Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, April 6, 2012

Question & Answer



Photo
Q - GSM နဲ့ WCMA စနစ်က GSM ကနေ ဆင်းသက်လာတဲ့ GSM စနစ် တူတူပဲဆိုရင် ဘယ်လို GSM ဟန်းဆက်နဲ့ပဲဖြစ်ဖြစ် စနစ်နှစ်ခုစလုံးကို အသုံးပြုလို့ ရနိုင်ပါသလား။
 

A- ပြီးခဲ့တဲ့ တစ်ပတ်က ဖော်ပြပေးသွားခဲ့တာ ရှိပါတယ်။ WCDMA စနစ်ဆိုတာ GSM  ကနေ ဆင်းသက်လာခဲ့တဲ့ GSM စနစ် တူတူပဲဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့  ဒီစနစ်နှစ်ခုမှာ မတူညီတာက GSM ဟာ 2G ကွန်ရက်သုံး စနစ်ဖြစ်ပြီး WCDMA  ကတော့ 3G ကွန်ရက်သုံးစနစ် ဖြစ်ခြင်းပါပဲ။ ဒီနှစ်ခုမှာ ကွာခြားချက်တွေ ရှိပါတယ်။ လွယ်လွယ်ကူကူ ပြောပြရရင်တော့ 2G စနစ်မှာ မပါဝင်တဲ့ Video Conferencing စနစ်တွေနဲ့ MMS လိုစနစ်မျိုးတွေကို 3G စနစ်မှာ ပါဝင်နေပါတယ်။ WCDMA 3G စနစ်မှာ ပါဝင်လာမယ့် စနစ်တွေကို အသုံးပြုနိုင်ဖို့ ဆိုရင်တော့ WCDMA စနစ် အသုံးပြုနိုင်မယ့် ဟန်းဆက်တွေနဲ့မှပဲ အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ WCDMA  3G စနစ် အသုံးပြုလို့ မရနိုင်တဲ့ တခြား GSM ဟန်းဆက်တွေနဲ့ ဆိုရင်တော့ 3G ရဲ့ Service တွေကို အသုံးပြုလို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် WCDMA စနစ်ကို အသုံးပြုမယ် ဆိုရင်တော့ GSM ဟန်းဆက်တိုင်းနဲ့ အသုံးပြုလို့ မရနိုင်ဘူးလို့ ဆိုရမှာပါပဲ။

Q - Android Tablet  နဲ့ iPad ဘာကွာခြားပါသလဲ။

A - Android OS စနစ်သုံး Tablet နဲ့ iOS  ဘာကွာသလဲ ဆိုရင်တော့ ပထမဆုံး အမြင်အနေနဲ့ OS စနစ် ကွာခြားပါတယ်။ ဒါ့အပြင် Android OS စနစ်သုံး Tablet တွေမှာက Memory ကို ကတ်ထပ်စိုက်ပြီး ထပ်တိုးအသုံးပြုလို့ ရပါတယ်။ iPad တွေမှာတော့ Memory ထပ်တိုးလို့ မရပါဘူး။ အဲဒါတွေကတော့ ကွာခြားပါတယ်။ နောက်ထပ် ဘာကွာသေးလဲ ဆိုရင်တော့ နှိုင်းယှဉ်ပြီး ပြောနိုင်ဖို့ ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ Android OS စနစ်သုံး Tablet တွေက အများကြီး ဖြစ်နေတဲ့တွက် ကွာခြားချက်ကို နှိုင်းယှဉ်နိုင်ဖို့ သိပ်မလွယ်ကူပါဘူး။ Android OS စနစ်မှာတော့ ဆော့ဖ်ဝဲတွေ၊  ဂိမ်းတွေနဲ့ တခြား Application ဆိုင်ရာ ထည့်သွင်းခြင်းတွေကို ပြုလုပ်ဆောင်ရွက်ဖို့ သိပ်မခက်ခဲနိုင်ပါဘူး။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account