Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 11, 2012

2020 ခုနှစ်တွင် Facebook ပျောက်ကွယ်နိုင်ကြောင်း သုတေသီတစ်ဦး ပြောကြား



Photo
မိုဘိုင်း ဝက်ဘ်စနစ်ကို ပိုမို အသုံးပြုလာကြခြင်းနှင့်အတူ Facebook မှလည်း ယင်းနယ်ပယ်အတွင်း ဝင်ရောက်ရန် ကြိုးစားအားထုတ် နေခြင်းကြောင့်  Facebook အမည်ရှိ လူမှုကွန်ရက်ဆိုက်တစ်ခုမှာ လာမည့် ၂၀၂၀ ခုနှစ်တွင် လုံးဝပျောက်ကွယ်သွားနိုင်ကြောင်း သုတေသီတစ်ဦးက ခန့်မှန်း ပြောကြားလိုက်သည်။
လာမည့် ၅ နှစ်မှ ၈ နှစ်အတွင်း Facebook လူမှုကွန်ရက် ဝက်ဘ်ဆိုက်မှာ Yahoo နည်းတူ ပျောက်ကွယ်သွားနိုင်ကြောင်း Ironfire Capital ကို တည်ထောင်ခဲ့သူ Eric  Jackson က CNBC သို့ ပြောကြားခဲ့သည်။ Facebook သည် ၎င်း၏ လုပ်ဆောင်ချက်များကို မိုဘိုင်းကဏ္ဍအတွက် ပိုမိုကြိုးစား အားထုတ်လျှက်ရှိပြီး မိုဘိုင်း platform အတွက်သာ Facebook ကို အဓိက လုပ်ဆောင်တော့မည် ဖြစ်ကြောင်းနှင့် ဝက်ဘ်အတွက်ကိုမူ ယေဘုယျသဘောသာ လုပ်ဆောင်ပေးတော့မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
 
Facebook အနေဖြင့် မိုဘိုင်းနယ်ပယ်အတွင်း နေရာရရှိရန် ကြိုးစားရုန်းကန်လျှက် ရှိသော်လည်း ယင်း၏ ကြော်ငြာကင်းစင်သည့် မိုဘိုင်း platform မှာမူ ပြဿနာများဖြင့် ဆက်လက် ရင်ဆိုင်နေရကြောင်း သိရသည်။ Jackson က Facebook သည် ခေတ်သစ် အင်တာနက်ကုမ္ပဏီ မျိုးဆက်သုံးဆက်အနက်  ဒုတိယမြောက် မျိုးဆက်ဖြစ်ကြောင်း၊ ပထမမျိုးဆက်ဖြစ်သည့် Google နှင့် Yahoo တို့သည် portal များဖြင့် အောင်မြင်မှု ရရှိခဲ့သလို Facebook မှာလည်း လူမှုကွန်ရက် ဝန်ဆောင်မှုဖြင့် အောင်မြင်မှုသရဖူကို ဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည့်အတွက် တတိယမျိုးဆက် လောကဖြစ်သော မိုဘိုင်းနယ်ပယ်တွင် စီးပွားရှာရန်မှာ အောင်မြင်နိုင်ချေ မရှိကြောင်း ပြောကြားခဲ့သည်။

ဟေမာ
Ref: Mashable

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account