Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, April 5, 2012

မန္တလေးမြို့ရှိ သင်္ကြန် မဏ္ဍပ်များအား မန္တလေးကျုံးမှ ရေပေးဝေ သွားမည်

ယခုနှစ် အတွက် မန္တလေးမြို့ မြန်မာရိုးရာ ယဉ်ကျေးမှု သင်္ကြန် ပွဲတော်မှာ သင်္ကြန် မဏ္ဍပ်တွေကို မန္တလေး ကျုံးမှ ရေပေးဝေ အသုံးပြု စေမှာ ဖြစ်တယ်လို့ မန္တလေး
မြို့တော် စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲဒီလို မန္တလေးကျုံး ရေပေးဝေမှုမှာ ပါဝင်တဲ့ မဏ္ဍပ်တွေ ကတော့ နန်းမြို့ကျုံး ပတ်လည်က အလှပြ မဏ္ဍပ် ၄ ခု၊ ရေကစား မဏ္ဍပ် ၃၁ နဲ့ ဖြစ်ပါတယ်။


အခုနှစ် သင်္ကြန်မှာ မန္တလေး မြို့မှာရှိတဲ့ မဏ္ဍပ် ၃၆ ခုအနက် အဆိုပါ မဏ္ဍပ် ၃၅ ခုဟာ မန္တလေး ကျုံးမှ ရေကို အသုံးပြုခွင့် ရရှိပြီး မြို့တွင်းရှိ တောင်သမန်းအင်း အနီးက မဏ္ဍပ် ၁ ခုကိုတော့ တောင်သမန် အင်းမှ ရေကိုသာ အသုံးပြု သွားစေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုနှစ်ရဲ့ မန္တလေး သင်္ကြန် ပွဲတော်ကို မဏ္ဍပ်တွေ စည်ကားအောင် ပြုလုပ်ထား သလို ခရိုင် ကိုယ်စားပြု အလှပြ ယာဉ် ၇ စီးနဲ့ ငွေငန်းမြို့မ အသင်းတို့ ကလည်း ပါဝင် ဆင်နွှဲကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ မန္တလေး မဟာသင်္ကြန် မဏ္ဍပ်ကို အရင်နှစ်က ကျုံးပတ်လည် မှာသာ မဏ္ဍပ် ၃၅ ခုကို တည်ဆောက် ခဲ့တာဖြစ်ပြီး ယခုနှစ် မှာတော့ ထူးခြားမှု အနေနဲ့ ကျုံးပတ်လည်မှ မဏ္ဍပ် ၃၅ ခုအပြင် မြို့တွင်း မဏ္ဍပ် တစ်ခုကိုပါ ထည့်သွင်း တည်ဆောက် သွားစေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။


0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account