Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, May 27, 2012

လောကကြီးကို အပြောင်းအလဲဖြစ်စေတဲ့ နည်းပညာများ (BIOMETRIC)



Photo
ဇီဝဗေဒပညာရပ်ကို အသုံးချပြီး သက်သေခံ အထောက်အထားယူကာ အသုံးချစေတဲ့နည်းကို biometric လို့ ခေါ်လိုက်ကြတယ်။  လူရဲ့မွေးရာပါ ရုပ်လက္ခဏာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အပြုအမူတစ်ခုခု ဖြစ်ဖြစ် တစ်ခုထက်မကဖြစ်ဖြစ် အခြေပြုထားချက်ကို အသိအမှတ်ပြုပြီး စစ်ဆေးယူတဲ့ နည်းလမ်း ဖြစ်တယ်။
biometrics နည်းပညာကို ကွန်ပျူတာစနစ် တစ်ခုထဲကို ဝင်ရောက်နိုင်စေမယ့် အစီအမံများကို ကိုယ်ပိုင်လက္ခဏာ တစ်ရပ် ဖြစ်စေခြင်းနှင့် ထိန်းချုပ်မှု ဖြစ်စေခြင်း ပုံစံအနေနဲ့ အသုံးချကြတယ်။ စောင့်ကြပ်ကြည့်ရှုမှု အောက်မှာ ရှိနေစေတဲ့ အုပ်စုတွေထဲက တစ်ခုချင်းလက္ခဏာ ခွဲခြားယူနိုင်ဖို့အတွက်လည်း အသုံးပြုသေးတယ်။ ဇီဝဗေဒပညာနည်းနဲ့ သွင်ပြင်လက္ခဏာ ဖမ်းယူ ရွေးချယ်ပေးနိုင်တဲ့ အရာတွေက ကွဲကွဲပြားပြား ခြားခြားနားနား သိနိုင်တယ်၊ တိုင်းတာလို့ရတဲ့ လက္ခဏာသွင်ပြင်ကိုလည်း တိုင်းတာပေးနိုင်သေးတယ်။ ဒီလို ဖမ်းယူ ရွေးချယ်ပေးနိုင်တဲ့ အရာတွေအတွက် နည်းလမ်း ၂ မျိုး ရှိတယ်။

ဇီဝကမ္မလက္ခဏာနဲ့ အပြုအမူ လက္ခဏာတို့ကို အသုံးချတဲ့ နည်းလမ်းတွေ ဖြစ်တယ်။  ဇီဝကမ္မ လက္ခဏာဆိုတာက ရုပ်သွင်နဲ့ ခန္ဓာကိုယ်ပုံစံတို့နဲ့ သက်ဆိုင်တယ်။ လက်ဗွေပုံစံတို့၊ မျက်နှာပုံစံတို့ ဒီအန်အေတို့နဲ့ လက်ဖဝါးပေါ်က အရေးအကြောင်းတို့ ပါဝင်တယ်။ နောက်ပိုင်းမှာ iris recognition လို့ ခေါ်တဲ့ မျက်ဝန်းမျက်ဆံ အရောင်တို့ကို သိရှိနားလည်ပြီး ခွဲခြားယူတဲ့ စနစ်တို့အပြင် အနံ့အသက်နဲ့ ခွဲခြားယူတဲ့ နည်းတွေပါ အသုံးပြုနိုင်လာကြတယ်။ အပြုအမူ လက္ခဏာဆိုတဲ့ behavior charecteristics ဆိုတာကတော့ လူတစ်ယောက်ရဲ့ လှုပ်ရှားမှုဟန်ပန်နဲ့ သက်ဆိုင်တာဖြစ်တဲ့အတွက် အကန့်အသက်မဲ့ ပါဝင်နိုင်တယ်။ ဥပမာ- လက်ချောင်းလေးတွေ လှုပ်ရှားပြီး စာရိုက်သွင်းတဲ့ စည်းချက်တို့၊ လမ်းလျှောက်တဲ့ ခြေလှမ်းတို့ စကားပြောသံတို့ပါ အကျုံးဝင်နေတယ်။ ဒါကို ဘီဟေဗီယိုမက်ထရစ် (behaviometrics)လို့ ခေါ်ဝေါ် သုံးနှုန်းကြသူတွေလည်း ရှိတယ်။

သမားရိုးကျဆန်လွန်းတဲ့ ဝင်ရောက်ခွင့်ပြုစေမယ့် ထိန်းချုပ်မှုတွေမှာတော့ drivers တွေရဲ့ လိုင်စင်နံပါတ်တို့ လျှို့ဝှက်နံပါတ်တို့လို toker-based identification စနစ်နဲ့ လျှို့ဝှက်နံပါတ်တစ်လုံး ဒါမှမဟုတ် ကိုယ်ရေးဆိုင်ရာ သက်သေခံအမှတ်အသား နံပါတ်တို့လို knowledge -based identification စနစ်တို့ ဖြစ်တယ်။ ဇီဝဗေဒပညာရပ်ကို အသုံးချပြီး သက်သေခံ အထောက်အထားယူတဲ့ စနစ်အားလုံးက တစ်ကိုယ်ရေ လုံခြုံမှု ကိစ္စတွေအပြင် စီးပွားရေးလုပ်ငန်းတွေ အတွက်ပါ အသုံးပြုချင်ကြတဲ့အတွက် ကွန်ပျူတာစနစ်ကို ရဲရဲတင်းတင်း ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြစေတယ်။ ဒီနည်းပညာက လူ့ဘောင်လောကရဲ့ ကိစ္စအဝဝကို တစ်မျိုးတစ်ဖုံ ဆန်းသစ်စေတယ်လို့ ပြောရင်လည်း မှားနိုင်မယ် မဟုတ်ပေ။

လူတို့ရဲ့ ဇီဝကမ္မဗေဒ ကွဲပြားခြားနားမှု သဘာဝ၊ ဓာတုဗေဒဆိုင်ရာ မတူညီတဲ့ အခြေအနေနဲ့ ပြုမူဆောင်ရွက်တတ်တဲ့ အလေ့အကျင့်မတူ ကွဲပြားမှုတွေကို Biometric Outhentication အတွက် အသုံးချယူနိုင်ပါတယ်။ ဇီဝဗေဒသဘောနဲ့ စစ်မှန်ကြောင်း သက်သေအဖြစ် မှတ်ယူနိုင်မယ်လို့ ဆိုလိုတာ ဖြစ်တယ်။

ဒီနည်းပညာနဲ့ ပတ်သက်ပြီး သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အသုံးပြုလာကြတာကိုလည်း တွေ့ကြရမှာဖြစ်တယ်။ ဘီစီ ၅၀၀ လောက်က ဘေဘီလုံနိုင်ငံသားတွေက စီးပွားရေးလုပ်ငန်းတွေ အတွက် ရွံ့ပြားပေါ်မှာ လက်ဝါးတံဆိပ် ပြုလုပ်ပြီး သက်သေခံ အထောက်အထားအနေနဲ့ အသုံးချကြတဲ့ အလေ့အကျင့်တွေ ရှိခဲ့တယ်။ လူတစ်ဦးနဲ့တစ်ဦး လက်ဗွေပုံစံ မတူညီမှုကို အကြောင်းပြုပြီး သက်သေ အထောက်အထားအနေနဲ့ စနစ်တကျ စုဆောင်းပြီး မှန်၊မမှန် စစ်ဆေးယူတဲ့ အလေ့အထကိုတော့ ၁၈၈၁ ခုနှစ်လောက်က Juan Vucetich ဆိုသူက စတင် အကောင်အထည်ဖော်ခဲ့တာကို တွေ့နိုင်တယ်။ အာဂျင်တီးနားမှာ ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးရေးအတွက် လက်ဗွေများကို မှတ်ပုံတင်ထားစေတယ်။

ကွန်ပျူတာခေတ်ကို ရောက်လာတဲ့အခါ သတင်းအချက်အလက်တွေကို စုဆောင်းပြီး တစ်နေရာရာမှာ သိမ်းဆည်းထားပြီး အသုံးပြုကြရတဲ့အတွက် မလိုလားအပ်တဲ့နေရာကို သတင်းမရောက်စေဖို့ ဒါမှမဟုတ် မသက်ဆိုင်သူ တစ်ဦးတစ်ယောက်မှ မသိစေဖို့ သတင်းအချက်အလက် ဂိတ်စောင့်အဖြစ် သက်သေခံ စစ်ဆေးယူရတဲ့ အခြေအနေရှိလာတယ်။ သက်သေခံ စစ်ဆေးယူတဲ့အခါမှာလည်း တိကျ မှန်ကန်စွာနဲ့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ယူနိုင်မယ့် နည်းလမ်းက biometric ဆိုတဲ့ နည်းပညာကသာ အဆင်ပြေဆုံး ဖြစ်နေစေတယ်။ ၂၀၀၉ ခုနှစ်မှာ Biometric Consortium Conference ကျင်းပပြီး ဇီဝကမ္မဗေဒ အခြေပြုသက်သေခံ အထောက်အထားတွေကို ပိုမိုတွင်ကျယ်စွာ အသုံးချနိုင်ရေး ကိစ္စတွေကို ဆွေးနွေးယူရတဲ့အထိ ခေတ်မီစွာ ဆောင်ရွက်လာကြတယ်။ တစ်ချိန်တည်းမှာပဲ တခြား နည်းပညာတွေကလည်း တိုးတက် ဖွံ့ဖြိုးလာတဲ့အတွက် biometric နဲ့ ထိန်းချုပ် ဆောင်ရွက်ယူထားတဲ့ လုံခြုံမှုစနစ်ကိုပင် ပုံတူရယူကာ အတုနဲ့အသုံးချပြီး ရာဇဝတ်မှုတွေ ကျူးလွန်ကြတာမျိုးတွေလည်း ရှိလာခဲ့တယ်။ တကယ့် အဖြစ်အပျက်တွေထဲမှာ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုကတော့ မလေးရှားနိုင်ငံမှာ မော်တော်ကားခိုးဖို့ကြံတဲ့သူက ကားပိုင်ရှင်ရဲ့လက်ချောင်းကို ဖြတ်ယူပြီး ခိုးယူတယ်ဆိုတဲ့ အရေးအခင်း ဖြစ်တယ်။

Biometric ကြောင့် အကျိုးဆက်တွေ တစ်ပုံတစ်ပင်ရှိသလို biometricကြောင့် ပျက်စီးဆုံးရှုံးမှု ပိုကြီးရတဲ့ အနေအထားလည်း ရှိနိုင်တယ်။ Biometric နည်းပညာကို ထိုက်ထိုက်တန်တန် အကျိုးရှိရှိ အသုံးပြုကြတဲ့ နိုင်ငံတွေကတော့ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ ဂျာမနီ၊ အိန္ဒိယ၊အီရတ်၊ အစ္စရေး၊ အီတလီ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့ ဖြစ်တယ်။ အထူးသဖြင့် စိတ်ကူးယာဉ် သိပ္ပံဇာတ်လမ်းတွေမှာ biometric စနစ်ကို ဆန်းသစ်စွာ အသုံးချယူပုံကို ရိုက်ကူး ရေးသားကြတဲ့အတွက် ပိုပြီး ပေါ်ပြူလာ ဖြစ်လာရတယ်လို့လည်း ပြောနိုင်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး တစ်ကိုယ်ရေသုံး ကွန်ပျူတာတွေမှာ face recognition ဆိုတဲ့ အသုံးပြုသူရဲ့ မျက်နှာအသွင်အပြင်ကို စစ်ဆေးပြီးမှ ကွန်ပျူတာဖွင့် သုံးခွင့်ပြုပေးတဲ့ စနစ်တို့၊ လက်ဗွေနဲ့ စစ်ဆေးပြီး ခွင့်ပြုတဲ့စနစ်တို့ကို အသင့် ထည့်သွင်းပါရှိလာတာကို တွေ့ရတယ်။ ကန့်သတ်ဧရိယာများကို အဝင်အထွက် ခွင့်ပြုမိန့်အတွက်လည်း biometric စနစ်ကို အသုံးပြုကြတယ်။ တန်ဖိုးကြီးမြင့်တဲ့ မော်တော်ကားများပင် finger print နဲ့ မော်တော်ကား မောင်းလို့ရအောင် စီစဉ်ပေးလိုက်တာမျိုးတွေ ရှိလာတယ်။

လျှို့ဝှက်အမှတ်အသား ဂဏန်းတွေ၊ စာသားတွေအပြင် biometric စနစ်နဲ့ ထပ်ပိုးပေါင်းစပ် အသုံးပြုတဲ့ အလေ့အကျင့်က တစ်နေ့ထက်တစ်နေ့ တိုးတက်လာသလို ဆန်းသစ်မှုတွေကလည်း ပိုပြီးမြင့်မားစွာ ရှိလာနေတယ်။ biometric နဲ့ သက်ဆိုင်တဲ့ ပစ္စည်းကိရိယာ ထုတ်လုပ်မှုတွေရဲ့ ဈေးကွက်ကလည်း ကြီးထွားလာတယ်။ biometric Software ပြုစုသူတွေကလည်း ဆက်လက် ကြိုးပမ်းအားထုတ်ရင်း ပိုပြီးခိုင်မာတဲ့ လုံခြုံရေးစနစ်တွေ ထားရှိနိုင်ဖို့ တီထွင် ရေးသားနေကြဆဲ ဖြစ်ပါတယ်။ Biometric နဲ့ ပတ်သက်လို့ ပေါ်ပြူလာဖြစ်ရတဲ့ အကြောင်းရင်းက သတင်းခေတ်ကို ရောက်လာလို့ပဲ ဖြစ်တယ်။ သတင်းခေတ် တိုးတက်ဖွံ့ဖြိုးဖို့လည်း Biometric က များစွာ အထောက်အကူပြုပါကြောင်း တင်ပြပေးလိုက်ရပါတယ်။
 
ဆောင်းပါးရှင် - စမ်းဝေသူ

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account