Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

မိုဘိုင်းအင်တာနာတိုင်များ တပ်ဆင်ရာတွင် ပိုင်ရှင်ခွင့်ပြုမှု အရေးကြီး

မြန်မာနိုင်ငံရှိ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်များ ကောင်းမွန်စေရန် အထပ်မြင့် အဆောက်အအုံများပေါ်၌ မိုဘိုင်းအင်တာနာ တာဝါတိုင်များ တပ်ဆင်ရာတွင် အခြားနိုင်ငံများနည်းတူ တပ်ဆင်ခွင့် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားခြင်း မရှိဘဲ  အထပ်မြင့် အဆောက်အအုံပိုင်ရှင်၏ ခွင့်ပြုချက်ရမှာသာ တပ်ဆင်သွားမည်ဟု ဆက်သွယ်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ် ဦးကျော်စိုးက ပြောသည်။
“မိုဘိုင်းဆက်သွယ်ရေးအတွက် မိုဘိုင်း Base  တွေ၊  Station  တာဝါတွေ မရှိဘူးဆိုရင် မိုဘိုင်းဖုန်းတွေကို ဘယ်လိုမှ သုံးစွဲလို့ မရပါဘူး။ နိုင်ငံတကာမှာဆို လူနေထူထပ်တဲ့ နေရာတွေရှိတဲ့  Roof Top Tower  တွေမှာ တာဝါတိုင်တွေ တပ်ဆင်တာကို ဥပဒေ ပြဋ္ဌာန်းပြီးတော့ ဆောင်ရွက်ကြတယ်။ အာဆီယံနိုင်ငံများ နည်းတူ ရန်ကုန်စည်ပင်ကလည်း ဥပဒေ သတ်မှတ်ပြဋ္ဌာန်းပြီးတော့ အဆောက်အအုံ ခေါင်မိုးပေါ်မှာ မိုဘိုင်းအင်တာနာ တပ်ဆင်ခွင့်ပြုမယ် ဆိုရင် ပြည်သူလူထုအနေနဲ့ မိုဘိုင်းဆက်သွယ် ပြောဆိုရာမှာ ပြတ်တောက်ခြင်း မရှိဘဲ ကောင်းမွန်စွာ ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးမှာ စက်ပစ္စည်း အပြည့်အစုံရှိတယ်။ ဆက်သွယ်ရေးကို တိုးချဲ့နိုင်ဖို့ မိုဘိုင်း အင်တာနာတွေ တိုးချဲ့နိုင်မှ ဖြစ်မှာပါ။ မိုဘိုင်းအင်တာနာတွေကို တိုးချဲ့ တပ်ဆင်ခြင်းက ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ဖို့အတွက် အဆင်ပြေမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆက်သွယ်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ဆွေးနွေး တင်ပြခဲ့သည်။
 
လူနေထူထပ်သော မြို့ကြီးများတွင် မိုဘိုင်းတာဝါတိုင်များ တပ်ဆင်ရာတွင်လည်း မြေနေရာ အခက်အခဲများ ရှိနေပြီး စည်ပင်မှလည်း အချို့မြေနေရာ အခက်အခဲများအတွက် အများကြီး ကူညီ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။ “ရန်ကုန်မှာ အဓိကလုပ်ရမှာ ဆိုတော့ ဟိုတယ်တွေ၊ ဈေးဝယ်စင်တာက တစ်ဆင့် လွယ်လင့်တကူ ပြောဆိုနိုင်ဖို့ ဖြစ်ပါတယ်။ ရန်ကုန်မှာ စွမ်းရည်မြှင့်တင်ဖို့ အတွက်လည်း စက်ပစ္စည်း အပြည့်အစုံရှိပြီး ဖြစ်ပါတယ်။ အဓိကကတော့ နေရာကိစ္စပဲ ဖြစ်ပါတယ်။ လူတွေက မိုဘိုင်း အင်တာနာတိုင်ကနေ ရေဒီယိုလှိုင်း ဓာတ်ရောင်ခြည် ထုတ်ခြင်းကို အန္တရာယ်ရှိတယ်လို့ ထင်ကြတယ်။ နိုင်ငံတကာက စစ်ဆေးတွေ့ရှိချက်အရ ဒီဓာတ်ရောင်ခြည်က လူတွေကို ထိခိုက်မှု မရှိစေဘူးလို့ ဆိုထားပါတယ်။ ရေဒီယိုဖြန့်ကြက်မှု စွမ်းအင်ပမာဏ အလွန်သေးပါတယ်။ တစ်သန်းပုံ တစ်ပုံလောက်ပဲ ရှိပါတယ်။ မိုဘိုင်း တာဝါတွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ဘာမှ မဖြစ်စေပါဘူး” ဟု ယင်းက ဆက်လက် ပြောကြားခဲ့သည်။       

ချိုကို

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account