Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, May 25, 2012

ကွန်ပျူတာအတွင်းရှိ ဗလာဖြစ်နေသော Folder များကို စစ်ဆေးနိုင်သော RED (Remove Empty Directories ) Windows Utility

ကွန်ပျူတာ အသုံးပြုနေသူများသည် နေ့စဉ်နှင့်အမျှ Application များကို Install ပြုလုပ်ခြင်း၊ Uninstall ပြုလုပ်ခြင်းများကို ဆောင်ရွက်နေကြရသည်။  အသုံးပြုနေသော PC ထဲရှိ Program Files တွင် Uninstall ပြုလုပ်ပြီး application များစွာရှိသည်။ desktop.ini နှင့် thumbs.db file များပါဝင်သော Folder များကိုလည်း တွေ့မြင်ရတတ်သည်။
Application တစ်ခုကို Uninstall ပြုလုပ်သောအခါ တချို့သော Empty folder များသည် Program files, My Documents နှင့် Windows folder တွင် ကျန်သွားတတ်သည်။ ထို Create ပြုလုပ်ပြီး ကျန်ခဲ့သော Folder များကို ရှင်းလင်းရန်လည်း လိုအပ်လာပါမည်။ သို့မှသာ PC သည် လျင်မြန်စွာဖြင့် အလုပ်များကို ဆောင်ရွက်နိုင်မည် ဖြစ်သည်။ Uninstall ပြုလုပ်ပြီး အလွတ် Folder များကို PC အတွင်းမှ ဖယ်ထုတ်ရန် RED (Remove Empty Directories) Windows Utility တစ်ခုကို အသုံးပြုရန် လိုပါသည်။ တခြားသော Empty directory removal utility များနှင့် မတူသည်မှာ လွတ်နေသော ရှင်းရန်ကျန်သော Root Folder ကို အနီရောင် အမှတ်အသားဖြင့် ပြပေးခြင်း ဖြစ်ပါသည်။ RED သည် ထိုလွတ်နေသော Folder များ၏ နေရာကို သိရှိနိုင်သည့်အပြင် Uninstall ပြုလုပ်ခဲ့သော Application ထားခဲ့သောနေရာကို ရှာဖွေ သိရှိနိုင်ပါသည်။
 
Computer အတွင်းတွင် လွတ်နေသော Folder များကို စတင် ရှာဖွေရာတွင် မည်သည့်နေရာတွင် ရှာဖွေလိုသည်။ Folder များ၏ အဆင့်ဆင့် တည်ရှိပုံအနေအထားကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ RED ၏ ညာဘက်တွင် အသုံးပြုသူ အဆင်ပြေစေရန် Icon ငယ်များဖြင့် စစ်ဆေးသောဖိုင်များ၏ အခြေအနေကို အသေးစိတ် ဖတ်ကြည့်နိုင်မည် ဖြစ်သည်။ Hidden၊ Protected၊ Locked နှင့် အသုံးပြုရန် မလိုသော Trash စသဖြင့် folder များ၏ Properties ကို ခွဲခြားသိရှိနိုင်မည် ဖြစ်သည်။ Scanning process ပြီးဆုံးသွားပါက Delete folder ကို နှိပ်ပါက မည်သည့်ဖိုင်မှ မပါသော လွတ်နေသော folder များကို PC အတွင်းမှ ဖယ်ရှားနိုင်မည် ဖြစ်သည်။ RED သည် Configure များစွာ ပြုလုပ်နိုင်သော ဗလာဖြစ်နေသော Folder အလွယ်တကူ ရှင်းနိုင်သော Program တစ်ခု ဖြစ်သည်။ စိတ်ကြိုက် တခြားသောအခြေအနေများကိုပါ ထည့်သွင်းပြီး ဆောင်ရွက်နိုင်သော Utility တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် thumb.db နှင့် desktop.ini ဖိုင်များ ပါသောဗလာ Folder များကို PC အတွင်းမှ ဖယ်ရှားလိုပါက ဖယ်ရှားနိုင်ရန် ညွှန်ကြားနိုင်မည် ဖြစ်ပါသည်။ Application Program ၏ Setting Tag အောက်တွင် ပြုပြင်နိုင်မည် ဖြစ်သည်။ RED program တွင် ဖျက်ထားသော Empty folder  ဗလာဖိုဒါများကို Recycle bin သို့ ပေးပို့ပြီး သေချာမှသာ အပြီးရှင်းလင်းနိုင်သော အားသာချက် ရှိပါသည်။ Windows XP, Windows Vista နှင့်  Windows 7 တို့တွင် run နိုင်သော Windows Utility တစ်ခုဖြစ်ပါသည်။ RED program အား Download ပြုလုပ်လိုပါက http://www.jonasjohn.de/lab/red.htm သို့ ဝင်ရောက် ပြုလုပ်နိုင်ပါသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account