Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Saturday, December 31, 2011

မိမိအမည်ကိုအောင်မြင် ၊ ကျော်ကြား ၊ ထင်ပေါ်အောင် ယတြာစီရင်မယ်



အခု ယတြာနည်းတစ်ခု ပြောပြလိုက်ပါတယ်။ ဘာလဲဆိုတော့ လူတစ်ယောက်ဟာ ကိုယ့်နာမည်ကို သိရုံနဲ့ကံဇာတာေ ကာင်းအောင် တိုးတက်အောင် ပွင့်လန်းအောင် ယတြာချေလို့ ရတဲ့ နည်းလေးတစ်ခုကို တင်ပေးလိုက်ပါတယ်။ ဘာနေ့သား ဘယ်နေ့သမီး သိစရာမလိုပါဘူး။ ဘယ်ခုနှစ်မှာ မွေးဖွားတယ် အင်္ဂလိပ် မွေးသက္ကရာဇ်က ဘယ်နှစ်ရက်နေ့ ဘယ်လ ဘယ်ခုနှစ်နှစ် ဆိုတာကို မမှတ်မိရင်လည်း ပြဿနာ မရှိပါဘူး။ ကိုယ့်နာမည်ရဲ့ အရင်းလုံးကို သိယုံနဲ့ ဒီယတြာနည်းကို ဆောင်ရွက်လို့ ရပါတယ်။

ကျွန်တော်တို့ မြန်မာ့ရိုးရာ ဗေဒင်ပညာမှာ စကားတစ်ခွန်း ရှိပါတယ်။ ဓာတ်ခံကို ဓာတ်ကူပါဆိုတဲ့ စကားပါ။ နောက်ပြီး ဓာတ်လေးပါးရှိပါတယ်။ အဲဒီဓာတ်လေးပါးကို ဓာတ်ပျော့ရယ် ဓာတ်မာရယ် ၊ ဓာတ်ဖိုရယ် ဓာတ်မရယ်ဆိုပြီး အသီးသီး ထပ်ခွဲပါတယ်။ အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသေ ဟူ၍ ဓာတ်လေးပါးကို ဂြိုဟ်ရှစ်မျိုးနှင့်တွဲပါတယ်။ အန္တောဆိုတာက မီးဓာတ်၊ ဂဗ္ဘေဆိုတာက မြေဓာတ်၊ စရေဆိုတာက လေဓာတ်၊ ဝံသေဆိုတာက ရေဓာတ်ဆိုပြီး ဓာတ်လေးမျိုးကို ထပ်ခွဲပါတယ်။

အမည်တစ်ခု၏ ရှေ့ဆုံးကိုကြည့်ရမည်။ မည်သည့်နံနှင့် မှည့်ခေါ်ထားသည်ကို ကြည့်၍ အမည်အရ ကြီးပွား တိုးတက်ခြင်းနှင့် လာဘ်လာဘ ပွင့်လန်းခြင်းတို့ ရရှိရန် ဆောင်ရွက်သော နည်းပညာဖြစ်သည်။

အမည်အက္ခရာ (အ ၊ ဥ ၊သြ )နှင့် စသောသူများ

ဥပမာ အာဇာနည်၊ အောင်မြင့် ၊ အောင်မင်း ၊ အောင်ကျော်မိုး ၊ အင်းကြင်းမိုး ၊ အေးကျော့မြိုင် ၊ အေးချမ်းမေ ၊ အေးဝတ်ရည်သောင်း ၊ အိန္ဒြကျော်ဇင်စတဲ့ အမည်မျိုးတွေကိုတော့ တနင်္ဂနွေ အခံဓာတ် အမည်ပိုင်ရှင်များဟု သတ်မှတ်သည်။ အဲဒိအမည်ပိုင်ရှင်များသည် ကျောက်မြေ ၊ မြေပျော့ စသည့် အလှူဒါန ပြုရမည်လို့ ဆိုထားတော့ အုတ်၊ သဲ၊ ကျောက်စသည်တို့ လှူရမည်။ လေညင်းဓာတ် အလှူပြုရမည်ဖြစ်ပေရာ မကြာခဏ ဖယောင်းတိုင် လှူရမည်။

အမည်အက္ခရာ (က ၊ ခ ၊ ဂ ၊ ဃ ၊ င) နှင့်စသောသူများ

ဥပမာ ကျော်ရဲအောင် ၊ ကျော်သူ ၊ ကျော်ထူး ၊ ကျော်သက် ၊ဂျောက်ဂျက် ၊ ကြက်ဖ၊ ငြိမ်းချမ်း ၊ ခင်သူဇာ ၊ ခင်မို့မို့အေး ၊ ခင်ပပဆွေတို့ စတဲ့ အမည်မျိုးတွေကိုတော့ တနင်္လာအခံဓာတ် အမည်ပိုင်ရှင်များဟု သတ်မှတ်သည်။ အဲဒိအမည်ပိုင်ရှင်များသည် အုတ်၊သဲ၊ကျောက် မကြာခဏ အလှူဒါနပြုပါ။ မီးတောက် လှူရမည်ဖြစ်သဖြင့် ဖယောင်းတိုင် သံဃာကျောင်းများတွင် မီးဖိုအလှူ ဒါန ပြုခြင်း ဆောင်ရွက်ပါ။ ဖျော်ရည်အလှူဒါန မကြာခဏပြုပါ။

အမည်အက္ခရာ (စ ၊ ဆ ၊ ဇ ၊ ဈ ၊ ည) နှင့်စသောသူများ

ဥပမာ စိုးသူ ၊ စိုးပိုင် ၊ စိုးစန္ဒာထွန်း ၊ စိုးမြတ်သူဇာ ၊ စိုးပြည့်သဇင် ၊ စုလှိုင်းနှင်း ၊ စွမ်း ၊ ဆောင်းဦးလှိုင် ၊ စတဲ့ အမည်မျိုးတွေကိုတော့ အင်္ဂါအခံဓာတ် အမည်ပိုင်ရှင်များဟု သတ်မှတ်သည်။ အဲဒီ အမည်ပိုင်ရှင်များသည်
မီးခဲဓာတ် လှူဒါန်းရမည်ဖြစ်ရာ လောင်စာခဲများဖြစ်သော မီးသွေး၊ မီးလုံးနှင့် မီးချောင်းများလှူခြင်း၊ အမွှေးတိုင်ပူဇော်ခြင်းများပြုနိုင်သည်။ မြေပျော့လှူရမည်ဖြစ်ဂာ လမ်းတစ်လျှောက် မြေဖို့ခြင်း၊ လမ်းခင်းခြင်းများ ပြှုနိုင်သည်။ ရေနောက်လှူရမည် ဖြစ်ပေရာ ဖျော်ရည် အအေးလှူဒါန်းခြင်းများ ပြုရပေမည်။ မီးတောက်ဓာတ် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်ခြင်းလည်း ပြုနိုင်သည်။ မုန်တိုင်းဓာတ် အလှူဒါနပြုရမည်ဖြစ်ပေရာ ပန်ကာ၊ လေအေးစက်လှူခြင်းများ ပြုနိုင်သည်။

အမည်အက္ခရာ (လ ၊ ဝ)နှင့် စသောသူများ

ဥပမာ ၀ိုင်း ၊ ၀င်းဦး ၊ ၀ါဝါ၀င်းရွှေ ၊ ၀ါဝါအောင် ၊ ၀ါဆိုမိုးဦး ၊ လှိုင်ဘွားဦး ၊ လင်းလက်ကြယ်စင် ၊ လင်းလက်သခင်၊ လွမ်းဝေ အစရှိသော အမည်များသည် ဗုဒ္ဓဟူး အခံဓာတ် အမည်ပိုင်ရှင်များဟု သတ်မှတ်သည်။ အဲဒိအမည်ပိုင်ရှင်များသည် ၊ ဗုဒ္ဓဟူး အခံဓာတ်ရှိသူများဟု သတ်မှတ်သည်။ မီးခဲဓာတ်ဖြစ်သော အမွှေးတိုင် လှူဒါန်းခြင်း ၊ လောင်စာတောင့်များ လှူဒါန်းခြင်းများပြုပါ။ ကျောက်မြေဓာတ်ဖြစ်သော အုတ်၊ သဲ ၊ ကျောက် လှူဒန်းခြင်းပြုပါ။ ရေကြည်ဓာတ်ဖြစ်သော ရေသန့်စက် ၊ ရေသန့်ဘူးလှူပါ။ မြေပျော့ဓာတ်ဖြစ်သော မြေကြီး၊ သဲလှူခြင်းပြုပါ။ ဖျော်ရည် အအေးများလည်း လှူနိုင်သည်။

အမည်အက္ခရာ ( ယ ၊ ရ) နှင့် စသောသူများ

ရဲလေး ၊ ရဲမင်းပိုင် ၊ ရဲကျော်သူ ၊ ယွန်းနဒီ ၊ ရတနာမိုင် ၊ ရဲတိုက် ၊ ရှင်းရှင်း ၊ ယွန်းရွှေရည် ၊ ယမင်းကိုကို အစရှိသော အမည်ပိုင်ရှင်များသည် ရာဟုအခံဓာတ်ရှိသူများဟု သတ်မှတ်သည်။ မီးတောက်ဖြစ်သော ဖယောင်းတိုင်မီး၊ ဆီမီး အလင်းဓာတ် လှူဒါန်းပါ။ ကျောက်မြေ ၊ မြေပျော့ဖြစ်သော အုတ်၊ သဲ၊ ကျောက်များလှူခြင်း၊ လမ်းတံတား ပြင်ဆင်ခြင်း ဒါနပြုပါ။ ရေနောက်ဓာတ်ဖျော်ရည်မျိုးစုံ အလှူဒါနဆောင်ရွက်ပါ။

အမည်အက္ခရာ (ပ ၊ ဖ၊ ဗ ၊ ဘ ၊ မ) နှင့် စသောသူများ

ပပ၀င်းခင် ၊ ပုလဲဝင်း ၊ ဗေလုဝ ၊ မိုးဟေကို ၊ မင်းမော်ကွန်း ၊ မယ်လိုဒီ ၊ မိုက်တီး ၊ မောင်မောင်ဇော်လတ် ၊ ပွင့်နဒီမောင် ၊ ဖြိုးငွေစိုး ၊ ဖြိုးကြီး ၊ အစရှိသော အမည်ပိုင်ရှင်များသည် ကြာသပတေးအခံဓာတ်ရှိသောသူများဟု သတ်မှတ်သည်။ လေညင်းဓာတ်ဖြစ်သော ယပ်တောင်အလှူဒါန၊ လေညင်းဓာတ်ဖြစ်သော ပန်ကာအလှူဒါန်များပြုနိုင်သည်။ မီးခဲဓာတ်ဖြစ်သော အမွှေးတိုင်၊ အမွှေးတုံးများ ထွန်းညှိပူဇော် သင့်သည်။ မြေပျော့ဓာတ်ဖြစ်သော လမ်းချိုင့်များ ပြေဖို့ခြင်း၊ သဲခင်းခြင်းများပြုဆောင်ပါ။ ရေနောက်ဓာတ်ဖြစ်သော ဖျော်ရည်ကပ်လှူပေးပါ။

အမည်အက္ခရာ (သ ၊ ဟ) နှင့် စသောသူများ

သက်မွန်မြင့် ၊ သဇင် ၊ သဉ္ဇာဝင့်ကျော် ၊ သိန်းတန် ၊ ဟန်ထူးလွင် ၊ ဟိန်းဝေယံ၊ သောင်းထိုက် ၊ သောင်းငွေစိုး ၊ သော်က ၊ သောကြာ၊ သန္တာလှိုင် ၊ သင်းနဒီ အစရှိသော အမည်များသည် သောကြာ အခံဓာတ် ရှိသူများသည် ကျောက်မြေဓာတ်ဖြစ်သော အုတ်၊ သဲ ၊ကျောက် စသော အလှူဒါနများ၊ မြေပျော့ဓာတ်ဖြစ်သော သဲခင်းခြင်း၊ မြေဖို့ခြင်းအလှူဒါနများပြုရမည်။ လေပြည်ဓာတ်ဖြစ်သော ယပ်အလှူဒါန ပြုသင့်သည်။ မီးခဲဓာတ် အမွှေးတိုင်လှူလြင်း၊ ဘုရားစေတီတွင် ဓာတ်မီးသီး၊ မီးလုံးထွန်းညှိပူဇော်ခြင်းများပြုသင့်သည်။ ရေနောက်ဓာတ်ဖြစ်သော ဖျော်ရည်၊ အအေး ကပ်လှူခြင်းများပြုပါ။

အမည်အက္ခရာ (တ ၊ ထ ၊ ဒ ၊ ဓ ၊ န) နှင့်စသူများ

တင့်တင့်ထွန်း ၊ ထွန်းထွန်း ၊ ထက်ထက်မိုးဦး ၊ ထူးအိမ်သင် ၊ ထက်မိုးမြင့် ၊ နန်းစုရတီစိုး ၊ နန္ဒာလှိုင် ၊ နိုင်းနိုင်း အစရှိသော အမည်များသည် စနေဓာတ်အခံရှိသူများ ဖြစ်၏။ မီးခဲဓာတ်ဖြစ်သောအမွှေးတိုင်၊ အမွှေးတုံးများ ပူဇော်သင့်သည်။ ရေကြည်ဓာတ်ဖြစ်သော ရေသန့်ဘူး၊ ရေချမ်းစင်များ လှူသင့်သည်။ မီးတောက်ဓာတ်ဖြစ်သော ဖယောင်းတိုင်မီး၊ ဆီမီးကပ်လှူသင့်သည်။ လေပြည်ဓာတ်ဖြစ်သော ယပ်အလှူဒါန၊ ပန်ကာအလှူဒါနပြုသင့်သည်။ ကျောက်မြေဓာတ်ဖြစ်သော အုတ်၊ သဲ ၊ကျောက်စသောပစ္စည်းများ တတ်အားသမျှ လှူဒါန်းသင့်သည်။

အထက်ပါ ယတြာနည်းကို အဆင်ပြေသလို ဆောင်ရွက်ပါက သင်တို့သည် နာမည်ကြောင့် ဖြစ်ပေါ်လာသော အမည်ခိုက်ခြင်း ၊ နာမည်ကြောင့် မအောင်မြင်ခြင်း ၊ ဘ၀ အတက်အကျ မကောင်းခြင်း အစရှိသော
အမည်တစ်ခုကြောင့် ဖြစ်ပေါ်တတ်သော အဆိုအညံ့များမှ ကင်းစင်စေသည်။ ဘေးဥပဒ်များခြင်း၊ ရန်များခြင်း၊ အခက်အခဲများကြုံတွေ့ခြင်းတို့မှ ကင်းဝေးစေသည်။ လာဘ်လာဘ၊ စီးပွားရေးရာများတွင်လည်း ကံမြင့်မားခြင်းကြုံကာ အဘက်ဘက်မှ ကောင်းခြင်းဘက်သို့ ဦးတည်မည် ဖြစ်ပါကြောင်း အားလုံး၏ အကျိုးကို ရှေးရှု့သော ဗေဒင်ဆရာတစ်ဦး အနေဖြင့် ပြန်လည် မျှဝေ တင်ပြပေးလိုက်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account