Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 11, 2012

Microsoft ၏ လုံခြုံရေး အထောက်အထားအတုများ အသုံးပြု၍ Flame ဗိုင်းရပ်စ် ပျံ့နှံ့နေ




အရှေ့အလယ်ပိုင်းဒေသတွင် ကူးစက် ပြန့်ပွားနေသည့် Flame ဗိုင်းရပ်စ်သည် Microsoft ၏ လုံခြုံရေးဆိုင်ရာ အထောက်အထား (security certificate) အတုများကို အသုံးပြုပြီး ပြန့်ပွားနေခြင်း ဖြစ်ကြောင်း  Microsoft ကုမ္ပဏီမှ ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဖော် ပြောကြားလိုက်သည်။
အဆိုပါ ဗိုင်းရပ်စ်သည် Microsoft ၏ Terminal Server သို့ ဝင်ရောက်ရန် အထောက်အထား အတုများကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယင်း certificate ပေါ်တွင် ကုမ္ပဏီ၏ တရားဝင် အထောက်အထားအတိုင်း ကုမ္ပဏီအမှတ်တံဆိပ် ရေးထိုးထားသည်ဟု သိရသည်။ Microsoft မှလည်း ၎င်းအားနည်းချက်ကို ပြင်ဆင်ရန်အတွက် Windows patch ထုတ်ပေးခြင်း အပါအဝင် အခြားသော ပြင်ဆင်မှုများကို ပြုလုပ်ပေးလျက်ရှိပြီး ၎င်း၏ အသုံးပြုသူများအတွက်လည်း အဆိုပါ ဗိုင်းရပ်စ် တိုက်ခိုက်ခြင်းကို မခံရစေရန်အတွက် လုံခြုံရေးဆိုင်ရာ အကြံပေးများနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ယင်းအထောက်အထား အတုများကို အလိုအလျောက် တားမြစ်နိုင်သည့် update ထည့်သွင်းခြင်းနှင့် Terminal Server Licensing Service ကို disable လုပ်ထားသင့်ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။
 
Windows user များအတွက် KB2718704 patch အသစ်ကို install ပြုလုပ်ရန် Microsoft မှ တိုက်တွန်း ပြောကြားထားပြီး အကယ်၍ Automatic Updates စနစ်ကို enable  ပြုလုပ်ထားပါက အဆိုပါ patch ကို အလိုအလျောက် install ပြုလုပ်ပေးမည်ဖြစ်ကာ အကယ်၍ ယင်းစနစ်ကို disable ပြုလုပ်ထားပါက Windows Update ကိုဖွင့်ကာ manual စနစ်ဖြင့် install ပြုလုပ်နိုင်ကြောင်း သိရသည်။

-ဟေမာ
Ref: CNET

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account