Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, April 6, 2012

Windows 8 မှ မနှစ်သက်စရာ အချက် (၈) ချက်

သက်ရောက်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှု ရှိတယ်ဆိုတဲ့ သဘောသဘာဝကို အရာရာတိုင်းမှာ အကောင်းဘက်က ရှုမြင်နိုင်သလို မကောင်းတဲ့ဘက်က ရှုမြင်ကြတာတွေလည်း ရှိနိုင်တယ်။  အခြေခံ သဘာဝကိုက အကောင်းနဲ့အဆိုး ဒွန်တွဲနေလေ့ ရှိတယ်။ ဒီတော့ Microsoft အနေနဲ့ Window 8 ဆိုတဲ့ လည်ပတ်စနစ်သစ်ကြီးကို အချောသတ်ပုံစံနဲ့ မကြာမီ ချပေးတော့မယ်ဆိုတဲ့ နေရာမှာလည်း  ဆန်းသစ်ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ အသုံးပြုခွင့် ရနိုင်သလို တချို့ကိစ္စတွေမှာ အသုံးပြုသူအတွက် မနှစ်သက်စရာ ကိစ္စမျိုးတွေ ရှိနေတာကို စမ်းသပ် အသုံးပြုခွင့်ပြုထားတဲ့ version ကို သုံးကြည့်ရင်းနဲ့ သိနိုင်ပါလိမ့်မယ်။

(၁) ဘော်ချက်တဲ့ကိစ္စ

နောက်ထပ် ဆွဲဆောင်ယူစရာ ကုန်ကျစရိတ်လေးတွေ ပါလာတတ်တဲ့ ပုံစံဖြစ်တယ်။ လည်ပတ်စနစ်ပေါ်မှာ virtual store fronts တွေ ချိတ်ဆက်ပါလာတဲ့ ဘော်ချက်တဲ့ ပုံစံများ ဖြစ်သွားစေတယ်။ Microsoft  ရဲ့ ဖြည့်ဆည်းပေးချက်က အကောင်းဘက်ထက် အဆိုးဘက်ကို မြင်သွားစေနိုင်တယ်။ အဓိကကတော့ apps တွေမှာ ထပ်ဆင့်ကြေးခေါ်မှုတွေ ပြင်ဆင်ပေးလိုက်သလို ဖြစ်သွားတယ်။

(၂) မရှင်းမလင်း မြင်ကွင်းများ ကိစ္စ

မတူညီတဲ့ အခြေအနေ နှစ်ရပ်ကြားမှာ အရေးကြီးတဲ့ contents တွေနဲ့ options တွေကို ခွဲခြားထားတာကို တအံ့တသြ တွေ့ရတယ်။ Windows Classicလို့ ခေါ်ဆိုကြမယ့် ဝန်းကျင်နေရာမှာ Control Panel ကို ချပေးထားတယ်။ Metro ကနေ shortcut  နဲ့အတူ main control panel ထဲကို ခုန်ဝင်စေတယ်။ ဒါပေမဲ့ အစိတ်အပိုင်း တစ်ခုချင်း အနေနဲ့တော့ မဟုတ်ပါ။ Metro ထဲမှာ မြင်တွေ့နေရတဲ့ setting တစ်ခုချင်းကို တည်းဖြတ်ဖို့ Control Panel နဲ့ အသုံးမပြုနိုင်တော့ Metro ရဲ့ PC Setting application ကို သွားပြီးမှ လိုအပ်တာကို လုပ်နိုင်တော့မယ်။ System Setting ကို နှစ်နေရာ ခွဲထားလိုက်တဲ့သဘော ဖြစ်သွားတယ်။

(၃) တန်ဆာဆင်လွန်းတဲ့ကိစ္စ

Classic desktop ပေါ်မှာ အလှအပ တချို့နဲ့ လိမ်းကျံပေးပြီး မြှင့်တင် တန်ဆာဆင်ထားတာကို တွေ့နိုင်တယ်။ ဒါပေမဲ့လည်း မြင်ကွင်းမှာ အဆီအငေါ် မတည့်သလို ခံစားကြရတယ်။ တချို့တွေက လှေကြီးထိုး ရိုးရိုးကြီး ဖြစ်နေပြီး တချို့ကတော့ ကညာဆန်လှကာ တချို့က မျက်စိစပါးမွေး စူးစရာတွေနဲ့ ဖြစ်နေတယ်။ Internet Explorer မှာရော Windows Explorer မှာ လုပ်ကိုင်ရတာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတယ်။ Youtube video ကြည့်ဖို့ဆိုရင်ပင် "view on the desktop" option  ကို ရွေးယူပြီးမှ wrench icon လေးနဲ့ IE ရဲ့ Metro address bar ကနေ ခေါ်ယူရတယ်။ ဆိုလိုတာက အသုံးပြုသူတွေအတွက် မြင်နေကျ မြင်ကွင်းမဟုတ်တဲ့ အရာတွေနဲ့ အလေ့အကျင့်ရဖို့ အတော်ကြိုးစားယူကြရမှာ ဖြစ်တယ်။

(၄) လိုသလို စီမံထိန်းကျောင်းခွင့်ကိစ္စ

Microsoft အနေနဲ့ လေးထောင့်ကွက်လေးတွေ အမျိုးမျိုးကို ခေတ်မီလှတဲ့ customization လုပ်ကိုင်ခွင့် ပေးထားတယ်။ ဒါပေမဲ့ tiles လေးနဲ့ လေးထောင့်အရွယ်အစားကို အသုံးပြုသူ အလိုကျထားလို့ မရသလို multiple tiles များကို ရွေးချယ်တာတို့ ကလဖန်ထိုးတာတို့ ခွင့်မပေးထားပါ။ Metro windows လေးတွေကို အလျားလိုက် scroll လုပ်ခွင့်ပေးထားတယ်။ စမ်းသပ်အသုံးပြုတဲ့ version မှာတော့ tiles လေးတွေနဲ့ အမြင်တစ်မျိုးနဲ့ ခံစားခွင့်ရကြပေမယ့် ဒီ tiles လေးတွေရဲ့ ပုံစံနဲ့စတိုင်ကို ခြယ်လှယ်ခွင့်မရသေးပါ။

(၅) အသုံးပြုသူ လမ်းညွှန်စေစားချက် ကိစ္စ

Windows 8  အနေနဲ့  third-party services ကို တိုက်ရိုက် လက်ခံ ချိတ်ဆက်ခွင့်ပြုတာ ကောင်းပေမယ့် နည်းလမ်း တစ်ခုတည်းနဲ့သာ အသုံးပြုနိုင်စေတယ်။ နည်းနည်းခက်ခဲတဲ့ သဘောလည်း ရှိတယ်။  Social networks တွေနဲ့ အသုံးပြုတဲ့နေရာမှာ လွယ်ကူတဲ့ ခွင့်ပြုချက်မျိုးနဲ့မှ လုပ်ကိုင်ရတာ အဆင်ပြေနိုင်ပါလိမ့်မယ်။

(၆) လုပ်ချက်ကောင်းတွေ ချန်ရစ်ထားတဲ့ကိစ္စ

Microsoft ရဲ့ လုပ်နည်းလုပ်ဟန်ကို နှစ်ပေါင်းများစွာ လေ့ကျင့်ရသူတွေအတွက် မူလလုပ်ဆောင်ချက် တော်တော်များများကို ချန်လှပ်ထားခဲ့တဲ့ အတွက် သုံးနေကျသူတွေ အတွက် အခက်တွေ့ကြရတယ်။ စမ်းသပ်စာရင်း လုပ်ကြည့်တဲ့အခါ အချက် ၁၁ ခုလောက် ချန်လှပ်ထားတာက တွေ့ရတယ်။

(၇) Cloud ကို အရေးပေးလွန်းတဲ့ကိစ္စ

Microsoft အနေနဲ့ Cloud Computing ဆီကို မရောက်ရောက်အောင် ဆွဲခေါ်လိုတဲ့ ပုံစံတွေကြောင့် Microsoft Account ဆီကို Log ယူစေတဲ့ အနေအထား ရှိတယ်။ ဒီအတွက် use account ကိစ္စတွေမှာ မလွတ်မလပ်နဲ့ သုံးစွဲရသလို ရှိနေစေတယ်။

(၈) အဆင့်မြှင့်ယူဖို့ လုံလောက်တဲ့ အကြောင်းပြချက်ကိစ္စ

Windows 7 ကနေ Windows 8 ကို အဆင့်မြှင့်တင် ဆောင်ရွက်လိုသူ အတွက် လုံလောက်တဲ့ အကြောင်းပြချက် သိပ်မရှိလှလို့ ယုံမှားသံသယ ရှိနိုင်တယ်လို့ ဆိုကြသူတွေ ရှိနေတယ်။ Touchscreen  အရည်အချင်းအတွက် ဖြည့်တင်းမှုမှတစ်ပါး တခြား အရည်အချင်းတွေက မြင်ကွင်း ပြောင်းပစ်တာပဲ ထူးခြားတယ်လို့ မှတ်ချက်ချစရာ ဖြစ်နေတယ်။ interface သစ်ကောင်းလှပါတယ်။ လှပလွန်းပါတယ်။ ဒါပေမဲ့ တခြားထူးခြားချက်ကို ပြောရခက်နေတဲ့ အနေအထား ရှိနေပါတယ်။
 
ဆောင်းပါးရှင် - အိုင်တီမိတ်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account