Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

SKYFIRE 4.0



Photo
Android မိုဘိုင်းပလတ်ဖောင်းပေါ်မှာ သုံးစွဲသူ ၁၀ သန်းကျော်ရှိတဲ့ Mobile Browser Skyfire က ဗားရှင်းသစ် 4.0 ကို iOS ပေါ်မှာ အခမဲ့ Free သုံးစွဲခွင့် ပေးခဲ့ပါတယ်။  Flash တစ်ပါးတည်း ပံ့ပိုးထားတဲ့ Skyfire 4.0 က အွန်လိုင်း ဗီဒီယိုတွေကို ကြည့်ရှုလိုတဲ့ iOS ပရိသတ်တွေကို အမိအရ ဆွဲဆောင်ထားနိုင်ပါတယ်။ အချိန်တိုအတွင်း iOS ပေါ်မှာ သုံးစွဲသူ ၁ သန်းကျော် တိုးပွားလာတဲ့ Skyfire က Facebook နဲ့ Twitter ပေါ်က နောက်ဆုံး Update ကို အလွယ်တကူ ဝင်ရောက်နိုင်အောင် ဖန်တီးထားပါတယ်။ Feature အစုံအလင် သုံးစွဲနိုင်မယ့်အပြင် Social Sharing, Feed Reader နဲ့ Useragent Switching တို့ကိုပါ သုံးစွဲနိုင်ပါတယ်။

လူသုံးအများတဲ့ ဝက်ဘ်ဆိုက်တွေကို Link တစ်ပါတည်း ပေးထားတာကြောင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဝက်ဘ်ဆိုက်ထဲက Article တွေကို Scroll ပွဲဆွဲပြီး လွယ်လင့်တကူ ကြည့်ရှုနိုင်တဲ့အပြင် စခရင် အပြည့် စာလုံးဖောင့်ကိုပါ Zoom ဆွဲဖတ်ရှုနိုင်စေဖို့ ဖန်တီးပေးထားပါတယ်။ အောက်ခြေမှာရှိတဲ့ Skybar ကွဲပြားတဲ့ Function အမျိုးအစား ၁၄ ခုကို သုံးစွဲနိုင်မယ့် Items များပါရှိပါတယ်။ Vedio ခလုပ်ကိုနိုပ်ရင် Browser ပေါ်မှာပဲ Vedio File တွေကို ရှာဖွေပြီး တစ်ပြိုင်နက် ကြည့်ရှုနိုင်ပါတယ်။ ညာဘက်အောက်ထောင့်မှာ ပါဝင်တဲ့ Link Button ကိုနိုပ်ပြီး tap လုပ်နိုင်ပါတယ်။ လူသုံးများ လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook နဲ့ Twitter တို့ကို tap တစ်ချက်နှိပ်ရုံနဲ့ အလွယ်တကူ ဝင်ရောက်နိုင်ဖို့ Browser ပေါ်မှာပဲ တစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ လူမှုကွန်ရက် Search Engine, Flash Vedio, Feed Reader တို့အဖြစ် All-in-one သုံးစွဲနိုင်မယ့် Skyfire 4.0 ကို မိုးဘိုင်းအင်တာနက်သုံးသူတွေ ဆောင်ထားသင့်ပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account