Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

Sony ၏ ပထမဦးဆုံး ၈၄ လက်မ XBR-84X900 4K TV



Photo
Sony ကုမ္ပဏီ၏ 2012 ခုနှစ်အတွက် အကြီးမားဆုံး ဆန်းသစ်တီထွင်မှုတစ်ခုအဖြစ် ၈၄ လက်မ အရွယ်အစားရှိ XBR-84X900 4K တီဗီကို စတင်မိတ်ဆက် ဖြန့်ချိလိုက်သည်။ ၎င်း XBR-84X900 သည် လက်ရှိအချိန်တွင် Sony ၏ အကြီးမားဆုံး ရုပ်မြင်ဖန်သားပြင်ဖြစ်ပြီး 4K resolution ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ၈၄ လက်မအရွယ်ဖြင့် ထုတ်လုပ်ထားပြီး
edge-lit LED အခြေခံ LCD တီဗီဖြစ်ကာ passive 3D feature လည်း ပါဝင်သည်။ စတူဒီယိုစနစ် speaker driver 10 ခု ထည့်သွင်းတပ်ဆင်ပေးထားသည်။ 4K ဆိုသည်မှာ အဆင့်မြင့် 1080p တီဗီများထက် pixel လေးဆပိုများပြီး 3840x2160- pixel resolution ဖြင့် ပုံရိပ်များကို ဖော်ပြပေးနိုင်သည့်စနစ် ဖြစ်သည်။ 4K resolution content များကို အရည်အသွေး ကောင်းမွန်စွာဖြင့် ကြည့်ရှုနိုင်ရန်အတွက် Sony မှ 4K  X-Reality  PRO picture engine ကို ထည့်သွင်း ထုတ်လုပ်ပေးထားသည်။ XBR-84X900 သည် Sony ၏ ပထမဦးဆုံး passive 3D တီဗီဖြစ်ပြီး full HD resolution ထက် ပိုမိုကောင်းမွန်သည့် စနစ်ဖြင့် 3D  မြင်ကွင်းရှုထောင့်များကို တွေ့မြင်နိုင်မည် ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ Smart TV feature နှင့် ကြိုးမဲ့ကွန်ရက်စနစ်များလည်း ပါဝင်ကာ 4K ဒီဂျစ်တယ်ဓာတ်ပုံများကို  4K resolution ဖြင့် ကြည့်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ဥရောပဈေးကွက်အတွက် XBR- 84X900 ကို ယူရို ၂၅,၀၀၀ (အမေရိကန်ဒေါ်လာ ၃၁,၀၀၀) ဖြင့်  ရောင်းချမည်ဖြစ်ကြောင်းနှင့် ယခုနှစ်အကုန်ပိုင်းတွင်မှ အမေရိကန် ဈေးကွက်သို့ စတင်၍ တင်ပို့မည်ဖြစ်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ဟေမာ
Ref: CNET

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account