Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, April 6, 2012

မြို့ကြီးများတွင် လိုင်းဆွဲအား ကောင်းမွန်စေရန် လမ်းမီးတိုင်ကဲ့သို့ တာဝါတိုင်များ အသုံးပြုမည်

မြို့ကြီးများတွင် မိုဘိုင်းဖုန်းများ လိုင်းဆွဲအား ကောင်းမွန်စေရန် လမ်းမီးတိုင်ကဲ့သို့ တာဝါတိုင်များ တပ်ဆင်အသုံးပြုမည် ဖြစ်သည်ဟု  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။ ယင်းတာဝါတိုင်များမှာ နေရာစားသက်သာသော တာဝါတိုင်များဖြစ်ပြီး တောင်အာဖရိကနိုင်ငံမှ ကုမ္ပဏီတစ်ခုက ပြည်တွင်းတွင် လာရောက်မိတ်ဆက်ပြီး ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။ အဆိုပါ တာဝါတိုင်များတွင် လမ်းဘေးတွင် နှစ်ပေပတ်လည် မြေနေရာရှိပါက အသုံးပြုနိုင်မည်ဖြစ်သည်ဟု သိရသည်။ လျှပ်စစ်အနေဖြင့် ဘက်ထရီခြောက်ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။


ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးကဲ့သို့ မြို့ကြီးများတွင် လူဦးရေထူထပ်ပြီး စီးပွားရေး ကောင်းမွန်သည့်အတွက် လိုင်းဆွဲအား ကောင်းမွန်စေရန် အဆိုပါ တာဝါတိုင်များကို တပ်ဆင်သွားမည်ဖြစ်သည်ဟု သိရသည်။ အဆိုပါတာဝါတိုင်မှာ အချင်းတစ်ပေပတ်လည်ခန့်သာ ဖြစ်ပြီးအမြင့် ၁၂ မီတာမှ ၁၅ မီတာအထိ စိုက်ထူနိုင်သည်ဟု သိရသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် မိုဘိုင်းဖုန်းများ ပိုမိုကောင်းမွန်စွာ ပြောဆိုနိုင်စေရန် ရန်ကုန်မြို့တွင်လည်း လိုအပ်သော တာဝါတိုင်များကိုလည်း စိုက်ထူသွားမည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account