Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 25, 2012

IT Business Plan Contest 2012 ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များ ထပ်မံထုတ်ပြန်

မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) နှင့် Japan နိုင်ငံ CIESF တို့ ပူးပေါင်း၍ IT Industry ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်းသစ်သော နည်းပညာများ ပေါ်ထွက်လာစေရေးနှင့်  စွန့်ဦးတီထွင်ဖန်တီးလိုသည့် လူငယ်လူရွယ်များ၏ ထူးချွန်ထက်မြက်သည့် အရည်အသွေးများ ပြသနိုင်စေရေးစသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် IT Business Plan Contest 2012 ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို
ဇွန်လ ၁၃ ရက်နေ့က ထပ်မံ ထုတ်ပြန် ကြေငြာခဲ့သည်။ ယခုနှစ်ပြိုင်ပွဲတွင် Cloud Application (သို့မဟုတ်) Mobile Application နှင့် ပတ်သက်သည့် Project Plan ကို ရေးဆွဲ၍ ပါဝင် ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ပွဲသို့ မြန်မာနိုင်ငံသား မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ဆုကြေးများအဖြစ် ပထမဆု (ဒေါ်လာ ၃၀၀၀)၊ ဒုတိယဆု (ဒေါ်လာ ၂၀၀၀)၊ တတိယဆု (ဒေါ်လာ ၁၀၀၀) တန်ဖိုးနှင့်ညီမျှသည့် ဆုများကို ပေးအပ်သွားမည်ဟု သိရပြီး ထပ်မံ၍ ကူညီ အားဖြည့်ပေးမည့်သူများကိုလည်း ထပ်မံ ဖိတ်ခေါ်ထားသည်ဟု သိရသည်။
 
ကူညီအားဖြည့်ပေးမည့်သူများ ပေါ်ပေါက်လာပါက ဆုကြေးငွေမှာ ယခုထက် ပိုမိုများပြားသွားနိုင်သည်။ ပြိုင်ပွဲသို့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြည့်ရှုသည့် ပုဂ္ဂိုလ်များထဲမှ ကြိုက်နှစ်သက်၍ ဝယ်ယူခြင်းစသည့် အခွင့်အလမ်းများလည်း ရှိသည်ဟု သိရသည်။ ပြိုင်ပွဲဝင် လျှောက်လွှာများကို www.myanmarictawards.org တွင် download လုပ်၍ ရယူနိုင်ပြီး ပြိုင်ပွဲဝင်မည့် Project Plan တင်သွင်းရာတွင် မိမိတင်သွင်းသည့် Project Plan သည် တစ်စုံတစ်ယောက်ထံမှ (သို့မဟုတ်) တစ်နေရာမှ ကူးယူဖော်ပြထားခြင်း မဟုတ်ကြောင်း၊ မိမိ၏ ကိုယ်ပိုင်ရေး Plan ဖြစ်ကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးပြီး ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ရုံးခန်းသို့ ရုံးချိန်အတွင်း ပေးပို့ရမည်။ ပြိုင်ပွဲကို တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့တစ်ဖွဲ့ကို လူဦးရေ ၃ ဦးထိ လက်ခံပြီး အသေးစိတ်သိလိုသူများ အနေဖြင့် မြန်မာအင်ဖိုတက်ခ် ဖုန်း- ၀၁-၆၅၂၃ဝ၇ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ကိုဟိန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account