Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, August 29, 2012

ADSL အင်တာနက် လိုင်းများအတွက် Complaint များ ဖြေရှင်းရန် Helpdesk Center အား ဖွင့်လှစ်ထားဟုဆို

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ငှားရမ်းအသုံးပြုထားသည့် ADSL လိုင်းများအတွက် Complaint များ ဖြေရှင်းရန် Helpdesk Center အား ဖွင့်လှစ်ထားရှိကြောင်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်ထားကြောင်း သိရသည်။
Helpdesk Center ရုံးချုပ် အခြေစိုက် သတင်းအချက်အလက်နှင့် နည်းပညာဌာန (ADSL ဌာနခွဲ) အဖြစ် (၈) မိုင်၊ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားရှိခြင်းဖြစ်ပြီး ADSL လိုင်းများနှင့် ပတ်သက်၍ ၀၁-၆၆၂ ၇၀၇၊ ၀၁-၆၅၀၈၇၀ သို့ ဆက်သွယ် မေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခုလ (၁) ရက်နေ့မှစ၍ ADSL အင်တာနက်လိုင်း မြန်နှုန်းများအား အခမဲ့ နှစ်ဆတိုးမြှင့်ပေးခဲ့ကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်းက သြဂုတ်လ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။ လိုင်းတိုးချဲ့ခြင်းအား လက်ရှိ မြို့ (၈) မြို့တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သတင်း ထုတ်ပြန်သည်။ အဆိုပါမြို့များမှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ လားရှိုး၊ ပုသိမ်၊ စစ်တွေ၊ မိတ္ထီလာမြို့များ ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ မြန်နှုန်းတိုးချဲ့ခြင်းအား ဆက်လက်၍ Transmission (FE/E1) ဆက်ကြောင်းများ တိုးချဲ့ချိတ်ဆက်ပြီးသည့် မြို့များတွင် မြန်နှုန်းများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ADSL အင်တာနက်လိုင်းများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်တို့က ဝန်ဆောင်မှုပေးနေခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိမြို့ (၈) မြို့တွင် အင်တာနက်မြန်နှုန်းများ တိုးမြှင့်ထားသော်လည်း ဈေးနှုန်းမပြောင်းလဲကြောင်း၊ မြန်နှုန်းအနေဖြင့် အမျိုးအစား (၅) မျိုးကို Class  A မှ Class E အဖြစ်ခွဲ၍ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်း

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account