Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, February 16, 2012

SE-ME-WE-4 အတွက် ဘင်္ဂလားဒေ့ရှ်နှင့် ယခုနှစ်တွင် ချိတ်ဆက်မည်

Photo

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့်  ပြည်တွင်း အင်တာနက် ဆက်သွယ်မှုများအတွက် ရေအောက် ကေဘယ်လ်ဆက်ကြောင်း အသစ်ဖြစ်သော SE-ME-WE 4 ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ယခုနှစ်အတွင်း ချိတ်ဆက် သွယ်တန်းသွားမည်  ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။  ပြည်တွင်း၏ အင်တာနက် ဝန်ဆောင်ရေး လုပ်ငန်းများနှင့် ဆက်သွယ်မှုစနစ်များ တိုးတက်လာစေရန်အတွက် ယခုကဲ့သို့ ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်း အသစ်တစ်ခု တိုးချဲ့ချိတ်ဆက်ရန် စီစဉ်နေရခြင်းဖြစ်ကြောင်း  အထက်ပါ တာဝန်ရှိသူထံမှ သိရသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုနိုင်သည့် လူဦးရေကို ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်များတွင် ခြောက်သိန်းနီးပါးအထိ တိုးတက်လာအောင် ဆောင်ရွက်သွားရန် ရှိခြင်းကြောင့်လည်း အဆိုပါ ရေအောက် ကေဘယ်လ်ဆက်ကြောင်း အသစ်များကို တိုးချဲ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။
 
ထိုကဲ့သို့ အာရှ-ဥရောပ ရေအောက်ကေဘယ်လ် အင်တာနက်ဆက်ကြောင်းဖြစ်သော SE-ME-WE 4 ကို ချိတ်ဆက်ရာတွင် လမ်းကြောင်း အတိုဆုံးဖြစ်သည့် လမ်းကို ရွေးချယ် သွယ်တန်းသွားမည်ဟု သိရသည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အနီးစပ်ဆုံးဖြစ်သော ရခိုင်ပြည်နယ်အတွင်းရှိ ဘူးသီးတောင် မောင်တောနယ်စပ်ဘက်မှနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အဆိုပါ ရေအောက်ကေဘယ်လ်ဆက်ကြောင်း အသစ်ကို  သွယ်တန်းသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ မြန်မာနိုင်ငံအနေဖြင့် ယခု အသစ်ထပ်မံ ချိတ်ဆက်မည့် အင်တာနက်ဆက်ကြောင်း အသစ်မတိုင်မီတွင် SE-ME-WE 3 ဆက်ကြောင်းကို  ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှနေ၍  စင်ကာပူနိုင်ငံနှင့် သွယ်တန်း ချိတ်ဆက်ထားကြောင်း သိရသည်။ အဆိုပါ အာရှ-ဥရောပ ရေအောက်ကေဘယ်လ်ဆက်ကြောင်း  စီမံကိန်းသည် ဥရောပတိုက်မှ စတင်ပြီး အတ္တလန္တိတ်သမုဒ္ဒရာ၊ မြေထဲပင်လယ်၊ အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာများကို ဖြတ်ကာ ဂျပန်နိုင်ငံနှင့် ကိုရီးယားနိုင်ငံများအထိ ချိတ်ဆက် သွယ်တန်းထားသော အင်တာနက်ဆက်သွယ်မှု စီမံကိန်းတစ်ခု ဖြစ်သည်။ အဆိုပါ ကေဘယ်လ်များ ချိတ်ဆက်ထားရာလမ်းကြောင်း တစ်လျှောက်ရှိ နိုင်ငံများတွင် မြန်မာနိုင်ငံအပါအဝင် တိုက်ရိုက် ချိတ်ဆက်မည့် နိုင်ငံပေါင်း  သုံးဆယ့်လေးနိုင်ငံနှင့် ထိုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံပေါင်း ခြောက်ဆယ့်လေးနိုင်ငံ ပါဝင်သည်။
 
ယုဇနကိုကို

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account