Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, February 16, 2012

မန္တလေး အာဇာနည် ၁၇ ဦး ဗိမာန် ပြန်လည် ရှင်းလင်းခွင့်ရ


Photo

မန္တလေးမြို့ အာဇာနည် ၁၇ ဦး ဗိမာန်ပေါ်သို့ ဖေဖော်ဝါရီ ၁၀ ရက်တွင်  မြို့ခံလူထု ၂၀၀ ခန့်က ဓား၊ ပေါက်ပြား စသည်တို့ ကိုင်ဆောင်ကာ ချီတက်လာကြသည်။  အရွယ်စုံပါဝင်သော ထိုလူထုသည် ဗိမာန်ဝင်းအတွင်း ချုံနွယ်ပိတ်ပေါင်းများ၊ အမှိုက်သရိုက်၊ အညစ်အကြေးများအား ရှင်းလင်းကြသည်။

တောထ အုပ်ဆိုင်းနေခဲ့သည့် ထိုဗိမာန်သည် ၁၃၀၀ ပြည့် အရေးတော်ပုံတွင်  အသက် ၁၂ နှစ်အရွယ် ခုနစ်တန်း ကျောင်းသားလေး တစ်ဦး အပါအဝင် အာဇာနည် ၁၇ ဦး ဂူသွင်းမြှုပ်နှံထားရာ မန္တလေးမြို့၊ စစ်ကိုင်း-မန္တလေး ကားလမ်းဘေး၊ ကန်တော်ကြီး အနီး တမ္ပဝတီ သူကြွယ်ကုန်းရပ်ရှိ သမိုင်းဝင် အာဇာနည်ဗိမာန် ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်။ ဤနေ့သည်  အာဇာနည်များ ကျဆုံးခဲ့သည့် ၇၃ နှစ်မြောက်နေ့လည်း ဖြစ်သည်။ ထိုနေ့တွင်  မန္တလေးမြို့ရှိ အဖွဲ့အစည်းပေါင်း ၂၀ ကျော် ပါဝင်ဖွဲ့စည်းထားသည့် “မန္တလေး အာဇာနည် ၁၇ ဦး ဗိမာန်သန့်ရှင်းရေး ကော်မတီ” ကို ဖွဲ့စည်းကာ စုပေါင်းသန့်ရှင်းရေး လုပ်ခြင်းဖြင့် အာဇာနည်များ၏ ဂုဏ်ကျေးဇူးကို ပြန်လည် ဖော်ဆောင်ပေးခဲ့သည်။

ထိုကော်မတီအပြင် နိုင်ငံရေးပါတီများ၊ စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းများလည်း  အားဖြည့်၍ သန့်ရှင်းရေးအတွက် စွမ်းဆောင်ပါဝင်ခဲ့ကြသည်။ သန့်ရှင်းရေး  လုပ်ကိုင်ရာတွင် လူမှု အဖွဲ့အစည်းများထက် ကျွမ်းကျင်သည့် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေး ဝန်ထမ်းများ ပါဝင်ခဲ့၍ လုပ်ငန်းပို၍ တွင်ကျယ်ခဲ့သည်။  ထို့ကြောင့် အစိုးရ အဖွဲ့အစည်းများနှင့် လူမှု အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုလည်း ဖြစ်သည်။ လာမည့် ဇူလိုင်လ အာဇာနည်နေ့တွင်လည်း ဂုဏ်ပြုနိုင်ခွင့်ရရန် မျှော်လင့်ချက် ပိုအားကောင်းလာသည်။

သန့်ရှင်းရေး ကော်မတီတွင် ဘုံဆွမ်းလောင်း အသင်းလည်း ပါဝင်ခဲ့ရာ သန့်ရှင်းရေး လုပ်ကိုင်မှုနှင့်အတူ သံဃာအပါး ၃၀၀ အား  ဆွမ်းလောင်းလှူပွဲပါ  ပြုလုပ်ခဲ့သည်။ မန္တလေးမြို့ ဘုံဆွမ်းလောင်း အသင်းပေါင်း ရာဂဏန်းကျော်သည် မီးဘေး၊ ရေဘေးများတွင်လည်း လူပေါင်းများစွာ၏ စားသောက်ရေး ဒုက္ခများအား ပါဝင်ကူညီသောအသင်း ဖြစ်သည်။

မင်းဒင်

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account