Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

COMICS



Photo
ရုပ်ပြကာတွန်းစာအုပ်တွေကို နှစ်သက်တတ်တဲ့ ကလေးသူငယ်များ အတွက် လူကြိုက်များ ထင်ရှားတဲ့ လစဉ်ထုတ် ကာတွန်းရုပ်ပြပေါင်း 13,000 ကျော်ကို ဒစ်ဂျစ်တယ်စာအုပ်များ အသွင် Library ပုံစံ စုစည်းပေးထားတဲ့ App ဖြစ်ပါတယ်။  ရှင်းလင်းထင်ရှားတဲ့ User Interface ကသုံးရလွယ်ကူပြီး Free ရနိုင်တဲ့ ရုပ်ပြကာတွန်းတွေကိုလည်း ရှာဖွေနိုင်ပါတယ်။ ရုပ်ပြ အမျိုးအစားပေါင်း ၅၀၀၀ ကျော်ထဲက အခမဲ့ ဖတ်ရှုနိုင်မယ့် စာအုပ်ပေါင်း ၅၀၀ ကျော်ကို ရရှိနိုင်ပါတယ်။
Comi Xology က ဖန်တီးထားတဲ့ ဒီ App ကို သုံးစွဲဖို့ ComiXology အကောင့်တစ်ခု လိုအပ်ပါတယ်။ ဒါပေမယ့် ဖိုင် Format တူညီဖို့ လိုအပ်ပြီး Developer မတူတဲ့ တစ်ခြား ရုပ်ပြကာတွန်းစာအုပ်တွေ အတွက် ထောက်ပံ့မှု မပေးထားပါဘူး။ တစ်ခုဆိုးတာက Offline မှာ ဖတ်ရှုဖို့ အဆင်မပြေတာကြောင့် Connection ကောင်းဖို့ လိုအပ်ပါတယ်။ ရုပ်ထွက်ဂရပ်ဖစ် အရည်အသွေးမြင့် စခရင်မ်တွေ ပါဝင်တဲ့ဖုန်း Tablet တွေပေါ်မှာ ထွက်သမျှ ရုပ်ပြကာတွန်းတွေကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေဖို့ Built-in Store ပါဝင်ပါတယ်။ Browse Option က နှစ်သက်တဲ့ ရုပ်ပြစာအုပ်ကို နာမည်ရိုက်ထည့်ပြီး အတိအကျ ရှာဖွေပေးပါတယ်။ ကာတွန်းစာအုပ် ဒီတိုင်းရေးဆွဲထားမှုအပေါ် မူတည်ပြီး စာမျက်နှာ တစ်ခုကနေ တစ်ခုကို အပေါ်အောက်၊ ဘေးတိုက် ပွတ်ဆွဲပြီး စက္ကန့်မခြား အလွယ်တကူ လှန်လှောဖတ်ရှုနိုင်ပါတယ်။ iOS 4.0 နဲ့ နောက်ပိုင်း ဗားရှင်းတွေမှာသာ သုံးနိုင်ပါတယ်။

OS              - Android, iOS
Price           - $0.99
Download   - download.cnet.com
Size           - 2.5 MB

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account