Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, April 6, 2012

ကမ္ဘာ့အကောင်းဆုံး Printer (၁၀) မျိုး



Photo
Printer ဟာ ကွန်ပျူတာတွေအတွက် မရှိမဖြစ် မဟုတ်ပေမယ့် ရုံးလုပ်ငန်းအတွက်တော့ လိုအပ်ချက် တစ်ခုဖြစ်ပါတယ်။  Printer အမျိုးအစားများစွာ ရှိပြီးတော့ သုံးစွဲသူများရဲ့ လိုအပ်ချက်အလိုက် ဖြည့်ဆည်းပေးထားတဲ့ ထုတ်ကုန်တွေထဲက ကမ္ဘာ့ထိပ်တန်း Printer (၁၀) မျိုးကို ဖော်ပြပေးလိုက်ပါ တယ်။

1. Cannon Pixma MX870

Cannon ဟာ Printer ထုတ် လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီး၊ နှစ်များစွာကတည်းက Printer ဈေးကွက်အတွင်းမှာ ရောက်ရှိ နေရာယူနေခဲ့တာ ဖြစ်ပါတယ်။ Cannon က ထုတ်လုပ်တဲ့ Pixma MX870 ဟာ 4 in 1 အမျိုးအစား တစ်ခုဖြစ်ပြီး၊ Print, Scan, Copy နဲ့ Super G3 Fax တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Print Speed အနေနဲ့ 9.4 ipm ရှိပြီး၊ Resolution ကတော့ 9600x2400 dpi  ရှိပါ တယ်။ 2.5" ရှိတဲ့ LCD ပါဝင်ပြီး၊ Connection အတွက် Wi-Fi, Ethernet, Hi-Speed USB 2.0 တို့ ပါဝင်ပါတယ်။

2. HP Photosmart all-in-one

HP ဟာ Computer ထုတ်လုပ်မဟာ နံပါတ် (၁) နေရာကိုရယူထားတဲ့ ကုမ္ပဏီတစ်ခု ဖြစ်တာနဲ့အညီ၊ Computer ဆက်စပ်ပစ္စည်း ထုတ်လုပ်မှု အပိုင်းမှာလည်း နာမည် ကျော်ကြားလှပါတယ်။ HP ရဲ့ Photosmart all-in-one ဟာ ဆိုရင် အကောင်းမွန်ဆုံးသော Printing Quality နဲ့ အတူ ထိပ်ဆုံးစာရင်းမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အကောင်းဆုံးတစ်ခုကို ရွေးချယ်ပြပေးရမယ် ဆိုရင်တော့ Web-connected ပါဝင်ပြီး ePrint email, apps တို့ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 3 in 1Printer တစ်လုံးဖြစ်ပြီး၊ Print, Scan နဲ့ Copy တို့ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Print Speed 12 ppm (Laser Quality) ရှိပြီး၊ 2.36" ရှိတဲ့ LCD ပါဝင်ပါတယ်။


3. HP Photosmart 7510

HP ရဲ့ Photosmart အမျိုးအစား တစ်ခုဖြစ်ပြီး Model No; ကတော့ 7510 ဖြစ်ပါတယ်။ အကောင်းမွန်ဆုံးသော Print Speed ကို ပိုင်ဆိုင်ထားပြီး၊ Family Use အတွက် ဖြေရှင်းချက် တစ်ခုလို့ ဆိုထားပါတယ်။ Print Speed 13.5 ppm (black) နဲ့ 9 ppm (Color) ရှိပြီး၊ အရွယ်ပမာဏ ကြီးမားတဲ့ LCD (4.33" Touch Screen) ပါဝင်ပါတယ်။ အိမ်သုံး Printer အမျိုးအစားထဲမှာတော့ အမြန်ဆုံးသော  Print Speed နှုန်းလည်း ဖြစ်ပါတယ်။


4. Cannon Pixma MX512

Cannon Pixma MX512 ဟာ Inkjet Printer အမျိုးအစား တစ်ခုဖြစ်ပြီး၊ အသုံးပြုရလွယ်ကူခြင်း၊ Print Quality ကောင်းမွန်ခြင်းတို့ကြောင့် နာမည်ကျော်ရခြင်း ဖြစ်ပါတယ်။ Wireless  Connectivity  ပါဝင်တဲ့အတွက် အခြား Device များနဲ့ ချိတ်ဆက် Print ပြုလုပ်ရာမှာ အဆင်ပြေစေပါတယ်။ အိမ်သုံး၊ ရုံးသုံး နှစ်မျိုးလုံး အသုံးပြုနိုင်မှာဖြစ်ပြီး၊ All-in-one Printer အမျိုးအစားလည်း ဖြစ်ပါတယ်။ Print Resolution အနေနဲ့ 1200x2400 dpi ရှိပြီး၊ 2.5" အရွယ်ပမာဏရှိတဲ့ LCD ပါဝင်ပါတယ်။


5. Brother MFC-9235cw

Brother ဟာ Cannon, HP တို့နဲ့ အပြိုင်ထိပ်တန်း Printer ဈေးကွက် အတွင်းကို ဝင်ရောက်လာခဲ့ပါတယ်။ ဒါဟာလည်း ဆန်းသစ်တဲ့ ဒီဇိုင်း၊ ပိုမိုကောင်းမွန်တဲ့နည်း ပညာတွေရဲ့ ပြယုဒ်တစ်ခု ဆိုတာ ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ပါဘူး။ Brother ရဲ့ Printer အမျိုးအစား တစ်ခုဖြစ်တဲ့ MFC-9235cw ဟာ ကျစ်လစ်တဲ့ ဒီဇိုင်းရှိပြီး၊ အလွန် လျှင်မြန်တဲ့ Print  Speed ရှိပါတယ်။ Wi-Fi ပါဝင်ပြီး၊ Print Resolution အနေနဲ့ကတော့ 1200x 2400 dpi ရှိပါတယ်။


6. Epson WorkForce Pro WP-4590

Epson ရဲ့ Printer တွေဟာ ဈေးကွက်အတွင်းမှာ အသုံးပြုသူ များပြားပြီး၊ အရည်အသွေးပိုင်းမှာလည်း စိတ်ချရပါတယ်။ Epsion ရဲ့ WorkForce Pro WP-4590 ဟာ ဆိုရင် အကောင်းမွန်ဆုံးသော စွမ်းဆောင်ရည်တွေနဲ့အတူ သုံးစွဲသူတွေကို ဆွဲဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။ လျှင်မြန်တဲ့ Startup Time နဲ့  Print Time တို့ရှိပြီး၊ All-in-one Printer အမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။ Double-Sided Printing ပါဝင်ပြီး၊ 2.5" အရွယ်ပမာဏ ရှိတဲ့ LCD ပါဝင်ပါတယ်။


7. Cannon Pixma MX432

CAnnon Pixma MX 432 ဟာ All-in-one  Printer အမျိုးအစားတွေထဲမှာ ဈေးအသက်သာဆုံးလို့ ဆိုနိုင်မှာဖြစ်ပြီး၊ အကောင်းမွန်ဆုံးသော Scan Quality ရှိပါတယ်။ Photo Print ပြုလုပ်ရာမှာလည်း အကောင်းမွန်ဆုံး Quality ကို ရရှိနိုင်မှာဖြစ်တဲ့ အတွက်များစွာ အဆင်ပြေစေပါတယ်။ Print Quality အနေနဲ့ 4800x1200 dpi ရှိပြီး၊ အသုံးပြုရာမှာ လွယ်ကူအဆင်ပြေစေတဲ့ Feature တွေ ပါဝင်ပါတယ်။


8. Cannon Pixma MX882

Print Quality တွေထဲမှာ Cannon Pixam MX882 ဟာ အကောင်းမွန်ဆုံးလို့ ဆိုထားပါတယ်။ Wireless Connectivity မှာလည်း လွယ်ကူကောင်းမွန်တဲ့အတွက် MX882 ဟာ အကောင်းဆုံး Printer စာရင်းမှာ ဝင်ရောက်နေခဲ့တာလည်း ဖြစ်ပါတယ်။ Print Speed အနေနဲ့  Black 12.5 ipm နဲ့ Color 9.3 ipm ရှိပါတယ်။ 3" အရွယ်အစားရှိတဲ့ LCD ပါဝင်ပြီး၊ 4 in 1 Inkjet Printer  အမျိုးအစား တစ်ခုဖြစ်ပါတယ်။


9. Cannon Pixma MG5220

Cannon ရဲ့ Printer အများစုဟာ ထိပ်တန်းစာရင်းတွေထဲမှာ အများအပြားပါဝင်နေခြင်းဟာ Cannon ရဲ့ အရည်အသွေးပိုင်းကို စိတ်ချယုံကြည်စရာ ဖြစ်ပါတယ်။ MG 5220 ဟာဆိုရင်လည်း Photo Print,Text Print တို့မှာ ပြတ်သားတဲ့ အရည်အသွေးရှိပြီး၊ အကောင်းမွန်ဆုံးသော Software ပါဝင်တာကို တွေ့ရပါတယ်။ စွမ်းအင်သုံးစွဲမှု ပမာဏ လျော့နည်းပြီး၊ 3 in 1  Printer အမျိုးအစားလည်း ဖြစ်ပါတယ်။ Print Resoultion မြင့်မားပြီး 9600x2400 dpi ရှိပါတယ်။


10. Epson WorkForce Pro WP-4540

ထိပ်တန်း Printer တွေရဲ့ နံပါတ် (၁၀) နေရာမှာတော့ Epson ရဲ့  Work Force Pro WP-4540 ရောက်ရှိနေပြီး၊ ဆူညံတဲ့ Printing ကိစ္စရပ်ဟာ ဒီ Printer ရဲ့အားနည်းချက် တစ်ခုဖြစ်နေပါတယ်။ ဒါ ပေမယ့် အားသာချက်တွေ များစွာလည်း ပါဝင်ပြီး၊ မြန်ဆန်တဲ့ Printing Speed  ရှိပါတယ်။ 5.8" အရွယ်အစားရှိတဲ့ Touchscreen LCD ပါဝင်တဲ့အတွက် အသုံးပြုရာမှာ လွယ်ကူ အဆင်ပြေစေပါတယ်။ Print  Speed အနေနဲ့ Black  11 ppm နဲ့ Color 7.1 ppm ရှိပါတယ်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account