Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

4G စနစ်အား ရန်ကုန်မြို့တွင် စတင်စမ်းသပ်၊ နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင်ပါ တိုးချဲ့ရန် ရည်ရွယ်ဟုဆို



Photo
အဆင့်မြင့် မိုဘိုင်းကွန်ရက်ဖြစ်သည့် 4G စနစ် (Long Term Evolution) အား ရန်ကုန်မြို့တွင် စတင်စမ်းသပ် အကောင်အထည် ဖော်လျက်ရှိကြောင်း  ရတနာပုံတယ်လီပို့၏ အနာဂတ်လုပ်ငန်းနှင့် ဝန်ဆောင်မှုများအရ သိရသည်။ အဆိုပါစနစ်အား ရန်ကုန်မြို့အပြင် နောင်တွင် နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင်ပါ တိုးချဲ့သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။ Data စနစ်ကို အပြည့်အဝ အထောက်အပံ့ပေးမည့် အဆိုပါ 4G ဖုန်းလိုင်းများကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမီ ချထားပေးရန် စီစဉ်လျက်ရှိကြောင်း၊ 4G ဖုန်းလိုင်းများအား Long Term Evolution ကွန်ရက်ကို အထောက်အပံ့ ပေးနိုင်သည့် ဟန်းဆက်များနှင့် တွဲဖက်အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ၎င်းဖုန်းလိုင်းများ အသုံးပြုနိုင်ရန်အတွက် ပြည်ပနိုင်ငံများမှ နည်းပညာ ကုမ္ပဏီများနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
 

မိုဘိုင်းကွန်ရက်၊ အင်တာနက်ကွန်ရက်နှင့် ပြည်တွင်းကွန်ရက်များ တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်း၊ ဆက်စပ်ဝန်ဆောင်မှုများ တိုးချဲ့ခြင်းတို့အား ဆောင်ရွက်ရာတွင် နည်းပညာနှင့် စီမံခန့်ခွဲမှု နယ်ပယ်များအတွက် အတွေ့အကြုံရှိ ပညာရှင်များ၊ ကျွမ်းကျင်သူများ၊ ကျွမ်းကျင်လုပ်သားများ လိုအပ်မည်ဖြစ်သည့်အတွက် ထည့်သွင်းစဉ်းစားရမည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရတနာပုံတယ်လီပို့၏ အကြံပြု ဆွေးနွေးချက်များတွင် ဖော်ပြပါရှိသည်။ ယခင် မိုဘိုင်းတယ်လီဖုန်း သုံးစွဲမှုမှာ လူနည်းစုသာ သုံးစွဲနိုင်ရာမှ လူလတ်တန်းစား သုံးစွဲနိုင်သည်အထိ ရောက်ရှိလာကြောင်း လက်ရှိ ၂၀၁၂ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် မိုဘိုင်းအင်တာနက်သုံးစွဲမှု သိသိသာသာ များပြားလာပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ 2G နှင့် 3G အင်တာနက်များကို ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။ မြန်နှုန်းမြင့် မိုဘိုင်းဖုန်းများ ပြည်တွင်း၌ အသုံးပြုနိုင်လာခြင်းအားဖြင့် မိုဘိုင်းအခြေပြု စီးပွားရေးလုပ်ငန်းများလည်း တဖြည်းဖြည်း တွင်ကျယ်လာမည် ဖြစ်ကြောင်း လက်ရှိမိုဘိုင်းဖုန်း အခြေပြုဝန်ဆောင်မှု အချို့လည်း ပြည်တွင်းဈေးကွက်တွင် ရှိနေပြီ ဖြစ်ကြောင်း နည်းပညာ လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောကြားသည်။

ထွန်းထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account