Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 22, 2012

အသေးစား ဂြိုဟ်တု လွှတ်တင်ရေး ပထမ ဖြစ်နိုင်ခြေ ဂျပန်ဆွေးနွေး



Photo
မြန်မာနိုင်ငံ၌ အသေးစား ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တု လွှတ်တင်နိုင်ရေးအတွက် ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့မှ ပထမဖြစ်နိုင်ခြေများကို ဆွေးနွေးခဲ့ကြောင်း  သိရသည်။

အဆိုပါ အဖွဲ့မှ လေ့လာဆွေးနွေးချက်များ အရ အသေးစား ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုမှရရှိသည့် မှတ်တမ်း အချက်အလက်များကို အသုံးပြုခြင်းဖြင့် မြစ်ရေကြီးမှု၊ မြေငလျင် လှုပ်ရှားမှု၊ မြေပြိုမှုစသည့် သဘာဝ ဘေးအန္တရာယ်များကို ဆန်းစစ် လေ့လာခြင်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာ စောင့်ကြည့်လေ့လာမှုများ၊ သစ်တောဆိုင်ရာ စီမံခန့်ခွဲမှုများ၊ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးရေး လုပ်ငန်းများအတွက် အသုံးဝင်ကြောင်း သိရသည်။ ပထမအကြိမ် ဆွေးနွေးပွဲအဖြစ် ရန်ကုန်နှင့် နေပြည်တော်ရှိ သက်ဆိုင်ရာ ဌာနအလိုက် ဇွန် ၁၀ ရက်မှ ၂၀ ရက်အထိ ဆွေးနွေးခဲ့ပြီး ဇွန် ၁၄ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနနှင့် နေပြည်တော်တွင် ဆွေးနွေးခဲ့သည်။ မိုး/ဇလ ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “အခု သူတို့အဖွဲ့အစည်း လာရောက်တာကတော့ ပထမအဆင့် ဖြစ်နိုင်ခြေ အခြေအနေကို လေ့လာပြီးမှ အသေးစား ကမ္ဘာမြေ လေ့လာရေးဂြိုဟ်တုကို သူတို့ပေးမယ်။သူတို့အဖွဲ့က ကျွန်တော်တို့ ဝန်ကြီးဌာနတွေရဲ့ လိုအင်တွေကို သူတို့ပေးမှာပါ။ ဒီလိုမျိုး ဂြိုဟ်တုကြောင့် မြန်မာနိုင်ငံရဲ့ အချက်အလက်တွေကို သိနိုင်မယ်” ဟုပြောသည်။ အဆိုပါ ဂြိုဟ်တုမှ သတင်းအချက်အလက် ရယူနိုင်ရန် မြေပြင် အခြေစိုက်စခန်း (Ground Station) ကို မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ထားရှိမည်ဖြစ်ပြီး ၎င်းအတွက် ကုန်ကျစရိတ်များကို ဂျပန်နိုင်ငံ အခြေစိုက် Marubeni Aerospace Corporation အဖွဲ့မှ အကုန်ကျခံပေးမည် ဖြစ်ကြောင်း သိရသည်။
 
Marubeni Aerospace Corporation အဖွဲ့၏ ယခုလာရောက်မှုမှာ မြန်မာနိုင်ငံတွင် အာကာသမှ အဝေးအာရုံခံစနစ်နှင့် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ထားရှိမည့် မြေနေရာ ရွေးချယ်ရန်၊ကမ္ဘာမြေ လေ့လာရေး ဂြိုဟ်တုနှင့် စပ်လျဉ်းသည့် သက်ဆိုင်ရာ ကဏ္ဍအလိုက် လိုအပ်ချက်နှင့် အသုံးဝင်မှု၊ ဂြိုဟ်တု မှတ်တမ်းများ ပိုမို တိုးတက်ဆောင်ရွက်လိုသည့် ဂြိုဟ်တုစနစ်များကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးပွဲကို လာမည့် စက်တင်ဘာ လကုန်ခန့်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဒုတိယအကြိမ် လာရောက်သည့်အခါ မြန်မာနိုင်ငံမှ အာကာသဆိုင်ရာ အချက်အလက်များကို အသုံးပြုသော ဌာန/အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ဆောင်ရွက်လိုကြောင်း၊ ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ အာကာသဆိုင်ရာ အချက်အလက်များကို အသုံးပြုသည့် မဟာဗျူဟာများ၊ ဂြိုဟ်တုမှတ်တမ်း အသုံးပြုမှုများ၊ ဂြိုဟ်တု အသုံးပြု ဆက်သွယ်ရေး နည်းစနစ်များ၊ တက္ကသိုလ်များတွင် အာကာသ နည်းပညာပိုင်းဆိုင်ရာ ပညာသင်ကြားမှုများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းဂြိုဟ်တုသည် မြေမျက်နှာပြင် အထက် ၅၀၄ ကီလိုမီတာ အမြင့်မှ ဝင်ရိုးစွန်းသို့ လည်ပတ် (Polar Orbit) မည်ဖြစ်ကြောင်း၊ ယင်းဝင်ရိုးစွန်းသို့ တစ်ပတ်ပတ်ပြီးမှ မြန်မာနိုင်ငံပေါ်သို့ ပြန်လည်ရောက်ရှိရန် ငါးရက်ကြာမြင့်မည် ဖြစ်ကြောင်း၊ ၎င်းဂြိုဟ်တုကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာတွင် လွှတ်တင်နိုင်ရန် မျှော်လင့်ကြောင်း သိရသည်။

ထက်ထက်မိုးမြင့်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account