Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, April 6, 2012

အင်တာနက် Connection ပိုမိုကောင်းမွန်စေရန် နိုင်ငံတကာ Bandwidth များ ထပ်မံတိုးချဲ့

အင်တာနက် Connection ပိုမိုကောင်းမွန်စေရန်အတွက် နိုင်ငံတကာ Bandwidth များ ထပ်မံ တိုးချဲ့သွားမည်ဖြစ်သည်ဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ နိုင်ငံတကာ Bandwidth  များ ထပ်မံချိတ်ဆက်ရာတွင် Sea-Me-We 3 ဆက်ကြောင်း၊ မြန်မာ တရုတ်နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများ၊ မြန်မာ-ထိုင်း နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများဖြင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး စုစုပေါင်း ယင်းဆက်ကြောင်းများပေါ်မှ Bandwidth ပမာဏ 10Gb  ချိတ်ဆက်သွားမည်ဖြစ်သည်ဟု သိရသည်။ ပြည်တွင်း အင်တာနက် ပိုမိုကောင်းမွန်စေရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ပြည်ပမှာ ပညာရှင်အဖွဲ့များဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံမှ ပညာရှင်အဖွဲ့များနှင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းတွင် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။


ထိုသို့အင်တာနက် ကွန်နက်ရှင် ကောင်းမွန်စေရန် ဆောင်ရွက်ရာတွင် နိုင်ငံတကာ အင်တာနက်ဆက်ကြောင်းများဖြင့် ထပ်မံချိတ်ဆက်သွားရန် ပြည်တွင်း ဆက်ကြောင်းများအပြင် အရန်ဆက်ကြောင်းများဖြင့် ချိတ်ဆက်သွားရန်လည်း ဆောင်ရွက်နေသည်ဟု သိရသည်။ အင်တာနက် Connection ကောင်းမွန်မှု လိုအပ်ခြင်းနှင့် ပတ်သက်ပြီး ပြည်တွင်း အိုင်တီပညာရှင်တစ်ဦးက အင်တာနက် Connection  က ကောင်းဖို့လိုနေပါပြီ။ မကြာခင်၂၀၁၃ မှာဆိုရင် Sea Game လာတော့မယ်။ ဒါဆို အင်တာနက် ကွန်နက်ရှင်က အရမ်းကောင်းဖို့ လိုအပ်နေပါပြီ။ ဒါတွေက ပြင်ဆင်ဖို့ လိုနေပါတယ်” ဟု သူ၏ အမြင်ကို ပြောသည်။   

တင်ဇာအောင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account