Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Wednesday, August 29, 2012

Jailbreak ပြုလုပ်ထားသော iDevice များ အချက်အလက် ခိုးယူခံရခြင်း ဖြစ်လာနိုင်သည့်အတွက် သတိပြုသင့်



Photo
iDevice များဖြစ်သော iPhone, iPad များတွင် Jailbreak ပြုလုပ်ထားသော iDevice များ၌ အချက်အလက်များ ခိုးယူသုံးစွဲခံရခြင်းများ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။
  အဆိုပါ iPhone နှင့် iPad များမှာ OS ကျွမ်းကျင်သူများနှင့် OS ၏ Coding များအား တတ်ကျွမ်းသူများ ပြုလုပ်မည်ဆိုပါက Hacking Device များ ဖြစ်လာနိုင်ဖွယ်ရှိပြီး အဆိုပါ iDevice များ အချင်းချင်း ချိတ်ဆက်ကာ အချက်အလက်များ ခိုးယူသုံးစွဲခြင်းများ ရှိလာနိုင်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ X-Code မိုဘိုင်းဖုန်း အရောင်းဆိုင်မှ ကျွမ်းကျင်သူ ကိုပြည့်ဖြိုးမှ ပြောပြရာတွင် “iPhone နဲ့ iPad တွေကို Hacking Device တွေအဖြစ် အသုံးပြုလာမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Linux OS ကို ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်း နားလည်တဲ့သူတွေနဲ့ Linux ရဲ့ Coding တွေကို ကျွမ်းကျင်တဲ့သူတွေ အသုံးပြုမယ်ဆိုရင် ဒီ Device တွေကို ကိုယ့်စိတ်ကြိုက် အသုံးပြုနိုင်တာကို တွေ့ရပြီး Coding တွေကိုလည်း အသုံးပြုနိုင်တာ တွေ့ရပါလိမ့်မယ်။ ဒီလိုမျိုး Linux ရဲ့ Coding စနစ်တွေကို အသုံးပြုပြီး ဖုန်းတစ်လုံးကနေ အခြားဖုန်းတစ်လုံးကို ဖောက်ထွင်းတာတို့၊ ကိုယ့်ဖုန်းထဲက အချက်အလက်တွေကို အခြားဖုန်းထဲ သွင်းပေးခဲ့တာမျိုး၊ အခြားဖုန်းထဲက အချက်အလက်တွေကို ခိုးယူအသုံးပြုတာမျိုးတွေ၊ ဖုန်းတစ်လုံးကနေ အခြား ဖုန်းတစ်လုံးထဲကို ဝင်ရောက်ပြီး အချက်အလက်တွေ ဖျက်ဆီးခြင်း၊ ဖုန်းတစ်ခုလုံးရဲ့ စနစ်တွေကို ဖျက်ခြင်း၊ ဖုန်းရဲ့ System တွေကို ပိတ်ပစ်ခြင်း အစရှိတာတွေကို ပြုလုပ်နိုင်တာ တွေ့ရပါတယ်။ ဒါ့အပြင် နောက်ထပ် တွေ့ရှိရတာကတော့ Air Crack လို WiFi တွေကို ဖောက်ထွင်းတာမျိုးနဲ့ Metasploit, Hydra အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်တာ တွေ့ရပြီး Gmail, Facebook အစရှိတဲ့ အကောင့်တွေကိုပါ ဖောက်ထွင်း အသုံးပြုနိုင်လာလိမ့်မယ်လို့ မြင်ပါတယ်” ဟု ပြောပြခဲ့သည်။

iDevice များမှာ ယင်းကဲ့သို့ အသုံးပြုနိုင်ခြင်းကြောင့် အဆိုပါ Device အသုံးပြုသူများအနေဖြင့် ၎င်းအချက်များအား သိရှိထားပါက မိမိတို့၏ အချက်အလက်များအား ကာကွယ် စောင့်ရှောက်နိုင်လိမ့်မည် ဖြစ်သည့်အပြင် iPhone အချင်းချင်းဖြစ်စေ iPad နှင့် iPhone တို့ဖြစ်စေ iDevice အချင်းချင်း ဖောက်ထွင်းနိုင်သောကြောင့် အသုံးပြုသူများအနေဖြင့် ဂရုပြုသင့်ကြောင်း သိရသည်။ ယင်းကဲ့သို့ စနစ်များအား ဖောက်ထွင်းရာတွင် Jailbreak ပြုလုပ်ထားသော iPhone နှင့် iPad များကိုသာ ဖောက်ထွင်းနိုင်ပြီး Jailbreak မပြုလုပ်ထားသော iDevice များအား ဖောက်ထွင်း၍ မရနိုင်ကြောင်း သိရသည်။ Jailbreak ပြုလုပ်ထားသော iDevice များမှာ System စနစ်များ ကျိုးပေါက်ပြီး ဖြစ်သောကြောင့် ဖောက်ထွင်း၍ ဝင်ရောက်နိုင်ခြင်းဖြစ်ပြီး Jailbreak မပြုလုပ်ထားသော ပစ္စည်းများမှာ Apple ၏ Security စနစ်များအား ကျော်လွှားဝင်ရောက်ရန် မလွယ်ကူသောကြောင့် ပြုလုပ်၍ မရနိုင်ကြောင်း သိရသည်။ ထို့ပြင် ယင်းကဲ့သို့ ဖုန်းတစ်ခုမှ အခြားတစ်ခုသို့ ဖောက်ထွင်း ဝင်ရောက်ရာတွင် Same Network (WiFi) များတွင် ပိုမိုလွယ်ကူစွာ ဖောက်ထွင်း ဝင်ရောက်နိုင်ကြောင်း သိရသည်။ ယခုကဲ့သို့ ဖော်ပြရခြင်းမှာ iDevice အသုံးပြုသူများအနေဖြင့် မိမိတို့ Data အချက်အလက်များအား လုံခြုံမှုရှိစေရန်နှင့် ကြိုတင် ကာကွယ် စောင့်ရှောက်နိုင်စေရန်အတွက် ရည်ရွယ်ဖော်ပြခြင်းဖြစ်ကြောင်း ကိုပြည့်ဖြိုးက ပြောပြခဲ့သည်။
 
ကိုသက်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account