Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, September 6, 2012

အရွယ်အစားသေးငယ်ပြီး အကြမ်းခံသည့် Sony Action Cam Camcorder



Photo
Sony ကုမ္ပဏီက super compact camcorder ဖြစ်သည့် Action Cam ကို မိတ်ဆက်ပေးခဲ့သည်။ အရွယ်အစားအနေဖြင့် အမြင့် ၂ လက်မ၊ အနက် ၂.၆ လက်မနှင့် အကျယ် ၀.၉ လက်မရှိပြီး CarlZeiss မှန်ဘီလူးနှင့် Exmor R BSI CMOS sensor နှင့် Bionz processor တို့ကို အသုံးပြုထားသည်။ 1080p30, 720p120 (4x slow-motion capture), 720p60 (2x slow-motion capture), 720p30 480p30 စသည့် MP4 recording option များနှင့် ရိုက်ကူးနိုင်သည်။ Digital image  stabillzation ပါဝင်ပြီး 16-megapixel ဓာတ်ပုံများကိုပါ ရိုက်ကူးနိုင်သည်။
Built-in သိုလှောင်မှုစနစ် ပါဝင်ခြင်း မရှိသော်လည်း microSD နှင့် Memory Stick Micro card များအတွက် card slot တစ်ခုကို အထောက်အပံ့ပေးထားသည်။ ဖယ်ရှားနိုင်သည့် ဘက်ထရီကို တပ်ဆင် အသုံးပြုထားသည့်အတွက် အပိုဘက်ထရီများနှင့် ထည့်သွင်းအသုံးပြုနိုင်ပြီး အားသွင်းရာတွင် Micro-USB ဖြင့် အားပြန်သွင်းနိုင်သည်။ Micro-HDMI output ပါဝင်သည့်အတွက် အရွယ်အစားကြီးများသည့် screen ပေါ်တွင် ဗီဒီယိုများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ Sony Action Cam ကို built-in Wi-Fi ပါသည့် အမျိုးအစားနှင့် Wi-Fi မပါသည့် အမျိုးအစားတို့ဖြင့် ထုတ်လုပ်ထားသည်။ Wi-Fi အမျိုးအစားတွင် ဗီဒီယိုများကို iOS နှင့် Android ထုတ်ကုန်များထံ ပေးပို့နိုင်ပြီး ၎င်းထုတ်ကုန်များ၏ screen ကိုလည်း viewfinder တစ်ခုအနေဖြင့် အသုံးပြုနိုင်သည်။ ကင်မရာအတွက် shockproof/waterproof case တစ်ခုနှင့် adhesive mount နှစ်ခု ပါဝင်ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၀၀ ဖြစ်သည်။ Wi-Fi အမျိုးအစားအတွက် အမေရိကန်ဒေါ်လာ ၇၀ ထပ်မံကျသင့်မည် ဖြစ်သည်။

နောင်နောင်
Ref: CNET

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account