Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, May 25, 2012

မိုဘိုင်းဖုန်း ကြိုတင်ငွေပေးကတ် ပြောင်းလိုသူများ လစဉ်တိုင်း မက်ဆေ့ခ်ျ ပေးပို့နိုင်



Photo
ဖုန်းဘီလ် ဆောင်သည့်စနစ်ဖြင့် အသုံးပြုသော မိုဘိုင်းဖုန်းများ ကြိုတင်ငွေပေးကတ် ပြောင်းလိုပါက လစဉ်တိုင်း မက်ဆေ့ခ်ျ ပေးပို့နိုင်မည် ဖြစ်ပြီး လစဉ် ၁၅ ရက်ထက် နောက်မကျဘဲ  ပေးပို့နိုင်ပြီး လကုန်တိုင်းတွင် ကြိုတင်ငွေပေးစနစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
ပြည်တွင်းတွင် post paid စနစ်ဖြင့် အသုံးပြုနေသော မိုဘိုင်းဖုန်းများကို မတ်လ ၁ ရက်နေ့မှစပြီး  ကြိုတင်ငွေပေးကတ် စနစ်သို့ ပြောင်းလဲခဲ့ပြီး မေလ ၁ ရက်နေ့တွင်လည်း ကျန်ရှိနေသော ဖုန်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆက်လက် ပြောင်းလဲပေးခဲ့သည်။ မပြောင်းလဲဘဲ ကျန်ရှိနေသော ဖုန်းများကိုလည်း ထပ်မံပြောင်းလဲလိုပါက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသို့ လစဉ် ၁၈၁၁၂ သို့ မက်ဆေ့ခ်ျ ပေးပို့နိုင်ပြီး ၁၅ ရက် မတိုင်ခင်အတွင်း ပေးပို့နိုင်သည်ဟု သိရသည်။ ယင်းသို့ ပေးပို့ပြီးပါက နောက်လဆန်းတွင် ကြိုတင် ငွေပေးကတ် စနစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။
 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက “ဖုန်းတွေကို ကြိုတင်ငွေပေးကတ် ပြောင်းချင်တယ်ဆိုရင် လစဉ် ၁၅ ရက်အတွင်း မက်ဆေ့ခ်ျပေးပို့ရင် ရပါတယ်။ ကျွန်တော်တို့က နောက်လဆန်းတာနဲ့ ပြောင်းပေးသွားမှာပါ။ ပြောင်းချင်သူတွေက ၁၈၁၁၂ ကို yes လို့ မက်ဆေ့ခ်ျ ပေးပို့ရမှာပါ” ဟု ပြောသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ယခင်က မိုဘိုင်းဖုန်းများကို ဖုန်းဘီလ်ဆောင်သည့် စနစ်ကို အသုံးပြုရပြီး မတ်လအတွင်းမှစပြီး ကြိုတင် ငွေပေးကတ်စနစ်ကို ပြောင်းလဲပေးခဲ့သည်။ ကြိုတင်ငွေပေးကတ်စနစ်သို့ မပြောင်းလဲလိုပါကလည်း ဖုန်းဘီလ်ဆောင်သည့် စနစ်ကိုသာ ဆက်လက် အသုံးပြုနိုင်ပြီး နောက်ပိုင်းတွင် မြန်မာ့ဆက်သွယ်ရေး၏ ငွေစာရင်း ဌာနများတွင် သွားရောက်ပေးဆောင်၍ မရတော့ဘဲ အွန်လိုင်း ဖုန်းဘီလ်စနစ်ကိုသာ အသုံးပြုရမည် ဖြစ်သည်ဟု သိရသည်။
 
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အွန်လိုင်း ဖုန်းဘီလ်စနစ်ကို ရတနာပုံ တယ်လီပို့နှင့် ပူးပေါင်း ဝန်ဆောင်မှုပေးခြင်း ဖြစ်ပြီး ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် တစ်ခုဖြစ်သော အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ဘဏ်နှင့် ပူးပေါင်း ဝန်ဆောင်မှုပေးခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ကြိုတင်ငွေပေးကတ် အသုံးမပြုလိုသော ဖုန်းများအနေဖြင့် အွန်လိုင်း ဖုန်းဘီလ်စနစ်ဖြင့်သာ အသုံးပြုရမည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေး ငွေသွင်းကောင်တာများကို ပိတ်သိမ်းသွားမည် ဖြစ်သည်ဟု သိရသည်။

တင်ဇာအောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account