Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 22, 2012

နယ်မိုဘိုင်းဖုန်းအချို့ ဆက်သွယ်ရေးသို့ အကြောင်းကြားထားမှသာ ရန်ကုန်၌ သုံးစွဲနိုင်မည်

ဇွန် ဒုတိယပတ်မှ စတင်၍ ဝယ်ယူခဲ့သည့် နယ်မိုဘိုင်းဖုန်းများသည် မြန်မာ့ ဆက်သွယ်ရေးသို့ အကြောင်းကြားမှသာ ရန်ကုန်တွင် သုံးစွဲခွင့်ပေးမည် ဖြစ်ကြောင်း ဆက်သွယ်ရေးမှ သိရသည်။  ယခင်က နယ်ဖုန်းများ ရန်ကုန်တွင် လာရောက် သုံးစွဲရာ၌ ဖုန်းပြောဆိုနိုင်ရန် အတွက် Roaming စနစ် ဖွင့်ပေးထား၍ ဖုန်းပြောဆိုနိုင်ခြင်း ဖြစ်ပြီး ယခုအခါ၌ ယခင် ရောင်းချပေးခဲ့သည့် နယ်ဖုန်းများမှလွဲ၍ ဇွန်ဒုတိယပတ် နောက်ပိုင်း ဝယ်ယူခဲ့သည့် ဖုန်းများအား Roaming စနစ် ဖွင့်ပေးတော့မည် မဟုတ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်၌ တန်ဖိုးနည်း ဖုန်းများအား ဆက်သွယ်ရေး လုပ်ငန်းနှင့် ပူးပေါင်း လုပ်ကိုင်နေသည့် ကုမ္ပဏီများကိုသာ တရားဝင် ရောင်းချခွင့် ပေးထားသည်။ မိုဘိုင်းဖုန်းဆိုင် အများစုမှာ ရန်ကုန်ကတ်များကို တစ်ဆင့် ပြန်လည် ဝယ်ယူရာ၌ ဈေးနှုန်း မြင့်မားနေမှုကြောင့် နယ်ဖုန်းကတ်များကိုသာ ဝယ်ယူ၍ ပြန်လည် ရောင်းချနေကြောင်း သိရသည်။

“ဇွန်လ ဒုတိယပတ် မတိုင်ခင် ဘယ်နယ်ဖုန်းဖြစ်ဖြစ် ရန်ကုန်မှာ ဖုန်းပြောလို့ ရမှာပါ။ နောက်ပိုင်းဝယ်တဲ့ ဖုန်းတွေကတော့ ရန်ကုန်မှာ သုံးစွဲချင်ရင် ဖုန်းဝယ်တဲ့ ကုမ္ပဏီကတစ်ဆင့် ဆက်သွယ်ရေးကို အကြောင်းလက် ကြားပေးရမှာပါ။ အကြောင်းကြားခြင်း မရှိရင်တော့ သုံးစွဲလို့ရမှာ မဟုတ်ပါဘူး” ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြောသည်။ လက်ရှိတွင် ရန်ကုန်၌ တန်ဖိုးနည်းဖုန်း ဝယ်ချင်သူ အများစုမှာ ဆက်သွယ်ရေး ရုံးများနှင့် ကုမ္ပဏီများတွင် သွားရောက် ဝယ်ယူရာ၌ ကန့်သတ်ချက်များနှင့် ရောင်းချနေသည့် အတွက်ကြောင့် အလွယ်တကူ ဝယ်ယူနိုင်သည့် မိုဘိုင်းဖုန်း ဟန်းဆက် အရောင်းဆိုင်များတွင် ဖုန်းကတ် ဝယ်ယူနေကြရာ ဈေးနှုန်း မြင့်မားနေသည့် ရန်ကုန်ကတ်များအား ဝယ်ယူခြင်း မရှိ ဈေးနှုန်း ပုံမှန်ရှိသည့် နယ်ဖုန်းကတ်များကို ဝယ်ယူနေကြကြောင်း ဖုန်းဝယ်ယူသူ အချို့ထံမှ သိရသည်။ ထိုသို့ နယ်ဖုန်းကတ်များ ဝယ်ယူခဲ့ရာတွင် ဆက်သွယ်ရေးမှ ဖုန်းလိုင်းများ ဖွင့်ပေးထားခြင်း မရှိ၍ ဖုန်းရောင်းသည့် ဆိုင်များနှင့် ဖုန်းဝယ်သူများ ကြားတွင် ပြဿနာအချို့ ပေါ်ပေါက်လျက် ရှိနေကြောင်း ဖုန်းဈေးကွက်မှ သိရသည်။

တာမွေမြို့နယ်မှ နယ်ဖုန်း ဝယ်ယူမိသူ မသက်ထားဆွေက “ရန်ကုန်ကတ်ပဲ ဝယ်မလို့ သွားတာပါ။ ဆိုင်တော်တော်များများ ရန်ကုန်ကတ် မရှိဘဲ နယ်ကတ်ပဲ ရောင်းနေကြတော့ နယ်ကတ်ပဲ ဝယ်ယူမိတယ်။ ကတ်ဝယ်ပြီး ဖွင့်တော့ နှစ်ရက်လောက်ထိ ဖုန်းက မပွင့်ဘူး။ ဆိုင်သွားပြောတော့လည်း ဆက်သွယ်ရေး မဖွင့်ပေးသေးလို့ ပြောတယ်။ ပိုက်ဆံ ပြန်လိုချင်ရင်တော့ ပြန်ပေးမယ်။ ကတ်ချိုးထားတဲ့အတွက် ကျပ်ငါးထောင် နုတ်ယူမယ် ပြောတယ်။ ဒါနဲ့ ဆိုင်နဲ့ စကားတွေများပြီးမှ ပိုက်ဆံအကုန် ပြန်ရခဲ့ပါတယ်” ဟု ပြောသည်။ လက်ရှိတွင် ရန်ကုန်၌ ရောင်းချနေသည့် နယ်ဖုန်းကတ်များ၌ မကွေးတိုင်း ဒေသကြီး၌ ရောင်းချခွင့် ပေးထားသည့် ဖုန်းကတ်များ အများဆုံး ဖြစ်နေကြောင်း ဖုန်းဈေးကွက်မှ သိရသည်။

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account