Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, May 27, 2012

အင်တာနက်က ဉာဏ်ပိုကောင်းစေသလား



Photo
လက်ပ်တော့များ၊ စမတ်ဖုန်းများကြား၌ မွေးဖွားလာသည့် လူငယ်များ အားလုံးကို ဒစ်ဂျစ်တယ် ဒေသခံများ (Digital Natives) ဟု တင်စားလေ့ရှိ၏။  လူငယ်များ၏ ဦးနှောက်သည် ဖွံ့ဖြိုးကြီးထွားမှုနှုန်း မြန်၏။
နည်းပညာ အသစ်အဆန်းများနှင့် တွေ့သောအခါ ထိုဦးနှောက်များသည် ပို၍ 'လန်း' သည်ထက် 'လန်း' လာကြ၏။ မိမိတို့၏ ငယ်စဉ်က ပတ်ဝန်းကျင်သည် လမ်းတစ်လမ်းလုံး၌ပင်လျှင် ရေဒီယိုတစ်လုံး မရှိတတ်သော ပတ်ဝန်းကျင် ဖြစ်၏။ ယခုခေတ် လူငယ်များ၏ ပတ်ဝန်းကျင်သည်ကား ရေဒီယို၊ တီဗွီဆိုသည်မှာ ပြတိုက်ထဲက ပစ္စည်းတစ်ခု ဖြစ်၏။ သူတို့တွေက လက်ပ်တော့၊ စမတ်ဖုန်း၊ MP3/4၊ ကင်မရာ၊ မိုဘိုင်းဖုန်းများ စသည်ဖြင့် အတိ ပြီးနေ၏။ ယခုခေတ် လူငယ်များသည် ထိုပစ္စည်းများကို တစ်ခုထက်ပို၍ အသုံးပြုလာကြ၏။ ဤသို့ အသုံးပြုလာခြင်း၏ အကျိုးမှာ လူငယ်တို့အနေဖြင့် လုပ်ငန်းအမယ်စုံ လုပ်နိုင်သောစွမ်းရည် (Multi-Tasking) ရှိလာခြင်း၊ ရှုပ်ထွေးသော အကြောင်းခြင်းရာများကို ယုတ္တိကျကျ စဉ်းစားတွေးခေါ် လာနိုင်ခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် အရည်အချင်း ရှိလာခြင်းတို့ပင် ဖြစ်၏။ အိတ်ဆောင် ပြက္ခဒိန်များသုံးပြီး ကြီးထွားလာရသော လူငယ်များကို ဒစ်ဂျစ်တယ် ပြောင်းရွှေ့သူများ (Digital Immigrants) ဟုဆို၏။ ထိုသူများ အနေဖြင့်လည်း စိတ်ဓာတ်ကျစရာ မလိုပါ။ အင်တာနက်ကို နေ့စဉ်ကြည့်ကာ Web လှိုင်းစီးလျှင် ဒစ်ဂျစ်တယ် ပြောင်းရွှေ့သူများ၏ ဦးနှောက်များသည်လည်း ချိတ်ဆက်မှုအား ပိုကောင်းကာ အသက်ကြီးလေ ဉာဏ်ရွှင်လေဖြစ်ကာ ပိုမိုလေ့လာအား ကောင်းလာမည်ဟု ဆို၏။
 

Ref; RD, April,2012

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account