Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Monday, June 11, 2012

အင်တာနက် ကုမ္ပဏီများက IPv6 အင်တာနက် လိပ်စာသစ်များကို ပြောင်းလဲအသုံးပြုခဲ့



Photo
မျိုးဆက်သစ် အင်တာနက် နည်းပညာဖြစ်သည့် IPv6  ကို ကမ္ဘာ့ IPv6 စတင်အသုံးပြုသည့်နေ့ (World IPv6 Launch Day)  ဖြစ်သည့် ဇွန်လ ၆ ရက်က  အင်တာနက် ကုမ္ပဏီများမှ ပြောင်းလဲ အသုံးပြုခဲ့ကြသည်။ အဆိုပါနေ့တွင် ကုမ္ပဏီအချို့က Internet Protocol version 6 (IPv6) ကို ပြောင်းလဲ အသုံးပြုခဲ့ကြပြီး အဆိုပါ ကုမ္ပဏီများတွင် Microsoft, Facebook, Google နဲ့ Yahoo စသည့် ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။
IPv6 ဟုခေါ်သည့် Internet Protocol version 6 သည် အင်တာနက်လိပ်စာ မလုံလောက်သည့် IPv4 ထက် ကွန်ရက် လိပ်စာများကို ပိုမို ထောက်ပံ့ပေးနိုင်ခြင်းကြောင့် ထုတ်ကုန်သစ်များအတွက် အင်တာနက်လိပ်စာ မလုံလောက်သည့် ပြဿနာအား ကာကွယ်ပေးနိုင်မည် ဖြစ်သည်။ သုံးစွဲသူများသည် ၎င်းတို့၏ web အသုံးပြုမှုများတွင် မည်သည့် ပြောင်းလဲမှုကိုမျှ ဂရုပြုမိမည် မဟုတ်ကြောင်းနှင့် ထုတ်ကုန်သစ်များတွင် အဆိုပါ စနစ်သစ်ကို စံအနေဖြင့် အသုံးပြုသင့်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ အင်တာနက် အသုံးပြုနိုင်သည့် ထုတ်ကုန် (device) များဖြစ်သည့် ကွန်ပျူတာ၊ tablet နှင့် စမတ်ဖုန်း များသည် အင်တာနက်သို့ ချိတ်ဆက်ရန်အတွက် ကိုယ်ပိုင် IP လိပ်စာ လိုအပ်ပြီး IP လိပ်စာများ ကုန်ဆုံးခြင်းကြောင့် အိမ်တစ်အိမ်တည်းရှိ ကွန်ပျူတာ အများအပြားကဲ့သို့သော ထုတ်ကုန် အများအပြားတွင် လိပ်စာများကို ဝေမျှအသုံးပြုကြရကြောင်း သိရသည်။ ကွန်ရက် ကုမ္ပဏီကြီးဖြစ်သည့် Cisco ကမူ ၂၀၁၆ ခုနှစ်တွင် အင်တာနက် အသုံးပြုနိုင်သည့် ထုတ်ကုန် ၁၈.၉ ဘီလီယံရှိ မည်ဟု ခန့်မှန်းထားသည်။ IPv6 သို့ ပြောင်းလဲ အသုံးပြုခြင်းအတွက် အင်တာနက်လိပ်စာ ထရီလီယံ (သန်းပေါင်း တစ်သန်း) အသုံးပြုနိုင်မည် ဖြစ်သည်။

နောင်နောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account