Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, January 5, 2012

သွားလာလည်ပတ်ရန် အကောင်းဆုံး ကမ္ဘာ့နံပါတ် (၃) နေရာအဖြစ် မြန်မာနိုင်ငံကို CNN ဖော်ပြ

Photo

By The Voice Weekly

အမေရိကန် ပြည်ထောင်စု အတ္တလန်တာမြို့ အခြေစိုက် ကမ္ဘာကျော် ရုပ်/သံ သတင်းဌာန CNN က မြန်မာနိုင်ငံကို လာမည့် ၂၀၁၂ ခုနှစ်တွင် ခရီးသွားများ သွားလာလည်ပတ်ရန် အကောင်းဆုံး နေရာ ကိုးခုအနက် နံပါတ် (၃) အဆင့်အဖြစ်  ဒီဇင်ဘာလ ၂၈ ရက်နေ့က ထည့်သွင်း ဖော်ပြလိုက်သည်။ CNN က မြန်မာနိုင်ငံကို ယင်းကဲ့သို့ ထည့်သွင်း ဆုံးဖြတ်ရာတွင် Lonely Planet အပါအဝင် ကမ္ဘာကျော် ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူ လေးဦးထံမှ ကိုယ်တွေ့ သွားလာမှု ထောက်ခံချက်များမှ ရယူ ဖော်ပြခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ဖော်ပြပါရှိသည်။

“မြန်မာနိုင်ငံကို သွားလာခဲ့ရတာ ရင်သပ်ရှုမောပါပဲ။ ကမ္ဘာမှာ မပျက်စီးသေးတဲ့ နေရာတစ်ခုကို ရောက်သွားသလိုပါပဲ။ မြန်မာပြည်မှာရှိတဲ့ လူတွေလောက် ခင်မင် နှစ်လိုဖွယ် ကောင်းတဲ့သူတွေ မတွေ့ဖူးပါဘူး” ဟု ခရီးသွား လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတို့ကို ကိုးကား၍ CNN က ဖော်ပြသည်။ ၂၀၁၂ ခုနှစ်တွင် ခရီးသွားများ သွားလာလည်ပတ်ရန် အကောင်းဆုံးနေရာ ကိုးခုအနက် အင်္ဂလန်၊ မာယာလူမျိုးတို့ နေထိုင်ခဲ့ရာ မက္ကဆီကို နယ်တွင်းဒေသ၊ မြန်မာနိုင်ငံ၊ အမေရိကန် ပြည်ထောင်စု ချီကာဂို၊ အီတလီနိုင်ငံ ဗင်းဆင့်၊ နယ်သာလန်၊ ကနေဒါနိုင်ငံ အတ္တလန်တစ်၊ တောင်အမေရိကတိုက် ဥရုဂွေးနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါ ပြည်နယ်ရှိ အော်လန်ဒို ဒေသတို့ ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းကလည်း Lonely Plane ခရီးသွားလမ်းညွှန် ကမ္ဘာကျော် စာအုပ်ကြီးကလည်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိပြီး အဖော်ရွေဆုံး၊ သဘောအကောင်းဆုံး လူမျိုးများ နေထိုင်ရာ မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ခရီးသွားလာရန် အကောင်းဆုံး ဒေသများအနက် နံပါတ် ၂ နေရာတွင် ရှိသည်ဟု ထည့်သွင်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးတင်ထွန်းအောင်က မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်တွင် ယခင်ထက် ၂၀ ရာခိုင်နှုန်းကျော် ကမ္ဘာလှည့်ခရီးသွား ငါးသိန်းခန့် လာနိုင်ပြီး ထို့ထက်လည်း ပမာဏ များနိုင်သည်ဟု သုံးသပ် ပြောကြားသည်။

သို့ရာတွင် မြန်မာနိုင်ငံသည် ကဏ္ဍ အတော်များများ ခရီးသွားများကို ဆွဲဆောင်နိုင်ရေးအတွက် လည်းကောင်း၊ ခရီးသွားများကို အဆင်ပြေစွာ သွားလာနိုင်ရန်အတွက် လည်းကောင်း ယခုထက် ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ကား၊ ဟိုတယ်၊ လမ်းများ၊ အမှတ်တရရိုးရာ လက်မှုပစ္စည်းများ၊ ညပိုင်း သွားလာရန် လည်ပတ်သည့် နေရာများ အပါအဝင် ရန်ကုန်လေဆိပ်တွင် အခမဲ့ လမ်းညွှန်မြေပုံ အရန်သင့် ရရှိနိုင်ခြင်းကဲ့သို့ ကမ္ဘာလှည့် ခရီးသွားများအတွက် သတင်း အချက်အလက် အလွယ်တကူ ရရှိနိုင်မှုတို့ကို အသင့်ပြင်ထားရန် လိုအပ်ကြောင်းနှင့် အရည်သွေးမီသော ခရီးသွား လုပ်ငန်းအဖြစ် ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရန် လိုအပ်ကြောင်း ချက်ထရီယံဟိုတယ် အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်မေမြတ်မွန်ဝင်းက ၂၀၁၂ ခရီးသွားလုပ်ငန်း အခြေအနေနှင့် ပတ်သက်၍ သုံးသပ် ပြောကြားသည်။

CNN က မြန်မာနိုင်ငံ ရန်ကုန်မြို့တော်မှ နေ၍ ခရီးစရန် တိုက်တွန်း၍ ရန်ကုန်ရှိ ကမ်းနားဟိုတယ် (ယခင် Governor Residence) တွင် နေထိုင်ရန် အကြံပေးထားပြီး အင်းလေးကန်ကို မဖြစ်မနေ သွားရောက်သင့်ကြောင်းနှင့် ပအို့ဝ် တိုင်းရင်းသား လုပ်ငန်းရှင်များ ပိုင်ဆိုင်သည့် Golden Island Cottage တွင် တည်းခိုသင့်ကြောင်း ရေးသားထားသည်။ အမေရိကန် ပြည်ထောင်စု အစိုးရ အဆက်ဆက်နှင့် နီးစပ်ပြီး Time Warner ကုမ္ပဏီ ထူထောင်သူ အမေရိကန် သူဌေးကြီး တက်တာနာ ပိုင်ဆိုင်သော CNN သတင်းဌာနသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ မြန်မာနိုင်ငံသို့ တရားဝင် အလည်အပတ် ခရီးစဉ်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရ၏ သဘောထား ပျော့ပျောင်းလာပြီးနောက် မြန်မာနိုင်ငံကို ယခုကဲ့သို့ ချီးမြှောက် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account