Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

Apple ၏ နည်းပညာကို Samsung ပုံတူကူးချခြင်း မရှိဟု ဂျပန်တရားရုံး ဆုံးဖြတ်



Photo
Apple ၏ နည်းပညာများကို မူပိုင်ခွင့် ချိုးဖောက်၍ ကူးယူခဲ့မှုဖြင့် Samsung အား အမေရိကန်တရားရုံးက ဒေါ်လာ ၁ ဘီလျံ ပေးဆောင်ရန် စီရင်ချက် ချမှတ်ခဲ့သည်။ သို့သော် အမေရိကန်တရားရုံး၏ အဆိုပါ စီရင်ချက် ချမှတ်အပြီး တစ်ပတ်အကြာတွင်မူ ဂျပန်နိုင်ငံ တိုကျိုတရားရုံးက Apple နှင့် Samaung တို့ ဖြစ်ပွားသည့် အလားတူ အမှုကိစ္စတွင် Samsung အနေဖြင့် Apple မူပိုင်ခွင့် ချိုးဖောက်၍ ပုံတူကူးချ ခိုးယူခဲ့ခြင်းမရှိကြောင်း ဆုံးဖြတ်လိုက်သည်။

Samsung အနေဖြင့် ၎င်း၏ Galaxy smartphone များနှင့် Galaxy Tablet များ ထုတ်လုပ်ရာတွင် Apple ၏ iPhone, iPad တို့တွင် အသုံးပြုထားသော နည်းပညာများကို ပုံတူကူးချ ခိုးယူထားခြင်း မတွေ့ရှိရကြောင်း တိုကျိုတရားရုံးက ယနေ့ စီရင်ချက်ချမှတ်သည်။ ယခုအမှုကိစ္စတွင် Samsung ၏ ထုတ်ကုန်များဖြစ်သော Galaxy S, Galaxy S2 နှင့် Galaxy Tab 7 တို့တွင် ပါဝင်သော music, video တို့ကို ကွန်ပျူတာနှင့် synchronize ပြုလုပ်သည့် နည်းပညာမှာ ၎င်းတို့ထံမှ ကူးချထားခြင်း ဖြစ်ကြောင်း Apple က ပြောကြားထားကြောင်း CNN တွင် ဖော်ပြသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account