Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, December 29, 2011

ရန်ကုန်ပေါက်ကွဲမှုမှာ အက်ဆစ်ကန်နှင့် ယမ်းစိမ်းများ မီးလောင် ပေါက်ကွဲခြင်းကြောင့်ဖြစ်


Photo
ရန်ကုန် တစ်မြို့လုံးနီးပါး ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပေါက်ကွဲမှု၏ အဓိက အကြောင်းအရင်းမှာ ဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူရစ် အက်ဆစ်ကန်နှင့် ယမ်းစိမ်းများ ပေါက်ကွဲခြင်းကြောင့် ဖြစ်ကြောင်း  အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသည့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

ပေါက်ကွဲမှုကြောင့် အခင်းဖြစ်ပွားရာ နေရာတွင် တာဝန်ကျ မီးသတ်ဝန်ထမ်း ၅ ဦး ပွဲခြင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးမှာ ဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ၊ တပ်သား စုစုပေါင်း ၆ ဦး အသက် ဆုံးရှုံးသွားခဲ့သည်။ သေဆုံးသူ မီးသတ်ဝန်ထမ်းများမှာ တပ်သား မျိုးကျော်ကျော်၊ တပ်သား အောင်အောင်၊ တပ်သား သော်ဇင်မျိုးထက်၊ တပ်ကြပ် ပြည်ဇော်ထွေးနှင့် တပ်ကြပ် တင်စိုးတို့ဖြစ်ကြောင်း မီးသတ်အရာရှိ တစ်ဦးက 7day news သို့ပြောသည်။

(ပေါက်ကွဲမှုမဖြစ်ခင် သွားရောက် မီးငြှိမ်းသတ်ခဲ့သည့် တာမွေမြို့နယ်မှ မီးသတ်ယာဉ်
ပျက်စီးလောင်ကျွမ်းနေမှုအား တွေ့ရစဉ်) 

၇ နာရီ ၄၈ မိနစ်

မီးသတ်ဦးစီးဌာနမှ နောက်ဆုံးရရှိသော သတင်းများအရ သေဆုံးသူအားလုံးမှာ ၁၇ ဦး ရှိသွားပြီဖြစ်ပြီး ထိုအထဲတွင် မီးသတ်တပ်ဖွဲ့ဝင် ၆ ဦးပါဝင်ပြီး ယင်းတို့မှာ တာမွေမီးသတ်မှ ဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ အတည်ပြု ပြောကြားသည်။ “တာမွေမီးသတ်က အနီးဆုံးဆိုတော့ အစောကြီးရောက်ပြီး အနီးကပ် ကပ်ချတဲ့အခါမှာ အထိများသွားတာပါ” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယခုအခါ မီးလောင်မှုမှာ နံနက် ၆ နာရီ ၅ မိနစ်တွင် လုံးဝ ငြိမ်းသတ်သွားပြီ ဖြစ်သည်။

(ရန်ကုန်တစ်မြို့လုံး တုန်ဟီးအောင် ပေါက်ကွဲခဲ့သည့် အက်ဆစ်ကန်နေရာကို တွေ့ရစဉ်၊
ပေါက်ကွဲမှုကြောင့် မြေတွင်းကြီးမှာ ၁၀ ပေခန့် အနက်ရှိသည်။
ထိုကျင်း အနီးတစ်ဝိုက်ရှိ (ပေ ၅၀၀ ခန့်အတွင်းရှိ) အဆောက်အအုံ
အားလုံးနီးပါးမှာလည်း မုန်တိုင်း တိုက်ခတ်ခံရသည့်အလား ပြိုကျပျက်စီးနေသည်ကို တွေ့ရသည်) 

မီးလောင်မှုကြောင့် ဂိုထောင် ၆ လုံး၊ စက်ရုံများနှင့် အနီးကပ်ဆုံး ရပ်ကွက်ဖြစ်သော ကူးတို့ဆိပ်ရပ်ကွက်မှ နေအိမ် ၇၆ လုံး၊ အာရုဏ်ဦးရပ်ကွက်မှ နေအိမ် ၁၈ လုံး၊ အလုပ်သမားတန်းလျား ၂ ခု၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဖြိုးစေတနာဆေးခန်း၊ ဓမ္မာရုံတစ်ခုတို့ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ သိရသည်။ နောက်ဆုံး စာရင်းအရ ဒဏ်ရာရရှိသူ ကျား (၆၂) ဦး၊ မ (၁၆) ဦးရှိပြီး သေဆုံးသူဦးရေ ကျား (၁၂) ဦး မ (၅) ဦးနှင့် မီးသတ်ဌာနမှ ၆ ဦး အပါအဝင် စုစုပေါင်း ၂၃ ရှိပြီဖြစ်သည်။


(မီးလောင်ပေါက်ကွဲခဲ့သော အက်ဆစ်ကန်ဘေးမှ မီးကြွင်းမီးကျန်များကို ငြိမ်းသတ်နေစဉ်) 
 
Credit: 7 Day News Journal

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account