Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, June 22, 2012

ဈေးဝယ်စင်တာများ၌ ဖုန်းဘီလ် ဆောင်နိုင်အောင် ဆောင်ရွက်ပေးမည်

ဘီလ်စနစ်သုံး မိုဘိုင်းဖုန်းများအား ရှော့ပင်းစင်တာများနှင့် City Mark များတွင် ဘီလ်ဆောင်နိုင်အောင် ဆောင်ရွက်ပေးမည်ဟု ရတနာပုံတယ်လီပို့မှ သိရသည်။ “အလွယ် ဘီလ်ဆောင်လို့ရအောင် စီစဉ်ပေးတဲ့ သဘောပါ။ ဘယ်တော့ စတင်မလဲ ဆိုတာကတော့ ဘဏ်တွေနဲ့ ညှိနေတုန်းပါ” ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ၌ အွန်လိုင်းဖုန်းဘီလ် ဆောင်သည့် စနစ်အား ရတနာပုံတယ်လီပို့ ကုမ္ပဏီနှင့် အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ယူနိုက်တက်အမရဘဏ်၊ သမဝါယမဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ် (MOB) တို့မှ ဇွန်လကုန်မှစ၍ ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဘဏ်များမှတစ်ဆင့် အွန်လိုင်းဖုန်းဘီလ် ဆောင်မည်ဆိုပါက ငွေကျပ် တစ်သောင်းနှုန်းဖြင့် ဘဏ်စာရင်း ဖွင့်လှစ်ရမည်ဖြစ်ပြီး ဘဏ်စာရင်း တစ်ခုလျှင် ဖုန်း ၁၀ လုံးအထိ ဘီလ်ဆောင်ခွင့် ရရှိမည်ဖြစ်ကြောင်း ဖုန်းတစ်လုံးလျှင် ဘီလ်ဆောင်ခ ဝန်ဆောင်မှုအတွက် ကျပ် ၅၀၀ ကျသင့်မည် ဖြစ်ကြောင်း ဝန်ဆောင်မှုပေးသည့် ဘဏ်များမှ သိရသည်။ အွန်လိုင်းဖုန်းဘီလ် ဆောင်နိုင်သည့် စနစ်ကို ၂၀၁၁ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှစ၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ခွင့်ပြုချက်ဖြင့် ရတနာပုံတယ်လီပို့၊ AGD ဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့မှ အကျိုးတူပူးပေါင်း ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပြီး ဘဏ်စာရင်း ဖွင့်လှစ်ထားသူ မည်သူမဆို ရတနာပုံဝက်ဘ်ပေါ်တယ်ရှိ https://billing.yatanarpon.com.mm တွင် ဘီလ်ဆောင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account