Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, May 25, 2012

တန်ဖိုးနည်း မိုဘိုင်းဖုန်း အင်တာနက် မျှသုံးစဉ် ဖုန်းပူလာလျှင် ဆက်မသုံးသင့်



Photo
တန်ဖိုးနည်း 3G စနစ်ဖြင့် ပေးထားသည့် မိုဘိုင်းဖုန်း အင်တာနက် မျှဝေသုံးစွဲမှုပြုနေစဉ် ဖုန်းပူလာပါက ဟန်းဆက် ပျက်စီးတတ်ကြောင်း  IT ပညာရှင် ကိုမင်းမင်းက ပြောသည် “3G နဲ့ အင်တာနက် ဖုန်းအလုံးရေ ၄ လုံးလောက်အထိ သုံးနိုင်ပါတယ်။ သုံးတဲ့ ပင်မဖုန်းရဲ့ မြန်နှုန်းကတော့ ကျဆင်းသွားမှာပါ။ အဓိက ဖြစ်နိုင်တဲ့ ပြဿနာကတော့ ကြာကြာသုံးရင် မိန်းဖုန်းမှာ ပူလာပြီး အထဲမှာရှိတဲ့ IC လောင်ကျွမ်းသွားလိမ့်မယ်။ ဒါကြောင့် ဖုန်းပူလာတာနဲ့ ပြန်ပြီး ဖြုတ်ထားသင့်ပါတယ်” ဟု ၎င်းက ပြောသည်။
မိုဘိုင်းဖုန်းများမှာ အင်တာနက် မျှဝေသုံးစွဲမည်ဆိုပါက ပင်မဟန်းဆက်မှ ထုတ်လွှင့်မည့် WiFi စနစ်ကို လက်ခံပေးမည့် WiFi ဆော့ဖ်ဝဲတစ်မျိုး ပါရှိရမည်ဖြစ်ပြီး ၎င်းဆော့ဖ်ဝဲ မရှိပါက မျှဝေသုံးစွဲနိုင်မည် မဟုတ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းများဖြင့် အင်တာနက် မျှဝေသုံးစွဲရာတွင် EDGE စနစ်ဖြင့် ပေးထားသည့် ဂျီဖုန်းများမှာ ကွန်ပျူတာ တစ်လုံးမျှသာ သုံးစွဲနိုင်ခဲ့ပြီး EVDO စနစ်ဖြင့် ပေးထားသည့် CDMA 800 MHz များမှာ ၁၀ လုံးခန့် မျှဝေသုံးစွဲနိုင်ခဲ့ကြောင်း သိရသည်။
 
“MODEM နဲ့ သုံးမယ်ဆိုရင် ကွန်ပျူတာတစ်လုံးပဲ သုံးနိုင်မယ်။ မြန်နှုန်းကောင်းကောင်းတော့ သုံးရတာပေါ့။ လက်ရှိ 3G ကွန်ရက်မှာ ဘယ်လောက်မြန်နှုန်း ပေးထားလဲဆိုတာတော့ မသိရသေးဘူး။ 1M ပေးထားရင်တော့ 512 နှစ်လုံးခွဲသုံးတာ ပိုပြီး အဆင်ပြေမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။ WCDMA ဖုန်းများကို အင်တာနက် လျှောက်ထားခ ကျပ်တစ်သောင်းနှင့် တစ်မိနစ်သုံးစွဲခ ၄ ကျပ်နှုန်းဖြင့် သုံးစွဲခွင့် ပေးထားပြီး သုံးစွဲခွင့်ကို ရန်ကုန်နှင့် အင်တာနက် သုံးနိုင်သည့် နယ်မြို့များကို လျှောက်ထားခွင့် ပေးထားသည်။ 3G စနစ်မှာ နိုင်ငံတကာတွင် အသုံးပြုနေသည့် စနစ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် မေလ ၇ ရက်နေ့မှစ၍သာ သုံးစွဲခွင့်ရရှိခြင်းဖြစ်သည်ဟု သိရသည်။ 3G စနစ်၏ ထူးခြားချက်မှာ ဖုန်းဖြင့် အင်တာနက် သုံးစွဲမှုတွင် သာမန် အင်တာနက် သုံးစွဲနိုင်သည့် စနစ်များထက် ဘက်ထရီကြာရှည်စွာ သုံးစွဲနိုင်ပြီး နိုင်ငံတကာတွင် သုံးစွဲမှု ပိုများသည့် 4G စနစ်ထက်ပို၍ ဘက်ထရီစားမှု သက်သာကြောင်း ဆက်သွယ်ရေးမှ ထုတ်ပြန်ချက်အရ သိရသည်။ လက်ရှိတွင် မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲရာတွင် 3G စနစ်မှာ EDGE နှင့် EVDO စနစ်များထက် သုံးစွဲသူများ ပိုမိုနှစ်ခြိုက်လျက်ရှိကြောင်း သိရသည်။          
 
အောင်ဇော်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account