Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, August 29, 2012

IC Recorder



Photo
သတင်းသမားတွေ၊ လုပ်ငန်းသမားတွေ၊ ရုံးသမားတွေနဲ့ အခြား စိတ်ဝင်စားသူတွေ အဆင်ပြေစေမယ့် Sony ရဲ့ IC Recorder အသစ်တစ်မျိုး ဈေးကွက်ဝင်လာပါတယ်။  မော်ဒယ် ICD-PX 312M ဖြစ်ပြီး ဆိပ်ကမ်းသာလမ်းက F@X ကွန်ပျူတာဆိုင်မှာ ရနိုင်ပါတယ်။ Internal Memory 2 GB ပါဝင်ပြီး ထပ်တိုးချင်ရင် Micro SD နဲ့ M II ကတ် နှစ်မျိုးထည့်သုံးနိုင်ပါတယ်။
Micro SD လို 32 GB, M II ကို 16 GB အထိ လက်ခံပါတယ်။ AAA အရွယ်အစား ဓါတ်ခဲနှစ်လုံးနဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ Meeting, Interview, Lecture, Audio in နဲ့ Voice Note စတဲ့ အသံဖမ်းစနစ်ငါးမျိုးနဲ့ Long, Standard, HQ နဲ့ SHQ စတဲ့ အသံဖမ်း Speed လေးမျိုး ပါဝင်ပါတယ်။

နေရာဒေသနဲ့ အချိန်အခါကိုလိုက်ပြီး အသံဖမ်းစနစ်နဲ့ Speed ကို ရွေးချယ် ပြောင်းလဲပေးနိုင်မှာပါ။ Stereo အသံစနစ်ဖြစ်ပြီး Built in Mic အပြင် External Mic လည်း ပါဝင်ပါတယ်။ အသံ File Format အနေနဲ့ MP3, WMA File တွေနဲ့ ဖမ်းပေးနိုင်ပါတယ်။ ပြန်လည်းဖွင့်နိုင်ပါတယ်။ အသံဆိုင်ရာ Software တစ်ချပ် ပါဝင်ပြီး ကွန်ပျူတာနဲ့ တွဲဖက်လို့ ဖမ်းထားတဲ့ အသံတွေကို တည်းဖြတ်ကာ Format ပြောင်းပြီး စိတ်ကြိုက်လုပ်နိုင်ပါတယ်။ V.O.R စနစ်အပြင် ပြင်ပဆူညံသံတွေကို ကာကွယ်ပေးတဲ့ Noise Reduction စနစ်လည်း ပါဝင်ပါတယ်။ USB Port နဲ့ ကွန်ပျူတာကို ချိတ်ဆက်နိုင်ပါတယ်။ LED Display ပါဝင်တဲ့ LCD Display ပါဝင်ပါတယ်။ နာရီလည်း ပါဝင်တာမို့ Alarm အဖြစ်လည်း သုံးနိုင်ပါတယ်။ တန်ဖိုးက ကျပ်ကိုးသောင်းလေးထောင့်ရှစ်ရာ ဖြစ်ပါတယ်။

အောင်အောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account