Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

ရေစိုခံအကြမ်းခံကာ ဈေးနှုန်းသက်သာသည့် Land Rover ဖုန်းဝင်ရောက်



Photo
ရေစိုခံ အကြမ်းခံကာ ဈေးနှုန်းသက်သာသည့် Land Rover ဖုန်းအမျိုးအစားသစ်တစ်ခု ဝင်ရောက်လာကြောင်း သိရသည်။ ၎င်းဖုန်းမှာ GSM စနစ်နှင့် CDMA 450 MHz စနစ်နှစ်မျိုးစလုံးအား တွဲဖက်အသုံးပြုနိုင်မည့် ဖုန်းအမျိုးအစားတစ်ခုဖြစ်ပြီး Dual Sim ဖုန်းအမျိုးအစားတစ်ခု ဖြစ်သည်။ ရေစိုခြင်းနှင့် ဖုန်းထိခိုက်ခြင်းတွေအား အကောင်းဆုံး ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး
မာကျောကျစ်လျစ်သော ပုံစံ ဒီဇိုင်းဖြင့် ဖွဲ့စည်းထားသည့်အပြင် လိုင်းဆွဲအားအတွက်လည်း အသုံးပြုသူများ အဆင်ပြေနိုင်စေရန်အတွက် အင်တာနာတိုင်အား အရှင်ပြုလုပ်ပေးထားပြီး မိမိနှစ်သက်ရာ တိုင် အတိုနှင့် အရှည်အား လဲလှယ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ 2.0 Megapixel ရှိသော ကင်မရာ ပါဝင်ပြီး 2.4 QVGA Display ပါဝင်သည့်အပြင် FM, MP3, MP4 အစရှိသော Multimedia  စနစ် များကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ဘက်ထရီအပိုပါဝင်ပြီး ခါးချိတ်အိတ်လည်း ပါဝင်မည် ဖြစ်သည်။ ၎င်းဖုန်းအား ဝယ်ယူအသုံးပြုလိုသူများအနေဖြင့် Try Call မိုဘိုင်းဖုန်းအရောင်းဆိုင် ဖုန်း ၀၉၅၁၈၂၇၈၅ တွင် ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည် ဖြစ်သည်။
 
ကိုသက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account