Member ၀င်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ...!!!

Friday, January 4, 2013

Shwemantarlay Apk (Update)

အရင်တစ်ခေါက်က တင်ပေးလိုက်တဲ့ Android Apk က ပထမဆုံးဆိုတော့ သိပ်အဆင်မပြေဘူးပေါ့ဗျာ...
အခုတော့ version မြင့်ပေးလိုက်ပါတယ်...
ကျေးဇူးပြုပြီး download လုပ်ပြီးတော့ reinstall ပြန်လုပ်ပေးလိုက်ပါဗျာ...
အဆင်ပြေသွားပါလိမ့်မယ်...

ရွှေမန်းသားလေး ဝေယံ version2.0 apk download

အားလုံးကို ခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

လေယာဉ်ပျံတစ်စင်းရဲ့ မှတ်တမ်းတင် ကိရိယာ Black-box


black-box ဆိုတာ ဘာလဲ?

လေယာဉ်မတော်တဆဖြစ်မှုများ ဒါမှမဟုတ် လေယာဉ်ပျက်ကျမှုများမှာ မှတ်တမ်းတင်နိုင်ဖို့အတွက် black-box ကိုသုံးပါတယ်… black-box မှာ အဓိက အစိတ်အပိုင်းနှစ်မျိုးပါပါတယ်… ပထမ တစ်ခုကတော့ Flight Data Recorder (FDR)လို့ခေါ်တဲ့ ပျံသန်းမှု အချက်အလက်များကိုမှတ်သားပေးနိုင်တဲ့recorder ပါ… နောက်တစ်ခုကတော့Cockpit Voice Recorder (CVR) လို့ခေါ်ပါတယ်…ဒါကတော့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ကြတဲ့လေယာဉ်မှုးနဲ့တကွအခြား အမှုထမ်းများရဲ့ စကားပြော ဆက်သွယ်မှုများကို မှတ်သားပေးတဲ့recorderပေါ့…

အဆီပါသော အစားအစာများက ဦးနှောက်ကို ပျက်စီးစေနိုင်


ပြည့်ဝဆီ ကြွယ်ဝစွာ ပါဝင်သော အစားအစာ များက ဦးနှောက် အတွင်းရှိ လူတစ်ယောက်၏ အစာစားချင် စိတ်ကို ထိန်းညှိပေးသော နေရာအား ပျက်စီးစေနိုင်ကြောင်း လေ့လာမှု တစ်ခုမှ တွေ့ရှိ ထားပါတယ်။

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ


ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်ပူနေပြီဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

ဆံသားပျက်စီးမှု ဖြစ်စေသော အပြုအမူများ


မကြာခဏခေါင်းလျှော်ခြင်း

တစ်ကိုယ်ရေ သန့်ရှင်းမှု အတွက် ပုံမှန်ခေါင်း လျှော်တာက သင့်ဦးရေပြား ပေါ်က အညစ်အကြေးတွေနဲ့ ချွေးတွေကို သန့်စင်စေနိုင်ပေမယ့် တစ်နေ့တည်းမှာ နှစ်ကြိမ်လောက် ခေါင်းလျှော် တာမျိုးနဲ့ မကြာခဏဆိုသလို ခေါင်းလျှော် ရည်တွေနဲ့ ခေါင်းလျှော်နေ တာကြောင့် သင့်ဦးရေပြား ခြောက်သွေ့ စေပြီး သဘာဝအဆီတွေကို ခန်းခြောက် စေနိုင် ပါတယ်။ ဦးရေပြား ခြောက်သွေ့တာကြောင့် ဗောက်ထ စေနိုင်ပါသေးတယ်။ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ် လောက်သာ ပုံမှန် ခေါင်းလျှော်ပါ။

ဗုဒ္ဓဘာသာ သမိုင်းအကျဉ်း


ဗုဒ္ဒဘာသာဝင်တိုင်းသိထားသင့်တယ်ထင်လို့ဗဟုသုအနေနဲ့တင်ပေးလိုက်ပါတယ်


ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့) ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ ရေးသား ပူဇော်လိုက်ပါသည်။

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊ ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။

ကိုရီးယား မင်းသမီး၏ ငှက်ပျောသီး သုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း

ကိုယ်အလေးချိန် များလာတဲ့အခါ တခြား သူတွေက သင့်ခန္ဓာကိုယ် အနေအထားနဲ့ ပတ်သက်ပြီး စိတ်အလိုမကျတဲ့ အတွေးတွေ ဝင်လာ နိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်း လုပ်ပြီး
အစားအသောက်ကို လျှော့ချ ချင်ပေမယ့် ဒီလို လိုက်နာဖို့ ခက်ခဲ နေကြပါတယ်။ ဒါကြောင့် ကိုရီးယား မင်းသမီးတွေရဲ့ ငှက်ပျောသီးနဲ့ ကိုယ်အလေးချိန် လျှော့ချနည်းကို ဖော်ပြ ပေးလိုက်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေ ဖျက်တဲ့ ဖြစ်စဉ်ကို ကောင်းမွန် စေပြီး ကိုယ်အလေးချိန်ကို လျှော့ချ ပေးကြောင်း သီအိုရီ တစ်ခု အရ သိရပါတယ်။ တခြား သီအိုရီ တစ်ခုအရ ငှက်ပျောသီးက ကြာကြာ ဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်း စေတယ်လို့ ဆိုပါတယ်။

ချစ်သူခြင်း လက်ထပ်ခွင့်ရလျှင် အသက်ရှည်ရှည် နေရနိုင်


ပျော်ရွှင် ချမ်းမြေ့သော အိမ်ထောင် တစ်ခုသည် စိတ်ဖိစီးမှု ကင်းဝေးပြီး ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်း ယခင် ကတည်းက သတ်မှတ် ထားကြသည်။

သို့သော် ယခုနောက်ဆုံး တွေ့ရှိမှုများအရ ပျော်ရွှင်မှု အပြည့်နှင့် လက်ထပ်ခွင့် ရခြင်းသည် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ စေရုံမျှမက လူ၏ သက်တမ်းကိုပါ ဆွဲဆန့် နိုင်ကြောင်း သိရှိရသည်။

ကမ်းခြေခရီးက သင့်ကျန်းမာရေးကို ပိုမို ကောင်းမွန်စေနိုင်


ပင်လယ် ကမ်းခြေ အနီး နေထိုင် သူတွေက ကုန်းမြေပေါ် မှာ နေထိုင်သူ တွေထက် ကျန်းမာရေး ပိုမိုကောင်းမွန် ကြကြောင်း ဗြိတိန် လေ့လာမှု အသစ် တစ်ခုက ဆိုပါတယ်။

ဒီအကျိုး သက်ရောက်မှုရဲ့ အကြောင်းရင်းကို တိတိကျကျ မသိနိုင်သေးပေမယ့် ပင်လယ် ကမ်းခြေ အနီးမှာ နေထိုင် ရတာကြောင့် လေကောင်း လေသန့်ရရှိတာ၊ စိတ်ဖိစီးမှု အဆင့် လျော့နည်းတာ၊ ကိုယ်လက် လှုပ်ရှားမှုက လုပ်ဆောင်ဖြစ်တာ စတဲ့ ကျန်းမာရေး ကောင်းမွန်စေတဲ့ အခွင့်အလမ်းကောင်း တွေကို ရရှိစေတယ်လို့ လေ့လာသူတွေ က ယုံကြည် ကြပါတယ်။

ညည့်နက်ချိန် ဖုန်း အသုံးပြုသော ဆယ်ကျော်သက်များ

 
ညအိပ်ရာ ဝင်ချိန် နောက်ပိုင်းတွင် လက်ကိုင်ဖုန်း အသုံးပြုသော ဆယ်ကျော်သက် များဟာ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာများ ဖြစ်ပွားနိုင်ခြေ များပြား ကြတယ်လို့ ဂျပန် သုတေသီများက တွေ့ရှိ ခဲ့ကြပါ တယ်။

အိပ်ရာ ဝင်ပြီးနောက်မှာမှ လက်ကိုင်ဖုန်း အသုံးပြုပြီး ဂိမ်းဆော့ခြင်း၊ အင်တာနက် ကြည့်ခြင်း၊ မက်ဆေ့ခ်ျ ပို့ခြင်း၊ ဖုန်းပြောခြင်း တို့ကို ပြုလုပ်သော ဆယ်ကျော်သက် များဟာ အိပ်ရေးပျက် သည့်အပြင် စိတ်ကျန်းမာရေး ထိခိုက်ပြီး မိမိကိုယ်ကို သတ်သေသည့် အတွေးများ ဖြစ်ပေါ် လာနိုင်ခြေ များကြပါတယ်။

အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ


အသက် ၁၀၀ နေဖို့ဆိုတာထက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာ မာ နေနိုင်ဖို့အတွက် ပုံမှန် စားသုံးနေရမယ့် အစားအစာများ ဖြစ်ပြီး အောက် ပါ အတိုင်း ဖော်ပြလိုက်ရပါတယ်။

Don't skimp on vegetables

အသီးအရွက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ တစ်ရက်ကို အသီးနဲ့ အရွက် ငါးမျိုးလောက် စားသင့်တယ်လို့ တိုက်တွန်းပါတယ်။ ငါးမျိုးဆိုတာထက် အစိမ်းရောင် ဟင်းသီး၊ဟင်းရွက်ကို များများစားဖို့ ဆိုလိုရင်း ဖြစ်ပြီး အသည်း၊ နှလုံး၊ ကင်ဆာနဲ့ ဆက်စပ်ရောဂါများ မဖြစ်အောင် အဓိက ကာကွယ် တားဆီးပေးတဲ့ အစားအစာ ဖြစ်ပါတယ်။

တိရစ္ဆာန်မိုး (Raining Animals)


တိရစ္ဆာန်မိုး (Raning Animals) ဆိုတာ တိရစ္ဆာန်များ မိုးကဲ့သို့ ရွာသွန်းခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့အနှံ့မှာ ဖြစ်တတ်ပါတယ်။ အများစုကတော့ ဖား၊ ငါး ၊ တီကောင်များ ဖြစ်ပြီး ငှက်မိုလးည်း ရွာတတ်ပါတယ်။ ပြင်းထန်တဲ့ လေမုန်တိုင်းဟာ ရေထဲမှ ငါးများ၊ ဖားများ၊ အကောင်များကို မိုးပေါ်သယ်ဆောင်ပြီး မိုးကဲ့သို့ အခြား တစ်နေရာမှာ ပြန်လည် ရွာသွန်းခြင်း ဖြစ်ပါတယ်။

သတိပေးဆေးရေးပန်းချီများ လမ်းမများထက်တွင်ရေးဆွဲလာ


မန္တလေး၊ဇန်န၀ါရီ၁

မန္တလေးမြို့၏အဓိကလမ်းမကြီး တချို့၌ မော်တော်ဆိုင်ကယ်များ လမ်းလယ်တွင်မစီးရန် ဆေးရေး ပန်းချီပုံများဖြင့်လမ်းမပေါ်၌ သတိပေးကြေညာ ရေးဆွဲထားသည်ကို တွေ့ရသည်။

အသဲပုံ ကျွန်း ( Heart Shpaed Island)


Tavarua လို့အမည်ရတဲ့ ကျွန်းဖြစ်ပြီး နယူးဇီလန်နိုင်ငံ မြောက်ပိုင်း မိုင် ၁၀၀၀ ကျော်အကွာ ပစိဖိတ် သမုဒ္ဒရာအတွင်းက ဖီဂျီနိုင်ငံမှာ တည်ရှိ တာ ဖြစ်ပါတယ်။

ဖီဂျီနိုင်ငံ ပင်မ ကျွန်းနဲ့ သိပ်မဝေးတဲ့ ရေမိုင် တစ်နေရာမှာ သီးသန့်တည် ရှိနေပြီး အလိုလိုနေရင်းကို အသဲပုံ ပုံစံ ထွက်နေတဲ့ ကျွန်း ဖြစ်ပါတယ်။ သဘာဝအတိုင်းက အသဲပုံ လိုဖြစ်နေတဲ့အတွက် Heart Shaped Island လို့အမည်ပေးထားပါတယ်။

ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်


ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ ~

ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ် / download ဆွဲချင်သူများ -

ဒီမှာ နှိပ်ပါ http://www.mediafire.com/?s0nt69m6ko8ek7s

(ကျေးဇူးတင်ပါတယ်)

ကြက်ဥအစိမ်း ၂၈ လုံး ဖောက်သောက်သည့် လူငယ်တစ်ဦး သေဆုံး


အာလုံးသတိပြုမိကြဖို့ပြန်ရှဲပေးလိုက်ပါတယ်

ကြက်ဥ အစိမ်း ၂၈ လုံးကို တစ်ပြိုင်နက်တည်း ဖောက်သောက်ပြီး လက်စွမ်းပြတဲ့ တူနီရှားမှ အသက် ၂၀ လူငယ် Dhaou Fatnassi ဟာ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ထမင်း စားပြီးလျှင် ရှောင်ကြဉ် သင့်သည့် အချက်များ


မြန်မာ လူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် စားနေကြသည် ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိ ရှိစေရန် ဖော်ပြ လိုက်ရ ပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

 
နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

မျဉ်းကျားပေါ်မှာ စဉ်းစားဖော်ရှာ


ဒေါက်တာဝင်းအောင် (U.K)

ကျွန်တော်သည် U.K မှ အမိမြေသို့ ပြန်လာတိုင်း နံနက်ခင်းတွင် အင်းလျားကန်ဘောင်ပေါ် လမ်းလျှောက် ပါသည်။ နေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်းသစ် ဘက်မှ ကမ္ဘာအေးဘုရားလမ်းမကြီးကို လူကူးမျဉ်းကျားပေါ်မှဖြတ်ပြီး အင်းလျား ကန်ဘောင်ပေါ်သို့ တက်ပါသည်။

Tuesday, January 1, 2013

၂၀၁၃-ခု၊ ဇန်န၀ါရီလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်ခြင်းတွေရရှိကြပါစေ...
 
တနင်္ဂနွေသားသမီးများအတွက်

ဒီလအတွင်းမှာ တအားပင်ပန်းမယ်။ စိတ်မောလူမောတွေ ဖြစ်ရမယ်။ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်ပါတယ်။ စိတ်တိုင်းမကျစရာတွေများနေမယ်။ တတ်နိုင်သမျှ စိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ အလုပ်တွေကို သက်တောင့်သက်သာလေး လုပ်သွားသင့်တဲ့ အချိန်ဖြစ်ပါတယ်။

Happy New Year 2013!


ချစ်ခင်လေးစားရပါသော ပရိသတ်ကြီးရေ...
၂၀၁၂ကုန်ဆုံးလို့ ၂၀၁၃ခုနှစ်ကိုရောက်ရှိလို့လာပါပြီ...
၂၀၁၂မှာ ၀မ်းနည်းမှု၊ကြေကွဲမှုအစုံစုံကို ထားရှိခဲ့ကာ ၂၀၁၃နှစ်သစ်မှာ ငြိမ်းချမ်းစွာ ပျော်ရွှင်နိုင်ကြပါစေလို့
ကျွန်တော် ရွှေမန်းသား ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်ဗျာ...
ကျွန်တော့်အပေါ် ချစ်ခင်ကြတဲ့ ပရိသတ်ကြီးလည်း ကျွန်တော်နဲ့ထပ်တူစွာ ရင်ခုန်ပျော်မြူးရင်းနှစ်သစ်ကို ကြိုဆိုလိုက်ကြပါစို့...

H a p p y  N e w  Y e a r  2 0 1 3 ! ! !

အားလုံးကိုခင်မင်လေးစားလျက်...
နှစ်သစ်မှာ ပျော်ရွှင်ကြပါစေသား။။။။
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)
ဖုန်း 09-910 42 825.

Sunday, December 30, 2012

၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများစာရင်း

ပရိသတ်ကြီးရေ...
တစ်နှစ်တစ်ကြိမ် ရင်ခုန်စရာကောင်းလှတဲ့ အကယ်ဒမီပေးပွဲကြီးကတော့ ရောက်ရှိလို့လာပါပြီ... ဒီနှစ်မှာ ကျင်းပပြုလုပ်တဲ့ အကယ်ဒမီပေးပွဲမှာ ဆုရရှိတဲ့သူများကို စာရင်းပြုစုတင်ဆက်ပေးလိုက်ပါတယ်ဗျာ....

>>၂၀၁၁ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ရရှိသူများစာရင်း<<

Saturday, December 29, 2012

ဒီတစ်ပတ်ထုတ် ဂျာနယ်များ စုစည်းမှု 29/12


ဒီတစ်ပတ်အတွင်းထွက်ရှိလာတဲ့ ဂျာနယ်များကို စုစည်းပြီးတင်ပေးလိုက်ပါတယ်...

မိမိလိုချင်တဲ့ဂျာနယ် ရွေးချယ် ဒေါင်းနိုင်ပါတယ်ဗျာ....

The Myanmar Independent No 33
http://www.myanmarij.com/wp-content/uploads/2012/12/Myanmar-Independent-News-Journal_33.zip

The Voice Weekly Vol 8 No 52 download

အခုတလော အလုပ်ကနည်းနည်းရှုပ်နေတာရော လိုင်းတွေကမကောင်းတာရော ပေါင်းပြီး ပိုစ့်အသစ်တွေ မတင်ဖြစ်ဘူးဗျာ....
ဒီနေ့လည်း စိတ်ကူးပေါက်လို့သုံးကြည့်တာ လိုင်းကောင်းနေလို့ ယခုထွက်တဲ့ဂျာနယ် တင်ပေးလိုက်ပါတယ်...

Thursday, December 20, 2012

ရွှေမန်းသားလေးဆိုက်ကို Online/Offline ဖတ်ရှုနိုင်မယ့် apk

ကဲ....
ဒီတစ်ခေါက်ကတော့ အဆင်ပြေသွားပါပြီဗျာ..
ကျွန်တော် အရမ်းကို လိုချင်နေမိတာပါ. ကျွန်တော့်ရဲ့ဆိုက်က ပိုစ့်တွေကို Android ဖုန်းတွေပေါ်မှာ online/offline ဖတ်လို့ရအောင် ပြုလုပ်ပေးချင်နေတာပါ..
အခုတော့ အဆင်ပြေသွားပါပြီဗျာ...
ပြောနေတာ ကြာပါတယ်ဗျာ... တစ်ခါတည်းအောက်ကလင့်တွေမှာ သွားဒေါင်းပြီးတော့ စမ်းသုံးကြည့်လိုက်တော့ဗျာ..

Link 1>>> http://filecloud.io/9ntfodi5
Link 2>>> http://www47.zippyshare.com/v/35994382/file.html
 
ကြိုက်ရာလင့်မှ ဒေါင်းနိုင်ပါသည်...

အားလုံးကို ခင်မင်လေးစားလျက်...
ရွှေမန်းသားလေး ဝေယံ (နည်းပညာ)

Related Posts Plugin for WordPress, Blogger...

My Account