Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, April 6, 2012

Google က ဟက်ကာတိုက်ဖျက်ရန် NSA နှင့် ပူးပေါင်း

Google သည် မကြာမီက ၎င်း၏ကွန်ရက်ကို ဟက်ကာများ တိုက်ခိုက်ခဲ့ခြင်းကို စုံစမ်းထောက်လှမ်းရန်အတွက် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSK) နှင့် လက်တွဲပြီး အဖွဲ့အစည်း ဆောင်ရွက်နေကြောင်း  သိရှိရသည်။ ဟက်ကာများ၏ တိုက်ခိုက်ပုံ နည်းလမ်းများနှင့် Google ၏ ကွန်ရက်ကို ဆန့်ထုတ်နိုင်ရေးအတွက် ငြင်းခုံဆွေးနွေးခဲ့သည့် အဆိုပါ အေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် Google က သဘောတူ လက်ခံခဲ့ခြင်း ဖြစ်သည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းကြောင့် NSA က Google User များ၏  website အသုံးပြု လုပ်ငန်းများ (သို့မဟုတ်) အီးမေးလ် ဆက်သွယ်မှုများနှင့် account များကို ချိတ်ဆက်အသုံးပြုမည် မဟုတ်ကြောင်းနှင့် Google ကလည်း NSA နှင့် ဒေတာများကို မျှဝေအသုံးပြု ဆောင်ရွက်မည် မဟုတ်ကြောင်း Google က ပြောကြားခဲ့သည်။ အဆိုပါ သဘောတူညီချက်သည် Google ၏ ကွန်ရက် တိုက်ခိုက်ခံရခြင်းအတွက် စုံစမ်းထောက်လှမ်းရေးကို ဟန်ပြထားပြီး ပိုမိုကျယ်ပြန့်သည့် ဆောင်ရွက်မှုများကို ပြုလုပ်ဖွယ်ရှိကြောင်း အကဲခတ်များက ပြောကြားခဲ့သည်။ Google သည် ဟက်ကာများ၏ တိုက်ခိုက်မှုကို ကာကွယ်ချေမှုန်းနိုင်သည့် အဆင့်မြင့်  နည်းပညာများကို ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း မကြာမီက ထုတ်ဖော် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ ဟက်ကာများ တိုက်ခိုက်သည်ဟု ယူဆထားသည့် Google နှင့် NSA တို့၏ ပူးပေါင်း ဆောင်ရွက်မှု ဖြစ်သည်ဟုလည်း  Google က ကြေညာခဲ့သည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account