Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 19, 2012

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အော်တိုတယ်လီဖုန်း (လိုင်းဖုန်း) များအား Prepaid စနစ်သို့ ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ်အား အသိပေးတင်ပြချက်


၁။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အနေဖြင့် ပြည်သူများ ဆက်သွယ်ပြောဆိုမှု၊ အဆင်ပြေ လွယ်ကူစေရေးအတွက်  အစဉ်စဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါသည်။
 
၂။ သို့ပါ၍ ၂၀၁၂ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှစတင်၍ (၀၁- ၂၃၀xxxx) နံပါတ်ဖြင့်စသော အော်တိုတယ်လီဖုန်း (လိုင်းဖုန်း) များကို Postpaid စနစ်မှ ကြိုတင်ငွေဖြည့်ကဒ် Prepaid စနစ်သို့ စတင်ပြောင်းလဲ တပ်ဆင်ပေးမည် ဖြစ်ပါသည်။

၃။ ကြိုတင်ငွေဖြည့်ကဒ် Prepaid စနစ်သို့ ပြောင်းလဲလိုသူများသည် လိုအပ်မည့် ပုံစံများကို အော်တိုတယ်လီဖုန်းရုံး၊ အမှတ် (၁၀၃)၊ လမ်း (၄၀)၊ ကျောက်တံတားမြို့နယ်တွင် အခမဲ့ရယူ၊ ဖြည့်သွင်း၊ ဆန္ဒပြုနိုင်ပါသည်။

၎။ ပြည်သူများ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်း ဖြစ်ပါသဖြင့်၊ မူရင်းဖုန်းနံပါတ်များ ပြောင်းလဲမည်မဟုတ်ကြောင်း အသိပေးအပ်ပါသည်။

၅။ တယ်လီဖုန်းတစ်လုံးသည် တစ်ကြိမ်သာ ပြောင်းလဲနိုင်ပါသည်။

၆။ Prepaid စနစ်သို့ ပြောင်းလဲလိုသည့် တယ်လီဖုန်းများသည် (၁.၃.၂၀၁၂) ရက်နေ့မှစတင်၍ ပြောင်းလဲနိုင်မည်ဖြစ်ပြီး မိမိတို့ ဖုန်းတွင် ငွေဖြည့်ကဒ် (Top-Up-Card) များဖြင့် ငွေဖြည့်သွင်း၍ အသုံးပြုရမည် ဖြစ်ပါသည်။

၇။ Prepaid စနစ်သို့ ပြောင်းလဲသည့် တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်းခေါ်ဆိုခများကို ယခင်စနစ်အတိုင်း ပေးချေရမည်ဖြစ်ပြီး၊ ကြိုတင်ငွေပေးသွင်းးထားသော တယ်လီဖုန်းများသည် Prepaid စနစ်သို့ မပြောင်းလဲမီအထိ ခေါ်ဆိုခများကို ပေးချေပြီးနောက်၊ ပိုငွေကျန်ရှိပါက ပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည် ဖြစ်ပါသည်။

၈။ ဌာနဆိုင်ရာနှင့် All in FE တယ်လီဖုန်းများသည် Postpaid စနစ်ဖြင့် ဆက်လက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၉။ Prepaid Top-Up-Card များကို အမှတ် (၁၀၃)၊ လမ်း (၄၀)၊ ကျောက်တံတားမြို့နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းရုံးနှင့် အမှတ် (၄၆၅/၄၆၉)၊ မဟာဗန္ဓုလလမ်း၊ ငွေစာရင်းရုံးတို့တွင် ဦးစွာရောင်းချပေးသွားမည်ဖြစ်ပြီး၊ တယ်လီဖုန်းအခွန်ငွေ လက်ခံသည် စခန်းများတွင်ပါ ရောင်းချပေးသွားမည် ဖြစ်ပါသည်။

၁၀။ အသေးစိတ် သိရှိလိုပါက Call Center ဖုန်းနံပါတ် (၁၈၇၆) သို့ ဆက်သွယ်၊ စုံစမ်း မေးမြန်းနိုင်ပါသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account