Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, August 29, 2012

ဆက်သွယ်ရေး လုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်တော့မည်


ဆက်သွယ်ရေးကဏ္ဍ အနေဖြင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ လုပ်ကိုင်ခွင့်များအား ကုမ္ပဏီ ၄ ခုက ဆောင်ရွက်သွားမည်  ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအား ဆက်သွယ်ရေး ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ထိုသို့ပြောင်းလဲ ဖွဲ့စည်းခြင်းနှင့်အတူ မြန်မာတယ်လီကွန်း ကုမ္ပဏီကိုပါ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မြန်မာတယ်လီကွန်း ကုမ္ပဏီအား ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ နိုင်ငံတကာ ရန်ပုံငွေနှင့်အတူ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေနှင့် အထောက်အပံ့များ၊ နည်းပညာများ ဆက်သွယ်ရယူလျက် လုပ်ငန်းလည်ပတ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ၎င်း မြန်မာတယ်လီကွန်း ကုမ္ပဏီနှင့်အတူ ရတနာပုံ တယ်လီကွန်း ကုမ္ပဏီ၊ သီးခြားဆက်သွယ်ရေး လုပ်ငန်း ကော်မတီနှစ်ခု စုစုပေါင်း ကုမ္ပဏီ ၄ ခုတို့က ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ယှဉ်ပြိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
 

မြန်မာတယ်လီကွန်း ကုမ္ပဏီ၊ ရတနာပုံတယ်လီကွန်း ကုမ္ပဏီနှင့်အတူ ယှဉ်ပြိုင်ဆောင်ရွက်မည့် သီးခြား ဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီ ၂ ခု၏ အမည်အား မသိရှိရသေးပေ။ “ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနရဲ့ ဥပဒေ၊ နည်းဥပဒေ ကြပ်မတ်မှုလက်အောက်မှာ အသစ်ပြဋ္ဌာန်းချက်တွေအတိုင်း ပါဝင် ဆောင်ရွက်မယ့် ကုမ္ပဏီတွေကို နိုင်ငံတော်သို့ အခွန်အခ ပြည့်ဝစွာ ပေးဆောင်ဖို့ ကြပ်မတ်သွားမှာ ဖြစ်ပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောကြားသည်။ ပြုပြင်ပြောင်းလဲမှု ပုံစံအရ ဖြစ်ပေါ်လာသော ဆက်သွယ်ရေးကဏ္ဍ ဝန်ဆောင်မှု ပုံစံတွင် တယ်လီကွန်း ဝန်ဆောင်မှုများ ဖြစ်သည့် မိုဘိုင်း၊ ကြိုးဖုန်း၊ IT နှင့် အင်တာနက် ဝန်ဆောင်မှုတို့ကို အထက်ပါကုမ္ပဏီ ၄ ခုတို့က ယှဉ်ပြိုင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုကဲ့သို့ ပြောင်းလဲခြင်းများကို တစ်ဆင့်ချင်းစီ အကောင်အထည်ဖော်ရန် စီစဉ်နေကြောင်း သိရသည်။
 
ထွန်းထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account