Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, August 29, 2012

ဗီဇာကတ်များ ပြည်တွင်း၌ စတင်အသုံးပြုနိုင်ရန် ပြင်ဆင်

ဗီဇာကတ်များ ပြည်တွင်း၌ စတင်အသုံးပြု လာနိုင်ရန်အတွက် အီလက်ထရောနစ် ငွေပေးချေမှုစနစ်အား မိတ်ဆက်ခြင်း၊ ကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ဖြင့် စတင်ပြင်ဆင် လျက်ရှိကြောင်း  Visa မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဗီဇာကတ်နှင့် ပတ်သက်သည့် အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့၌ သြဂုတ်လ အတွင်းက ကျင်းပခဲ့ပြီး ထိုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများအား မြန်မာနိုင်ငံ၌ နိုင်ငံတကာ ငွေပေးချေမှု ကတ်ပြားများ လက်ခံခြင်း၊ ထုတ်ပေးခြင်းတို့အတွက် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သြဂုတ်လ ၁၇ ရက် ရက်စွဲဖြင့် Visa က ထုတ်ပြန်ထားသော သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။


မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွား ဧည့်သည်များအတွက် ကြိုတင်ပြင်ဆင်ခြင်းမှာ ဗီဇာ၏ ပထမ ဦးဆုံးသော အစီအစဉ် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ ၂၀၁၃ ခုနှစ်တွင် လက်ခံကျင်းပမည့် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် ဒေသတွင်းဆိုင်ရာ ကမ္ဘာ့စီးပွားရေးဖိုရမ် စသည်တို့တွင် ဗီဇာကတ်များ စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းမှ သိရသည်။ ဗီဇာကတ်မှာ စားသုံးသူများ အတွက် ဘဏ္ဍာရေး အဖွဲ့အစည်းများမှ ကြိုတင် ပေးအပ်ထားသည့် ငွေကြေးနှင့် လက်ငင်း ပေးချေခြင်း၊ နောက်မှ ပေးချေခြင်း စသည်ဖြင့် ရွေးချယ်မှု များစွာကို ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ဗီဇာကတ် အသုံးပြုမှုနှင့် ပတ်သက်၍ ဝက်ဘ်ဆိုက်တွင် လေ့လာနိုင်ကြောင်း Visa မှ တာဝန်ရှိသူက ပြောကြားသည်။ ဝက်ဘ်ဆိုက် လိပ်စာမှာ www.corporate.visa.com ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account