ဟူ၍ ဟောကြား ခဲ့သည် မဟုတ်ပါလား . . . ။ ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများသည် ရတနာသုံးပါးကို ကြည်ညို လေးစား ဦးခိုက်ကြသော်လည်း ကံနှင့်ပတ်သတ်၍ ယုံကြည်မှု အားနည်းမှုများကို တွေ့ရသည်။

လူအများစုသည် နာရေး ကိစ္စများကို အယူသီး ကြသည်။ နာရေးကြောင့် စီးပွားပျက်တယ်၊ လူသေ တတ်တယ်၊ ထိခိုက် နစ်နာမယ်၊ ပျက်စီး ဆုံးရှုံးတတ်၊ နိမိတ် မကောင်းမှုတွေ ဖြစ်တတ်တယ် ဟူ၍ ရှေးဘိုးဘေး ဘီဘင် လက်ထက် ကတည်းက အယူသီးမှုများ၊ အရိုးစွဲမှုများ၊ အမှားစွဲမှုများ ရှင်သန်လာခဲ့ကြသည်။

လူတော်တော် များများသည် အဆင်း၊ အနံ့၊ အသံ၊ အရသာ၊ အထိအတွေ့ ဟူသော အာရုံ ငါးပါးထဲတွင် နစ်မွန်း နေကြသည်။ မိမိကိုယ် မိမိတို့ သုဘ (သို့မဟုတ်) မင်္ဂလာဟု သတ်မှတ် နေကြသည်။

အမှန်မှာ . . . ရှင်သူ၊ သေသူတို့ အားလုံးသည် အသုဘများ (သို့မဟုတ်) အမင်္ဂလာများပင် ဖြစ်တော့သည်။

အဘယ့်ကြောင့် ဆိုသော် . . . ရေမချိုးဘဲနှင့် ဆယ်ရက်ခန့် နေကြည့်လျှင် မိမိခန္ဓာမှ အပုပ် နံ့များထွက် လာမည်။ ဒွါဒ ခြောက်ပါးမှ အနံ့အသက် မျိုးစုံ ထွက်နေတော့မည်။ ရုပ်တရား၊ နာမ်တရား အားလုံးသည် အသုဘချည်းပင် ဖြစ်သည်။ မည်သည့် အရာမှ တည်မြဲမှုကို မဆောင်နိုင်ချေ။

မြတ်စွာ ဘုရားသည် လူမသာကို အိမ်ထဲသို့၊ ရပ်ကွက်ထဲသို့ သွင်းလျှင် ‘ခိုက်သည်’ ဟူ၍ မဟောကြားခဲ့ပါ။

စဉ်းစား စေချင်သည် . . . ရပ်ကွက်၊ အိမ်ပြင်ပတွင် ဆုံးသွားပါက (ရပ်ကွက်) အိမ်ထဲသို့ အသွင်းမခံကြ၊ သွင်းလျှင် ရွာနာတယ်၊ အရပ်နာတယ်၊ အိမ်သူ အိမ်သားတွေ ခိုက်တယ်ဟူ၍ မည်သည့် ကျမ်းဂန်တွင်မှ မပါရှိပါ။ သို့သော် အားလုံး နီးပါး အယူသီးမှုများက လွှမ်းခြုံနေမှုကို ခံနေရသည်။

ဒါဆို . . . ကျွန်တော်မေးတော့မည်။
( လူမသာကြတော့ ရပ်ကွက်ထဲ၊ အိမ်ထဲ မသွင်းကောင်းဘူးတဲ့ . . .။ အဲဒါဆိုလျှင် တိရစ္ဆာန် မသာများ ကြတော့ ဘာဖြစ်လို့ အိမ်ထဲ သွင်းကြ သနည်း။ သက်ရှိ လောကကြီးထဲတွင် လူသာလျှင်၊ အမြတ်ဆုံး ဖြစ်သည်လို့ ပြောကြပြီး မည်သည့် အတွက် . . . နံနက်ဖက် ဈေးက ပြန်လာလျှင် သူ့ထက်ငါ အလုအယက် ငါကတော့ ကြက်သား စားနိုင်တယ် . . . ငါကတော့ ဝက်သားစသဖြင့် အပြိုင်အဆိုင် ဈေးဝယ်လာပြီး ဂုဏ်ယူဝင့်ကြွားစွာ နေအိမ်ထဲသို့ တိရစ္ဆာန် မသာများကို ထည့်ပြီး . . . ခုတ်ထစ် ဆေးကြော၊ ကြော်လှော်၊ ချက်ပြုတ်ပြီး မိမိတို့ရဲ့ ပါးစပ်ထဲသို့ တိရစ္ဆာန် မသာများကို ဘာကြောင့် ထည့်ကြ သနည်း . . . ။ အရိုးများကို နူးနေအောင် ချက်ပြုတ်၍ ဝါးကြသည် မဟုတ်ပါလား။ ) ... suon won .. ကြိုက်တဲ့စာသားမို့ ....( - ) ...

ဒါကြောင့် . . . လူ့ဝမ်းဗိုက်သည် တိရစ္ဆာန်တို့၏ သချိင်္ုင်း လူ့ပါးစပ်သည် တိရစ္ဆာန်တို့၏ မီးသဂြိင်္ုလ် စက်ပင် ဖြစ်တော့သည်။

တိရစ္ဆာန် မသာကျတော့ မိမိတို့ ဝမ်းဗိုက်ထဲသို့ ထည့်ပြီး လူမသာကျတော့ အိမ်ထဲ (ရပ်ကွက်) ထဲသို့အသွင်းမခံမှု တို့သည် အဆိုးဝါး ဆုံးသော အယူသီးမှု၊ မိစ္ဆာဒိဋ္ဌိ အယူဝါဒမှ ဆင်းသက်လာမှုပင် ဖြစ်တော့သည်။

တစ်ဖန် လူသေသွားလျှင် အိမ်နောက်ဖေးသယ်သွား၊ တံစက်မြိတ်ရေ လက်ပြန်ရေနှင့် ရေချိုးပေး၊ အဝတ် အစားဝတ်၊ သနပ်ခါးလိမ်း၊ ဆံပင်ထုံးပေး၊ နှုတ်ခမ်းနီဆိုးပေး၊ ပန်းပန်ပေးနှင့် သေသွားမှ ကြင်နာပြ၊ ဂရုစိုက် ပြနေတော့သည်။ အလောင်း လှအောင် လုပ်တာတဲ့။ ပြုံးပြုံးလေးသေမှ အလောင်းလှတာတဲ့။ နောက်မှ ခေါင်းက ဆံပင်ကိုဖြတ်၊ ခြေထောက် နှစ်ချောင်းကို တုပ်တော့သည်။ အိမ်မှာ နှစ်ညတောင် ထားရဦးမှာဖြစ်တဲ့ အတွက်တဲ့ဗျာ . . . ။ သေတာတောင် အချုပ်အနှောင်ခံရတဲ့ဘဝ။

ထို့နောက် သေသူနှင့် ပါးစပ်ထဲ မတ်စေ့ (ယခုခေတ်တွင်တော့ မရနိုင်တော့) ထည့်သည့် ‘ကူးတို့ခ’ ဟုဆိုကြပြန်သည်။ အသက်မရှိသော ခန္ဓာနှင့် ဘယ်ကားကို တစ်မတ်ပေးစီး၍ ဘယ်ကိုသွားမည်နည်း။
တစ်ချို့က ပါးစပ်ထဲ ထည့်ထားသည့် မတ်စေ့ကို အတင်းနှိုက်ပြန်သည်၊ Lucky ကောင်းတယ်တဲ့၊ ငွေပွားတယ်တဲ့လေ။
အလောင်းးကို အိမ်ကထုတ်တော့ . . . ခြေကမထုတ်ရဘူး၊ ခေါင်းကမထုတ်ရဘူး၊ တံခါးဘောင်နဲ့ မထိရဘူး၊ အိမ်နံရံကို မထိရဘူး၊ လှေကားက မဆင်းရဘူး စသဖြင့် ‘ဘူး’ များပဲ့တင်ထပ်နေတော့ သည်။ နောက်ထပ် ကြေးစည်ထု၊ ကနားဖျင်းဖျက်ခြင်း လုပ်တော့သည်။ နောက်နိဗ္ဗာန်ယာဉ်ပေါ်သို့ အလောင်းတင်သော် ရေအိုး ကို ခွဲတော့သည်။ မင်းနဲ့ငါတို့ အိုးစားကွဲပြီ၊ အိမ်ပြန်မလာနဲ့ ဟုဆိုသည်။ နောက်ငိုကြ၊ ယိုကြ၊ မသွားရဘူး၊ ခေါ်မသွားရဘူး၊ ပစ်သွားပြီလား စသဖြင့် အယူစွဲ၊ အယူသီးမှုများ လွှမ်းခြုံနေကြသည်။ သုဿန်ရောက်သော် အခေါင်းထဲမှ ပန်းတစ်ပွင့်ကိုယူ၍ ယူသည့်လူက စကားမည်သူ့ကိုမျှမပြောတော့ချေ။ သေသူရဲ့လိပ်ပြာကို ပြန်ခေါ်တာတဲ့။ အိုးစားကွဲ လိုက်ကြ၊ ပြန်ခေါ် လိုက်ကြ၊ ခြေထောက်ကို တုပ်နှောင် လိုက်ကြ၊ ငိုလိုက် ကြနဲ့ သေသူကို မီးသဂြိင်္ုလ် စက်ထဲသို့ ထည့်မည့်အစား ထိုသူများကို စိတ်ရောဂါ အထူးကုဆေးရုံသို့ပင် ပို့ရမလို ဖြစ်တော့သည်။

သေဆုံးသူ၏ လုံချည်၊ အကျီင်္၊ ခြင်ထောင်၊ မွေ့ယာများကို ခိုက်မှာစိုး၍ ခန်းစီးစများ ချုပ်၍ ဘုန်းကြီးကျောင်း ကိုပို့ကြသည်။ ကုသိုလ်ရအောင် ဘုန်းကြီးကျော်းတွင် ချိတ်ခိုင်း ဆွဲခိုင်းတော့သည်။ ဒါဆို ဘုန်းကြီးတွေ ကျတော့ ခိုက်စေတဲ့လား . . . ? သေဆုံးသွားသူ၏ လက်ဝတ် လက်စား၊ ဆွဲကြိုး၊ လက်စွပ်များ ကြတော့ ခိုက်မှာ စိုး၍ ဘုန်းကြီးကျောင်းကို မလှူကြတော့ ဘူးလား၊ ဘယ်ရောက် ကုန်ပါလိမ့် . . . ?

နာရေးယာဉ် (နိဗ္ဗာန်ယာဉ်) ကိုလည်း ရပ်ကွက်ထဲဝင်လျှင် ဟိုဖက်ကဝင်၊ ဒီဖက်က မဝင်ရဘူး စသဖြင့် တားမြစ် သူတွေ၊ မိမိအိမ်ရှေ့တွင် မော်တော်ယာဉ် ခေါင်း လာလှည့်တာကို မလိုချင်၊ နိဗ္ဗာန်ယာဉ်မောင်းသည့် ယာဉ်မောင်း များလည်း ယခင်ကမကြာခဏ လက်သီးနှင့် အထိုး ခံရမှုများ ရှိခဲ့သည်။ လမ်းထိပ်တွင် ကန်တော့ပွဲ ထိုးပေး ခဲ့ရသည်လည်း ရှိသည်။ ဒီလမ်းက နိဗ္ဗာန်ယာဉ်မဝင်ရ၊ မသွားရတဲ့လမ်း စသဖြင့် တားမြစ် နယ်မြေများလည်း ရှိခဲ့သည်။ ရှိနေဆဲပင် . . . ။ ကောင်းပြီ။ ဒါဆိုရင် အဲဒီ့လမ်းကလူတွေက မသေတော့မဲ့ သူတွေများလား . . . ?။ သေခဲ့သည် ရှိသော် မိမိအိမ်မှ လမ်းထိပ်သို့ မိမိတို့ ကိုယ်တိုင်သယ်ပိုပြီး ‘မ’ချမည်တဲ့လား . . . ? ။ နောက် . ..
နိုင်ငံရပ်ခြားတွင် သေဆုံး၍ သေဆုံးသူ၏ ခန္ဓာကိုယ်အား မြန်မာပြည်တွင် သဂြိင်္ုလ်ချင်၍ ပြန်သယ် လာသော အလောင်းများသည် လေယာဉ်ဖြင့် သယ်ဆောင် လာရခြင်း ဖြစ်သည်။ ထို့ကြောင့် လမ်းထဲ မဝင်ရဘူး၊ ဟိုဘက်က မထွက်ရဘူး၊ ဒီဘက်က မဝင်ရဘူး၊ အိမ်ရှေ့ကားမကွေ့ရဘူး စသဖြင့် ပြောနေသူများ စဉ်းစားကြည့်စေချင်သည်။ မိမိတို့ ဦးခေါင်းထက်မိမိတို့၏ နေအိမ်ထက်မှ နေ့စဉ်အလောင်း တင် လေယာဉ်ပျံများ ဖြတ်သန်း နေဆဲ၊ ပျံသန်းနေဆဲပင် ဖြစ်တော့သည်။ နိဗ္ဗာန်ယာဉ်ဝင်တာကိုတော့ မကြိုက်ကြ၊ နိဗ္ဗာန်ယာဉ်ကို မြင်ကြလျှင်တော့ မိမိတို့၏ ပိုက်ဆံအိတ်များကို ပုတ်ကြကာ လာဘ်ရွှင်လို့လား စဉ်းစားကြပါ .။ သိပ်ရှက်ဖို့ ကောင်းနေ ပါပြီ။

မိမိတို့၏ စိတ်ဓာတ်များ၊ ခံယူချက်များ၊ အယူသီးမှုများကို ပြန်လည်ပြုပြင်စေလိုပါသည်။ ပြဒါးတစ်လမ်း . . . သံတစ်လမ်း မဖြစ်သင့်တော့ပါ။

ကိုယ့်စိတ်ကို ပြန်စစ်ကြည့်စေချင်သည်။
မှားလား . . . မှန်လား။
မှန်လား . . . မှားလား ဆိုတာ။
မှားရင် . . . ပြင်။ မှန်ရင် . . . ဆက်လုပ် ဖို့က အားလုံးရဲ့ တာဝန် ဖြစ်တော့သည်။

Kyawthu- Facebook မှ ကူးယူဖော်ပြသည်။
ကျွန်တော်ဖတ်ကြည့်ပြီးပြီ။ အရမ်းကိုကြိုက်လို့ ရှယ်လိုက်ပါတယ်။

ရွှေမန်းသားလေးဝေယံ

သင့်ဘေးမှာ

Photo: hahahah AL MARHOOM .. :P

khurram
ဒီပုံလေးမှာ အဓိပ္ပာယ်များစွာရှိပါတယ်။
ကျွန်တော်ပြောချင်တာ
ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပြီး ဖြေးဖြေးစီးပါ။

ရွှေမန်းသားလေးဝေယံ

Monday, February 18, 2013

အိမ်ထောင်ရေး (၃)မျိုး

အိမ်ထောင်ရေး (၃)မျိုးရှိတယ်။

ပထမအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူနဲ့ လက်ထပ်တာဖြစ်တယ်။
ဒုတိယအိမ်ထောင်ရေး ----- ကိုယ်ချစ်တဲ့လူရဲ့အကျင့်နဲ့ လက်ထပ်တာဖြစ်တယ်။
တတိယအိမ်ထောင်ရေး---- ကိုယ်ချစ်တဲ့လူရဲ့အကျင့်၊ သူ့ရဲ့ဘက်ဂရောင်း (ဆွေမျိုးသားခြင်း)နဲ့ လက်ထပ်တာဖြစ်တယ်။

Sunday, February 17, 2013

တောက်ပသော အရောင်များဖြင့် ထူးခြား ဆန်းကြယ်သည့် ပင်လယ်ရေကြွက်

တောက်ပသော အရောင်များဖြင့် ထူးခြား ဆန်းကြယ်သည့်  ပင်လယ်ရေကြွက်

သက်ရှိများ နေထိုင်ရာ ကမ္ဘာ ကြီးမှာ ထူးခြား ဆန်းကြယ်မှုများနှင့် ပြည့်နှက်လျက် ရှိသည်။ အထူးသဖြင့် လူသားတို့ သွားရောက် လေ့လာရန် ခက်ခဲသည့် တောနက်ကြီးများ၊  တောင်ပေါ် ဒေသ များနှင့် သမုဒ္ဒရာ အတွင်း နေထိုင်ကျက်စား ကြသည့် သတ္တဝါများမှာ အလွန် ထူးခြား များပြား လှသည်။ အဏ္ဏဝါ ချစ်သူများ အနေဖြင့်  သမုဒ္ဒရာ အတွင်း ရေနက်ပိုင်းတွင် နေထိုင် ကျက်စား သည့် တောက်ပသော အရောင် အသွေးဖြင့်  လှပသော ပင်လယ် ရေကြွက်ကို  ဗဟုသုတဖြစ်ဖွယ် တင်ဆက် လိုက်ပါသည်။

မက္ကဆီကို နိုင်ငံ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး သေဆုံးပြီးနောက် နှစ်ပေါင်း ၁၅၃ နှစ်ကြာမှ မြှုပ်နှံခဲ့

Photo: မက္ကဆီကို နိုင်ငံ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး သေဆုံးပြီးနောက် နှစ်ပေါင်း ၁၅၃ နှစ်ကြာမှ မြှုပ်နှံခဲ့

မက္ကဆီကို နိုင်ငံမှ ဂျူလီယာ ပတ်စထရာနာ အမည်ရှိ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး၏ ရုပ်အလောင်းကို သူမ သေဆုံးပြီး နှစ်ပေါင်း ၁၅၃ နှစ် အကြာတွင် မြှုပ်နှံ နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

သူမသည် မျိုးရိုးဗီဇ အရ သူမ၏ မျက်နှာပြင်၌ အမွေး အမှင်များ ပေါများသောကြောင့် သူမ၏ ခင်ပွန်း ဖြစ်သူ နော်ဝေ နိုင်ငံသား သီအိုဒို ရီလန့်က သူမကို bear woman ဟု ခေါ်ဝေါ်ခဲ့သည်။ သူမသည် အသက် ၂၆ နှစ် အရွယ်တွင် သူမကဲ့သို့ အမွေးအမှင် ပေါများသော သားတစ်ဦးကို မွေးဖွားခဲ့ပြီး ခြောက်နှစ် အကြာတွင် သေဆုံးခဲ့သည်။ ထို့အတူ သူမ၏ သားဖြစ်သူ မှာလည်း သေဆုံး ခဲ့သည်ဟု သိရသည်။ သူမ သေဆုံးပြီး နောက် သူမ၏ ရုပ်အလောင်းကို ခင်ပွန်း ဖြစ်သူက မပုပ် မသိုးအောင် ဆေးရည် စိမ်ခဲ့ပြီး ဥရောပ တစ်ဝန်းသို့ ဆယ်စုနှစ်ကြာ လှည့်လည် ပြသခဲ့သည်။ ထို့နောက် သူမ၏ ရုပ်အလောင်းကို နော်ဝေ နိုင်ငံရှိ ကုန်လှောင်ရုံ တစ်ခုထဲတွင် သိမ်းဆည်း ထားရာ ၁၉၇၆ ခုနှစ်တွင် ၎င်း ကုန်လှောင်ရုံ ထဲမှ ခိုးယူ ခံခဲ့ရကြောင်း နောင် နှစ်ပေါင်း များစွာ အကြာတွင် အပျက် အစီးများ ထားရှိရာ ဂိုဒေါင် တစ်ခု ထဲတွင် ပြန်လည် တွေ့ရှိ ခဲ့သည် ဟုသိရသည်။

ထို့နောက် သူမ၏ ရုပ် အလောင်းကို အော့စလို တက္ကသိုလ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထို တက္ကသိုလ်တွင် သူမ၏ ရုပ် အလောင်းကို ဆယ်စုနှစ်ပေါင်း များစွာ သိမ်ဆည်း ထားပြီးနောက် မက္ကဆီကို နိုင်ငံမှ အခွင့်အရေး လှုပ်ရှားသူ တစ်ဦး၏ တောင်းဆိုချက် အရ သူမ၏ မူလ နိုင်ငံသို့ ပြန်လည် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ မက္ကဆီကို နိုင်ငံတွင် သူမ၏ ရုပ် အလောင်းကို ဖေဖော်ဝါရီ ၁၃ ရက်က မြှုပ်နှံ ခဲ့သည်ဟု သိရသည်။

http://bit.ly/12HG1Vl
Photo: မက္ကဆီကို နိုင်ငံ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး သေဆုံးပြီးနောက် နှစ်ပေါင်း ၁၅၃ နှစ်ကြာမှ မြှုပ်နှံခဲ့ မက္ကဆီကို နိုင်ငံမှ ဂျူလီယာ ပတ်စထရာနာ အမည်ရှိ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး၏ ရုပ်အလောင်းကို သူမ သေဆုံးပြီး နှစ်ပေါင်း ၁၅၃ နှစ် အကြာတွင် မြှုပ်နှံ နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ သူမသည် မျိုးရိုးဗီဇ အရ သူမ၏ မျက်နှာပြင်၌ အမွေး အမှင်များ ပေါများသောကြောင့် သူမ၏ ခင်ပွန်း ဖြစ်သူ နော်ဝေ နိုင်ငံသား သီအိုဒို ရီလန့်က သူမကို bear woman ဟု ခေါ်ဝေါ်ခဲ့သည်။ သူမသည် အသက် ၂၆ နှစ် အရွယ်တွင် သူမကဲ့သို့ အမွေးအမှင် ပေါများသော သားတစ်ဦးကို မွေးဖွားခဲ့ပြီး ခြောက်နှစ် အကြာတွင် သေဆုံးခဲ့သည်။ ထို့အတူ သူမ၏ သားဖြစ်သူ မှာလည်း သေဆုံး ခဲ့သည်ဟု သိရသည်။ သူမ သေဆုံးပြီး နောက် သူမ၏ ရုပ်အလောင်းကို ခင်ပွန်း ဖြစ်သူက မပုပ် မသိုးအောင် ဆေးရည် စိမ်ခဲ့ပြီး ဥရောပ တစ်ဝန်းသို့ ဆယ်စုနှစ်ကြာ လှည့်လည် ပြသခဲ့သည်။ ထို့နောက် သူမ၏ ရုပ်အလောင်းကို နော်ဝေ နိုင်ငံရှိ ကုန်လှောင်ရုံ တစ်ခုထဲတွင် သိမ်းဆည်း ထားရာ ၁၉၇၆ ခုနှစ်တွင် ၎င်း ကုန်လှောင်ရုံ ထဲမှ ခိုးယူ ခံခဲ့ရကြောင်း နောင် နှစ်ပေါင်း များစွာ အကြာတွင် အပျက် အစီးများ ထားရှိရာ ဂိုဒေါင် တစ်ခု ထဲတွင် ပြန်လည် တွေ့ရှိ ခဲ့သည် ဟုသိရသည်။ ထို့နောက် သူမ၏ ရုပ် အလောင်းကို အော့စလို တက္ကသိုလ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထို တက္ကသိုလ်တွင် သူမ၏ ရုပ် အလောင်းကို ဆယ်စုနှစ်ပေါင်း များစွာ သိမ်ဆည်း ထားပြီးနောက် မက္ကဆီကို နိုင်ငံမှ အခွင့်အရေး လှုပ်ရှားသူ တစ်ဦး၏ တောင်းဆိုချက် အရ သူမ၏ မူလ နိုင်ငံသို့ ပြန်လည် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ မက္ကဆီကို နိုင်ငံတွင် သူမ၏ ရုပ် အလောင်းကို ဖေဖော်ဝါရီ ၁၃ ရက်က မြှုပ်နှံ ခဲ့သည်ဟု သိရသည်။ 

http://bit.ly/12HG1Vl
Ref: Royal Hero Media
မက္ကဆီကို နိုင်ငံမှ ဂျူလီယာ ပတ်စထရာနာ အမည်ရှိ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး၏ ရုပ်အလောင်းကို သူမ သေဆုံးပြီး နှစ်ပေါင်း ၁၅၃ နှစ် အကြာတွင် မြှုပ်နှံ နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ခေါက်ပြီးသိမ်းမည့် တစ်ယောက်စီး ဆိုင်ကယ်

Photo: ခေါက်ပြီးသိမ်းမည့် တစ်ယောက်စီး ဆိုင်ကယ်
Friday, February 15, 2013

တကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစားလာတာ လေးနှစ် မက တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။

ဘက်ထရီနဲ့မောင်းမယ့် မော်တာကို သုံးထားပါတယ်။ တစ်နာရီ ၂၈ မိုင် ပျှမ်းမျှတော့ ပြေးပါတယ်။ အားတစ်ခါသွင်းထားပြီးရင် မိုင် ၃၀ ဝန်းကျင်
လောက်ထိ မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးရင် နောက်တစ်ခါ အားသွင်းရမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီးပြကြီးတွေမှာ အလွယ်တကူ သွားလာလို့ ရအောင် ထုတ်ထားပေးတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီး တစ်စီးလိုပါပဲ။ MOVEO စကူတာလို့ အမည်ပေးထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂သောင်းခွဲမှ ၃သောင်းခွဲ ကြား အတွင်း ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
--
http://blog.techspace.com.mm/2013/02/blog-post_15.html

--
TechSpace Journal
Friday, February 15, 2013

တကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစားလာတာ လေးနှစ် မက တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။

အိုင်ကျူရမှတ် ၁၆၁ မှတ်ရရှိထားသည့် ၁၆ နှစ်သမီး မိန်းကလေး ရှောင်ပုန်းနေရ

Photo: အိုင်ကျူရမှတ် ၁၆၁ မှတ်ရရှိထားသည့် ၁၆ နှစ်သမီး မိန်းကလေး
ရှောင်ပုန်းနေရ
Saturday, February 16, 2013

IQ အမှတ် ၁၆၁ မှတ်ရရှိထားသည့် လော်ရင်း မာဘယ်ဆိုသည့် မိန်းကလေးတစ်ဦးသည် သာမန်မိန်းကလေး တစ်ဦးဘဝအတိုင်း
နေထိုင်လိုသဖြင့် လူများနှင့်ရှောင်ကာ ထွက်ပြေးနေရကြောင်း သိရသည်။

လော်ရင်းသည် လက်ရှိ အနေအထားတွင် အိုင်ကျူရမှတ် ၁၆၁ မှတ်ဖြစ်သဖြင့် ဘေဂိတ်စ်၊ စတီဖင် ဟော့ကင်း၊ အဲလ်ဘတ် အိုင်စတိုင်းတို့ထက် အိုင်ကျူမြင့်သူဟု ဆိုရမည်။ သူမအနေဖြင့် သာမန်မိန်းကလေးတစ်ဦးကဲ့သို့ ချစ်သူနှင့် လျှောက်လည်ချင်ပြီး ရိုးသားစွာ နေထိုင်လိုကြောင်း၊ သို့သော် သူမကို လူတွေက လူထူးလူဆန်း တစ်ဦးပမာ နောက်မှ တစ်ကောက်ကောက်လိုက်နေခြင်းကို မနှစ်မြို့ကြောင်း ထို့ကြောင့် လူတွေနှင့် ဝေးရာကို ရှောင်ပုန်း နေရကြောင်း ပြောကြားခဲ့သည်။

သူမကို အိုင်ကျူစစ်ဆေးရာတွင် စတီဖင် ဟော့ကင်းထက်ကျော်လွန်ပြီး ရမှတ် ၁၆၁ မှတ်ဖြစ်နေသည်ကို အံ့သြစွာ တွေ့ရှိကြရသည်။ သူမအနေဖြင့် သာမန်ရမှတ်ဖြစ်သည့် အမှတ် ၁၃၀ လောက်သာ မျှော်လင့်ထား ကြောင်း၊ ကမ္ဘာတွင် ၁၆၂ မှတ်ရသူကို အမြင့်ဆုံးအဖြစ်သတ်မှတ်ကြရာ လော်ရင်းက ယခု ၁၆၁ မှတ်အထိ ရထားသဖြင့် အိုင်ကျူအမြင့်ဆုံးအဖြစ် သတ်မှတ်
ရမည်ထင်ကြောင်း စစ်ဆေးသည့်အဖွဲ့မှ ပြောကြားခဲ့သည်။

ဇင်မင်း
မောက္ခ
Ref: Myanmar Online News
Saturday, February 16, 2013

IQ အမှတ် ၁၆၁ မှတ်ရရှိထားသည့် လော်ရင်း မာဘယ်ဆိုသည့် မိန်းကလေးတစ်ဦးသည် သာမန်မိန်းကလေး တစ်ဦးဘဝအတိုင်း
နေထိုင်လိုသဖြင့် လူများနှင့်ရှောင်ကာ ထွက်ပြေးနေရကြောင်း သိရသည်။

ဦးနှောက်နဲ့တူတဲ့ ကွန်ပျူတာများ


အင်မတန်ကြီးမားတဲ့ တွက်ချက်မှုတွေပြုလုပ်ဖို့ လူတွေက ကွန်ပျူတာဆိုတဲ့ ပစ္စည်းကို တီထွင်ခဲ့ကြပါတယ်။ ကွန်ပျူတာအစ ပေသီးကလို့ပြောရင် ပြောနိုင်ပါတယ်။  ဒါပေမယ့် နေရာတကာ လူကဝင်ကူနေရတဲ့ ပေသီးခုံကို ကွန်ပျူတာစက်လို သဘောထားနိုင်ပါ့မလား။ ကွန်ပျူတာတွေကို အစောပိုင်းတီထွင်တုန်းကတော့ ပေးသွင်းလိုက်တဲ့ ပုစ္ဆာတွေကို တွက်ချက်ပြီး အဖြေထုတ်ပေးနိုင်ရုံလောက်ပါ။ လူ့ဦးနှောက်နဲ့ ကိုင်တွယ်တွက်ချက်ဖို့ သိပ်ပြီးကြီးမားလွန်းနေတဲ့ ကိန်းဂဏန်းတွေကို အလွယ်တကူ ကိုင်တွယ်တွက်ချက်နိုင်ရုံလောက် ဆိုပါတော့။ ဒါပေမယ့် နောက်ပိုင်းမှာ ကွန်ပျူတာ တီထွင်သူတွေရဲ့ အတွေးအခေါ် ပြောင်းလာပါတယ်။ ပုံစံဆင်တူတဲ့ ပြဿနာတွေကို ကွန်ပျူတာက သူ့ဘာသာ တွက်ချက်ပေးနိုင်စွမ်း ရှိရမယ်ဆိုတဲ့ အတွေးအခေါ်ပေါ့။ ဒီအတွေးအခေါ်နဲ့အညီ ပေါ်လာတဲ့ ကွန်ပျူတာက Z1 Computer ဖြစ်ပါတယ်။ Knorad Zuse က ၁၉၃၆ ခုနှစ်မှာ တီထွင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး ပရိုဂရမ်လုပ်နိုင်တဲ့ ကွန်ပျူတာလို့ အဆိုရှိပါတယ်။

သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား

Photo: သမိုင်းတစ်လျှောက် ကမ္ဘာ့အတော်ဆုံး အမျိုးသမီး လက်ဖြောင့်တပ်သား

Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

ပထမ ၂ လခွဲကာလအတွင်း တပ်စခန်းတစ်ခုမှာ ရန်သူ ၁၈၇ ယောက် သတ်နိုင်ပြီး နောက်ထပ် တပ်စခန်းတစ်ခုကမှာ ၈ လတာ ကာလအတွင်း ဂျာမန် စစ်သား ၂၅၇ ယောက် သတ်နိုင်ပါတယ်။ စနိုက်ပါက ရန်သူ စနိုက်ပါ ကို တိုက်ခိုက်ပစ်သတ်တယ်ဆိုတာ ခက်ခဲတဲ့ စစ်ဆင်ရေး ဖြစ် ပါတယ်။ သို့ပေမယ့် ဂျာမန် စနိုက်ပါ ၃၆ ယောက်ကိုတောင် ပစ်သတ်နိုင်ခဲ့ပါတယ်။ အမှန်တကယ် သတ်နိုင်တာက လေးရားကျော် ရှိပြီး စနိုက်ပါ သေနတ်နဲ့ ပစ်သတ်တာကတော့ ၃၀၉ ယောက်ရှိတယ်ဆိုတာ တရားဝင် မှတ်တမ်း ရှိခဲ့ပါတယ်။ သူမရဲ့  သမိုင်းအကျဉ်းက ဒီလို ဖြစ်ပါတယ်။

၁၉၁၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားအင်ပါယာ, Bila Tserkva မှာ မွေးဖွားပါတယ်။ သမိုင်းဘာသာရပ်နဲ့ တက္ကသိုလ်မှာ ကျောင်းတက်နေ စဉ်ပဲ ဒုတိယက ကမ္ဘာစစ် ဖြစ်တာကြောင့် ဆိုဗီယက် တပ်မတော်ထဲကို အသက် ၂၄ နှစ်ကစတင် ဝင်ရောက်ခဲ့ပါတယ်။ ၁၉၄၁ နောင်းပိုင်း ကာလ ဖြစ်ပြီး စစ်သူနာပြုလုပ်ဖို့ အားလုံး ဝိုင်းဖိအား ပေးပေမယ့် စစ်တိုက်ဖို့ ပဲ ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

ရုရှား ရိုင်ဖယ်တပ် ၂၇ ကို ဝင်ခွင့်ရရှိခဲ့ပြီး စစ်ရေးလေ့ကျင့်မှုများ ရရှိခဲ့ ပါတယ်။ သူ့လိုပဲ ရုရှားမှာ အမျိုးသမီး စနိုက်ပါ အယောက် ၂၀၀၀ မွေးဖွား ခဲ့ ပြီး စစ်ပြီးတော့ အယောက် ၅၀၀ ပဲ အသက်ရှင်ကျန်ခဲ့ ပါတယ်။

တပ်ထဲစဝင်ပြီး နာရီပိုင်းပဲကြာတဲ့ တိုက်ပွဲမှာ ဂျာမန် ၂ ယောက် သတ်နိုင် ပါတယ်။ အသုံးပြုတဲ့ သေနတ်ကတော့ SVT-40 semi-automatic ရိုင်ဖယ်ဖြစ်ပြီး တယ်လီစကုတ်က ၃.၅ ဖြစ်ပါတယ်။ နောက်ပိုင်း တိုက်ပွဲတွေ မှာလည်း ယင်းသေနတ်ကိုသာ အများစု အသုံးပြုရပြီး ရန်သူပေါင်း ၃၀၉ ဦးကို စံချိန်တင် သတ်နိုင်ခဲ့ပါတယ်။

စစ်ပြီးတဲ့အခါကျတော့ ဆီုဗီယက်ပြည်ထောင်စုကပေးတဲ့ ထူးချွန်စု၊ ဂုဏ်ပြု ဆု များ ရရှိပါတယ်။ ကနေဒါ၊ အမေရိကန်တို့မှ အစိုးရများကလည်း ဖိတ်ကြားတဲ့အတွက် သွားရောက်တွေ့ဆုံပြီး ဟောပြောပွဲတွေ မှာလည်း ဟောပြောဖို့ အဖိတ်ကြားခံရပါတယ်။ အောက်တိုဘာ ၁၀ ရက်၊ ၁၉၇၄ ခုနှစ် (အသက် ၅၈ နှစ်) အရွယ်ရောက်တော့ မော်စကိုမြို့ မှာပဲ ကွယ်လွန်ခဲ့ပါတယ်။

သို့ပေမယ့် သူမရဲ့  စွမ်းဆောင်ရည်ကြောင့် ယနေ့တိုင် ရုရှားနဲ့ ယခင် ဆိုဗီယက်ပြည်ထောင်စု နိုင်ငံများမှ စံထားရတဲ့ အမျိုးသမီး သူရဲကောင်းအဖြစ် သမိုင်းကျန်ရှိလျက် ရှိကြောင်း သိရပါတယ်။

Ref: wiki
International news for myanmar

--

http://www.innewsmyanmar.com/2013/02/blog-post_8608.html
By International news for myanmar
Lyudmila Pavlichenko လို့ အမည်ရတဲ့ ဆိုဗီယက်ပြည်ထောင်စုက အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ ရန်သူ ၃၀၉ ယောက်ကို ပစ်သတ်နိုင် ခဲ့တာ ကြောင့်မို့ သမိုင်းမှာ အအောင်မြင်ဆုံး အမျိုးသမီး စနိုက်ပါ အဖြစ် အသတ်မှတ်ခံရပါတယ်။

Related Posts Plugin for WordPress, Blogger...

My Account