Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Thursday, February 16, 2012

CDMA 800 MHz ဖုန်းများတွင် ဖုန်းဘီလ် ဖြတ်တောက်မှုများ မှားယွင်းဖြစ်ပေါ်ခဲ့



Photo
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၁ ခုနှစ်အတွင်း ချထားပေးခဲ့သော CDMA 800 MHz နက်ဝက်သုံး ၅ သိန်းတန် ဖုန်းများတွင် တယ်လီဖုန်းဘီလ် မှားယွင်းဖြတ်တောက် ခံရခြင်းများကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ  ဆက်တိုက် ဖြစ်ပေါ်ခဲ့ကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူများထဲမှ စုံစမ်း သိရှိရသည်။ ထိုကဲ့သို့ ဖုန်းဘီလ် မှားယွင်း ဖြတ်တောက် ခံရခြင်းနှင့် ပတ်သက်၍ ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသူ တစ်ဦးက ပြောကြားရာတွင် “ကျွန်တော် CDMA 800MHz ဖုန်းကနေ တခြား ဖုန်းတစ်လုံးကို လှမ်းခေါ်လိုက်တယ် ခေါ်လိုက်တဲ့ ဖုန်းကမကိုင်ဘဲ Miss Call အနေနဲ့ ကျသွားတာ၊ အဲဒါ ဘီလ်ပြန်စစ်လိုက်တာ လက်ကျန်ငွေထဲက ၃၀၀ ကျပ်တိတိကို ဖြတ်တောက်ခြင်း ခံရတယ်။ ဘာဖြစ်လို့ ဖြတ်တောက်ခံရမှန်း မသိခဲ့ဘူး၊ ဒါနဲ့  Facebook ပေါ်တက်ပြီး သတင်းပေးလိုက်တော့ တခြားသူတွေလည်း အဲဒီလို ဖြစ်နေတယ်ဆိုပြီး ဝိုင်းပြောကြတယ်” ဟု သူ့အဖြစ်အပျက်ကို ပြောကြားခဲ့သည်။
 
ယခုကဲ့သို့ Miss Call တွင် ဘီလ်မှားယွင်း ဖြတ်တောက်ခံရခြင်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်း ကွန်ပလိမ်းစင်တာကို ဖုန်းဆက် မေးမြန်းရာတွင် “မိုဘိုင်းကွန်ပလိမ်းစင်တာမှ အစပထမတွင် ဖြစ်ပွားခဲ့သော ဖုန်းနံပါတ်၊ ဖြစ်ပွားခဲ့သော ဖုန်းနံပါတ်၏ မူရင်းအမည်ပေါက် အမည်၊ လိပ်စာနှင့်တကွ၊ ကတ်ထုတ်ယူ သုံးစွဲခဲ့သည့် အချိန်၊ နေရာ အစရှိသည်များကို အသေးစိတ် မေးမြန်းပြီး ပြောပြနိုင်မှသာ ဖုန်းပြန်ဆက်ပါရန် မချေမငံ ပြန်လည် ပြောကြားခဲ့ကြောင်း ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

ဘီလ်မှားယွင်းဖြတ်တောက်ခံရမှုမှာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ထိုကဲ့သို့ မှားယွင်း ဖြတ်တောက်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မိုဘိုင်းကွန်ပလိမ်းစင်တာမှ ပြန်လည် ပြောကြားရာတွင် “ထိုကဲ့သို့မှားယွင်း ဖြတ်တောက်ခြင်းမျိုး မဟုတ်ပါကြောင်း၊ Miss Call ဖြစ်ပြီး ချက်ချင်း ဘီလ်ပြန်စစ်တဲ့အချိန်တွင် ဖုန်း Server မှ စနစ်တချို့ မှားယွင်းမှုကြောင့် ဖြတ်တောက်ခြင်း ခံခဲ့ရသကဲ့သို့ ဖြစ်ခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ တစ်မိနစ်ခန့် စောင့်ဆိုင်းပြီးမှ ပြန်လည် စစ်ဆေးကြည့်ပါက ထိုကဲ့သို့ မဖြစ်ပွားပါကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ CDMA 800 MHz  ဖုန်းများတွင် ထိုကဲ့သို့  Miss Call တွင် ဖုန်းဘီလ် မှားယွင်း ဖြတ်တောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေါ်ခဲ့သော်လည်း ၅ သိန်းတန် GSM နှင့် CDMA 450 MHz ဖုန်းများတွင် ထိုကဲ့သို့ ဖြစ်ပွားခြင်းမျိုး မရှိကြောင်း လက်တွေ့စမ်းသပ်ချက်များအရ  သိရှိရကြောင်း သတင်းရရှိသည်။
 
CDMA 800 MHz  ဖုန်းများတွင် ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ သုံးစွဲသူတစ်ဦးက အကြံပြုပြောကြားရာတွင် “ဖုန်းတွေက ဘီလ်စနစ်ကို  Prepaid Card စနစ်ကို သွားနေပြီဆိုတော့ MPT အနေနဲ့ Server ပိုင်း၊ Network ပိုင်းဆိုင်ရာတွေကို မှန်ကန် တိကျအောင် သေချာလုပ်ဖို့ လိုအပ်ပါတယ်။ ထိုကဲ့သို့ နေရာတွေမှာလည်း ကျွမ်းကျင်ဝန်ထမ်းတွေနဲ့  ၂၄ နာရီ စောင့်ကြည့် စစ်ဆေးတာမျိုးတွေ လိုအပ်လာပြီ ထင်ပါတယ်။ လူတိုင်းဖုန်း သုံးနိုင်ကြပေမယ့် လူတိုင်းဖုန်းဘီလ်ကို အမြဲပြန်စစ်နေတာ မဟုတ်ကြပါဘူး။ ဒီတော့ Server ကြောင့်ပဲ ဖြစ်ဖြစ် Network ကြောင့်ပဲ ဖြစ်ဖြစ်၊ စနစ်တစ်ခုခု မှားယွင်းပြီး အခုလိုမျိုး မလိုလားအပ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားလာတာမျိုးဆိုရင် ပြည်သူတွေအတွက် အရမ်းကို နစ်နာစေပါတယ်” ဟု ပြောကြားခဲ့သည်။

MSK

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account