Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 19, 2012

နာမည်ကျော်များအတွက် တရားဝင် စာမျက်နှာများ သတ်မှတ်ပေးရန် Facebook စီစဉ်



Photo
Twitter ဝက်ဘ်ဆိုက်ကဲ့သို့ပင် နာမည်ကျော် Celebrity များကိုလည်း Facebook က စီစစ်ပြီး တရားဝင် Page များအဖြစ် သတ်မှတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။ Twitter တွင် လူသိထင်ရှား ပုဂ္ဂိုလ်များကို တရားဝင် Page များ ထောက်ခံ ဖော်ပြပေးထားသည့် Verified Celebrity Feature မျိုး ထည့်သွင်းပေးထားရာ ယင်းကို ယခုအခါ Facebook ကပါ လိုက်လံ ကျင့်သုံးရန် ရည်ရွယ်လာခြင်း ဖြစ်သည်။ Celebrity များကို အစိုးရထံ မှတ်ပုံတင်ထားသည့် အမည်ဖြင့်ပင် ဖော်ပြမည်ဖြစ်ပြီး ထင်ရှားသော အခြားအမည် (ဥပမာ လေဒီဂါဂါ) ရှိပါကလည်း ရှာဖွေရ လွယ်ကူစွာဖြင့် တွေ့ရှိရန် Facebook က စီစဉ်ပေးထားသည်။
 


ဂါဂါအနေဖြင့် သူမ၏ အမည်ရင်း စတက်ဖနီဂါမန်နိုတာဆိုသော အမည်ဖြင့်ရော၊ အနုပညာ အမည်ဖြင့်ပါ ပရိသတ်နှင့် ထိတွေ့နိုင်မည် ဖြစ်သည်။ Facebook သည် ဝက်ဘ်ဆိုက်အတွင်း Subscribe ပြုလုပ်ခြင်း အများအပြား ရရှိသူများကို Celebrity အဖြစ် ပြောင်းလဲပေးသွားမည်ဖြစ်ပြီး ယင်းကို ပြန်လည်၍ အတည်ပြုနိုင်ရန် ရည်ရွယ်ထားသည်။ Facebook သည် ဝက်ဘ်ဆိုက် သုံးစွဲသူများအား Subscribe ပြုလုပ်ပေးရမည့် Account များအတွက် (၂၀၁၁) ခုနှစ်ကတည်းက အကူအညီ တောင်းခံထားခဲ့သည်။

ဝက်ဘ်ဆိုက်၏ CEO ဖြစ်သူ မာ့ခ်ဇူကာဘာ့ဂ်အတွက် Subscribe ပြုလုပ်ပေးသူ (၁၁.၅) သန်းထိ ရှိနှင့်ပြီး ဖြစ်သည်။ Facebook ၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက “Subscribe Feature ကို အသေးစား Update လုပ်လိုက်တဲ့ သဘောပါ။ ပမာဏ အမြောက်အမြား Subscribe ပြုလုပ်ခံရသူတွေဟာ Celebrity စာရင်းမှာ ပါဝင်လာအောင် စီစဉ်ပေးထားပါတယ်” ဟု ရှင်းပြသွားသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account