Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 11, 2012

Gmail အသုံးပြုသူများထံ malware တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း Google သတိပေး


Gmail အွန်လိုင်း အီးမေးလ် ဝန်ဆောင်မှု အသုံးပြုနေသူများထံတွင် အစိုးရ ကျောထောက် နောက်ခံပြုထားသည့် malware တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း Google က သတိပေး  ပြောကြားခဲ့သည်ဟု သိရသည်။ Google အနေဖြင့် ၎င်း၏စနစ်ပေါ်တွင် အန္တရာယ်ဖြစ်စေနိုင်သည့် လှုပ်ရှားမှုများကို အမြဲစောင့်ကြည့်လျက်ရှိရာ
ယင်းကဲ့သို့ အပြုအမူ၊ လှုပ်ရှားမှုမျိုးကို စစ်ဆေး တွေ့ရှိခဲ့ပါက အဆိုပါ ဝန်ဆောင်မှု အသုံးပြုနေသူများထံသို့ သိသာ ထင်ရှားသည့် သတိပေးမှုများ ပြုလုပ်လေ့ရှိကြောင်း Google ကုမ္ပဏီ၏ လုံခြုံရေးပိုင်းဆိုင်ရာ တွဲဖက်ဥက္ကဋ္ဌ Eric Grosse က ပြောကြားခဲ့သည်။ ယခုကိစ္စတွင်လည်း Google ၏ Gmail စာမျက်နှာထိပ်ပိုင်းတွင် "Warning: We believe state-sponsored attackers may be attempting  to compromise your account or computer." ဟူသည့် သတိပေးစာတန်းကို ဖော်ပြပေးထားပြီး အဆိုပါ သတိပေးစာတန်း ပေါ်လာပါက ယင်း account သည် တိုက်ခိုက်ခြင်း မခံရသေးဘဲ တိုက်ခိုက်ခြင်း ခံရတော့မည့်၊ တိုက်ခိုက်ရန် ရည်ရွယ်ခံထားရသည့် account တစ်ခု ဖြစ်သည့်အတွက် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
 
Password ဖန်တီးရာတွင် ပိုမို လုံခြုံမှုရှိစေရန်အတွက် အင်္ဂလိပ်အက္ခရာ စာလုံးအကြီးနှင့် အသေးကို တွဲဖက် အသုံးပြုသင့်သည့်အပြင် ဂဏန်းများ၊ သင်္ကေတများကိုလည်း ထည့်သွင်း ပြုလုပ်သင့်ကြောင်းနှင့် two-step verification စနစ်ကို အသုံးပြုသင့်ကြောင်း Google က အကြံပြုထားသည်။ Google account အတွက် တရားဝင် log-in ဆိုက်တွင် https://accounts.google.com ဟူ၍ browser bar ၌ ဖော်ပြထားကြောင်း သိရသည်။

-ဟေမာ
Ref: ComputerWorld

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account