Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Sunday, February 19, 2012

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM မိုဘိုင်းဖုန်း သုံးစွဲသူများအား လက်ရှိ Post Paid မှ Prepaid (ငွေဖြည့်ကဒ်) စနစ်ဖြင့် ပြောင်းလဲဝန်ဆောင်မှု ပေးမည့် အစီအစဉ်နှင့် ပတ်သက်၍ အသိပေးတင်ပြချက်

၁။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ပြောဆိုဆက်သွယ် နိုင်ရေးအတွက်  အစဉ်စဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါသည်။

၂။ GSM မိုဘိုင်းတယ်လီဖုန်းများကို ယခု Post Paid စနစ်ဖြင့် အသုံးပြုနေကြသော သုံးစွဲသူများခင်ဗျား Prepaid စနစ်သို့ ပြောင်းလဲအသုံးပြုလိုပါက မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပေးပို့ထားသော SMs မှ YES ကို ရိုက်နှိပ်၍လည်းကောင်း၊ နံပါတ် (၁၈၈၁၂) သို့ YES ဟု တိုက်ရိုက်နှိပ်၍လည်းကောင်း၊ (၁၅.၄.၂၀၁၂) ရက်နေ့ (၁၆ : ၀၀) နာရီအတွင်း အကြောင်းပြန်ရန် လိုအပ်ပါသည်။

၃။ Prepaid စနစ်သို့ ပြောင်းလဲရန် အဆိုပြုထားသည့် GSM မိုဘိုင်းတယ်လီဖုန်းများကို သက်ဆိုင်ရာ GSM အိတ်ချိန်းနယ်မြေအလိုက် (၁.၃.၂၀၁၂) ရက်နေ့တွင် ၀၉-၂၀xxxxx, ၀၉-၂၁xxxxx, ၀၉-၂၂xxxxx, ၀၉-၂၃xxxxx, ၀၉-၂၄xxxxx, ၀၉-၅၅xxxxx နံပါတ်များအားလည်းကောင်း၊ (၁.၅.၂၀၁၂) ရက်နေ့မှစ၍ ကျန်ရှိသည့် နံပါတ်များအားလည်းကောင်း အဆင့်ဆင့် Prepaid စနစ်သို့ စတင်ပြောင်းလဲ ဝန်ဆောင်မှုပေးမည် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် GSM တယ်လီဖုန်းသုံးစွဲသူများ၏ Prepaid စနစ်အဖြစ် ပြောင်းလဲဝန်ဆောင်ပေးမည့် တယ်လီဖုန်းများအား အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်မှု မပြတ်တောင်စေရေးအတွက် ၁၀၀၀ိ/- ကျပ် (ကျပ်တစ်ထောင်တိတိ) ကြိုတင်ဖြည့်တင်း ပေးထားမည်ဖြစ်ပြီး၊ ၎င်းအထဲမှ မိမိပြောဆိုသည့် မိနစ်အတိုင်း ကျသင့်သွားမည် ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် အဆိုပါ GSM ဖုန်းများကို ပြည်သူများ ဖုန်းပြောဆိုခ ပေးချေရမှု လွယ်ကူအဆင်ပြေစေရန် Prepaid စနစ်သို့ ပြောင်းလဲပေးခြင်းသာ ဖြစ်ပါသည်။ သုံးစွဲသူများ၏ ယခင်ဖုန်းနံပါတ်များ ပြောင်းလဲမည် မဟုတ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

၎။ Prepaid စနစ်သို့ ပြောင်းလဲဝန်ဆောင်မှု ရယူသည့် GSM မိုဘိုင်းတယ်လီဖုန်းများ အနေဖြင့် မိမိနောက်ဆုံး Post Paid အဖြစ် သုံးစွဲစဉ်ကာလအထိ ခေါ်ဆိုထားသည့် တယ်လီဖုန်း ခေါ်ဆိုခများကိုမူ ယခင်စနစ်များအတိုင်း ပေးချေရန် လိုအပ်ပါမည်။ ကြိုတင်ငွေပေးသွင်းထားသော GSM မိုဘိုင်းဖုန်းများသည် Prepaid စနစ်အဖြစ် ပြောင်းလဲဝန်ဆောင်မှု စတင်အသုံးပြုသည့်နေ့အထိ ပိုငွေရှိပါက ၎င်းပိုငွေကို Prepaid စနစ်သို့ ထည့်သွင်းဖြည့်တင်းပေးမည် ဖြစ်ပါသည်။

၅။ အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၁၈၇၆ (Call Center) သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

0 comments:

Post a Comment

သူငယ်ချင်း... ဒီပို့စ်လေးနဲ့ပတ်သက်ပြီးတော့ သူငယ်ချင်းရဲ့ အမြင်လေးကို ဖော်ပြပေးပါဦး။သူငယ်ချင်းရဲ့ comment တစ်ခုဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပါ။ဒါကြောင့် အမှတ်တရ စကားလေးတွေ ပြောပြီး အကြံဥာဏ် လေးတွေ ပေးခဲ့ပါဦးဗျာ။

သူငယ်ချင်း... မှတ်ချက်ပေးလိုပါက အကွက်ထဲ ရေးချင်တာ ရေးပြီး အရင်ဆုံး
WORD VERIFICATION မှ ကုဒ်နံပတ်များကို မှန်ကန်စွာ ရိုက်ထည့်ပါ။

Google အကွက်လေးကို နှိပ်ပါ။ Name/URL ရွေးနှိပ်ပါ။ ပြီးရင် Name မိမိနာမည်
URL နေရာလေးတွင် မိမိရဲ့ဆိုက်လိပ်စာ ဒါမှမဟုတ် (အီးမေး)ရေးပြီး Publish Your
Comment နေရာလေးကို နှိပ်ပါ။

စာဖတ်သူများ ရေးသားလာသော မှတ်ချက်များကို စီစစ်၍သာ လက်ခံ ဖော်ပြပေး
နေပါ၍ စာဖတ်သူများ ပေးလာသော မှတ်ချက် များကို ချက်ချင်းမြင်ရမည်
မဟုတ်ပါ။

ထို့ကြောင့် အတည်ပြုပြီးကြောင်းကိုတော့ နောက်ထပ်တစ်ကြိမ် ပြန်လည်လာရောက်ကြည့်ရှုဖို့တော့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတို့ကို ခင်မင်လေးစားလျက်.......
ရွှေမန်းသားလေးဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account